Wednesday, June 26, 2019

ဆော်ဒီနှင့် တောင်ကိုရီးယားကြား ရင်းနှီးမြှုပ်နှံရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

ဆော်ဒီအာရေဗျ အထွေထွေ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (SAGIA) နဲ့ တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူတွေကြား နားလည်မှုစာချွန်လွှာ ၁၄ ရပ်နဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ SAGIA က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဇွန်လ ၂၆ ရက်က ကြေညာပါတယ်။ ဘဏ္ဍာရေး၊ မီဒီယာ၊ ကုန်ထုတ်လုပ်ငန်း၊ ရေနံဓာတုနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ အပါအဝင် ကျယ်ပြန့်တဲ့ကဏ္ဍတွေမှာ သဘောတူညီချက်တွေ ရခဲ့တာလို့ SAGIA ရဲ့ ရင်းနှီးမြှုပ်နှံသူ ဆွဲဆောင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဒု-အုပ်ချုပ်ရေးမှူး စူလ်တန် မိုဖတီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။



တောင်ကိုရီးယား စီးပွားရေးကုမ္ပဏီ အတော်များများကို စီးပွားရေးလုပ်ခွင့် လိုင်စင်အသစ်တွေ ထုတ်ပေးတာကိုလည်း သူက ကြေညာပါတယ်။ ဒီနိုင်ငံတွေဟာ ဆော်ဒီမှာ စီးပွားရေးလုပ်ငန်းတွေ အခြေချလုပ်ကိုင်ခွင့် ရပါတယ်။ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဒ် ဘင်ဆယ်လ်မန်ဟာ နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ တောင်ကိုရီးယားကို လာရောက်လည်ပတ်ချိန်မှာ ခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment