Wednesday, June 26, 2019

အမေရိကန်နှင့် ဆွီဒင်အသင်း အမျိုးသမီးကမ္ဘာ့ဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်

အသင်းခေါင်းဆောင် ရာပီ နို၏ ပင်နယ်တီနှစ်လုံးနှင့်အတူ စပိန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး နောက် လက်ရှိ ချန်ပီယံ အမေရိ ကန်သည် ကွာတားဖိုင်နယ်တွင် အိမ်ရှင်ပြင်သစ်အသင်းနှင့် ရင် ဆိုင်မည်ဖြစ်သည်။ ဗိုလ်စွဲရန် ရေပန်းစားအသင်းများတွင် ပါဝင်သော ကမ္ဘာ့အဆင့် (၁) အမေရိကန်သည် စပိန်အ သင်း၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပြီး အငြင်းပွားဖွယ်ဆုံးဖြတ်ချက် ဖြင့်ရရှိသော ပင်နယ်တီကြောင့် အနိုင်ရခဲ့သည်။



စပိန်အသင်းသည် ကမ္ဘာ့ ဖလားတွင် ဒုတိယအကြိမ် ဝင် ရောက်ကစားပြီး ရှုံးထွက်အဆင့် သို့ ပထမအကြိမ် တက်ရောက် ခြင်းဖြစ်သော်လည်း ကမ္ဘာ့ဖလား သုံးကြိမ်ရ အမေရိကန်ကို ခြေရည်တူကစားနိုင်ခဲ့သည်။

‘‘စပိန်ဟာ သိပ်ကောင်းမွန် တဲ့အသင်းပါ။ ဒါက တကယ့်ကို အလှည့်အပြောင်းအများကြီးရှိတဲ့ ပွဲဖြစ်ပြီး ဒီနှစ်(၁၆)သင်းအဆင့်မှာ အကြိတ်အနယ်အဖြစ်ဆုံးပွဲ ဖြစ် လောက်တယ်’’ဟု အမေရိကန် နည်းပြ အယ်လ်လစ်က ပြော သည်။

‘‘ကျွန်တော်တို့ စွမ်းဆောင် ပြနိုင်တာကြောင့် အလွန်ဂုဏ်ယူ သင့်တယ်လို့ ခံစားမိပါတယ်။ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်မှာ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံး အသင်းနဲ့ ဆတူပါပဲ’’ ဟု စပိန် နည်းပြ ဂျော့ဗီလ်ဒါက ပြော သည်။

အခြားပွဲစဉ်တွင် ဆွီဒင်က ကနေဒါကို ခက်ခက်ခဲခဲကစားပြီး ၁-၀ ဂိုးဖြင့် အနိုင်ရကာ ကွာတား ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

‘‘ကစားသမားတွေကို ကျွန် တော် ဂုဏ်ယူပါတယ်’’ဟု ဆွီဒင် နည်းပြ ပီတာဂါဟက်ဒ်ဆင်က ပြောကြားပြီး ဆွီဒင်သည် ကွာတားဖိုင်နယ်တွင် ၂၀၀၃ ဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့သည့် ဂျာမနီနှင့် ကစား မည်ဖြစ်သည်။

ထိုအတောအတွင်း အီဂျစ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသော အာဖရိကနိုင်ငံ များဖလားတွင် အိုင်ဗရီကို့စ်က တောင်အာဖရိကကို ၁-၀ ဂိုး၊ မာလီက မော်ရစ်တေးနီးယားကို ၄-၁ ဂိုးဖြင့် အနိုင်ရပြီး တူနီးရှား နှင့် အန်ဂိုလာ တစ်ဂိုးစီ သရေကျ ခဲ့သည်။

No comments:

Post a Comment