Friday, June 14, 2019

ဟိုတယ်နှင့် ခရီးသွားဆိုင်ရာလုပ်ငန်းများ ပြည်တွင်း၌ ကျပ်ငွေဖြင့်သာ ငွေပေးချေရန် ထုတ်ပြန်

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့်   လေကြောင်းလိုင်းများ အနေဖြင့်  ပြည်တွင်း၌ ငွေပေးချေရာတွင် နိုင်ငံခြားငွေဖြင့် မပြုလုပ်ဘဲ မြန်မာကျပ်ငွေဖြင့်သာ ပြုလုပ်ရန်နှင့် လိုအပ်ပါက လိုင်စင်ရယူ၍ငွေလဲကောင်တာများထားရှိရန်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်တွင်သတင်းထုတ်ပြန်သည်။ ‘‘အဓိကကတော့ ပြည်တွင်း မှာ ငွေပေးချေတဲ့အခါ ဒေါ်လာ တွေနဲ့ မသုံးဘဲနဲ့ မြန်မာငွေနဲ့သုံး ဖို့၊ ငွေလဲကောင်တာ (Money Changer) တွေ လုပ်မယ်ဆိုရင် လည်း လိုင်စင်တွေ ယူထားဖို့ အဲ ဒါတွေကို လုပ်ငန်းရှင်တွေသိရှိစေ ဖို့ ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဝင်းက ပြောသည်။



မြန်မာနိုင်ငံအတွင်း နိုင်ငံ ခြားငွေ   အလွန်အကျွံသုံးစွဲခြင်းရှောင်ရှားနိုင်ရန် ပြည်တွင်းငွေပေးချေမှုကို မြန်မာကျပ်ငွေဖြင့် သာ ဆောင်ရွက်ရန် အကြောင်း ကြားစာ ပေးဖို့ထားပြီးဖြစ်သော် လည်း ဟိုတယ်၊ ခရီးသွားလုပ်ငန်း များနှင့် လေကြောင်းလိုင်းအချို့ သည် နိုင်ငံခြားငွေဖြင့်သာ လုပ်ငန်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်မှ အကြောင်းကြားစာပေးဖို့လာသဖြင့် အသိပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ဟိုတယ်လုပ် ငန်းများအသင်း တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဦးမင်းကျော် ဦးက ‘‘နိုင်ငံခြားငွေကြေးတည်ငြိမ် ရေးအတွက် သွားတဲ့ဟာပါ။ ပြည် တွင်းမှာ ငွေပေးချေမှုတွေကို နိုင် ငံခြားငွေနဲ့ပဲ ချေနေရင် နိုင်ငံခြား ငွေလိုအပ်ချက်က ပိုများမှာပေါ့။ အဓိကတော့ အဲဒါတွေ ရည်ရွယ်တာ ဖြစ်ပါတယ်။ ငွေလဲ ကောင်တာတွေထားဖို့ကတော့ အစိုးရသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းထားရမှာ ပါ။ ငွေလဲကောင်တာ ရှိရင်တော့  တရားဝင်ဖြစ်သွားတာပေါ့။ ဥပ ဒေလည်း လိုက်နာပြီးသား ဖြစ် သွားတာပေါ့’’ဟု ပြောသည်။

ဟိုတယ်၊ ခရီးသွားလုပ်ငန်း များနှင့် လေကြောင်းလိုင်းများ သည် နိုင်ငံခြားငွေဖြင့် လုပ်ငန်း များဆောင်ရွက်ရာတွင် နိုင်ငံခြား သုံးငွေ  စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ နိုင်ငံခြားသုံးငွေများ ၀ယ်ယူ ရောင်းချလဲလှယ်ပေးခွင့် လိုင်စင် (Money Changer License) ရယူလျှောက်ထားရန်နှင့် ပြည် တွင်း ငွေပေးချေမှုများအတွက် နိုင်ငံခြားငွေ (ကန်ဒေါ်လာ)ဖြင့် တန်ဖိုးသတ်မှတ်ခြင်း၊ ဈေးနှုန်း ဖော်ပြခြင်းနှင့် ပေးချေခြင်းမပြုရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသက် လွင်တိုးက ‘‘အဓိကတော့ ထိုင်း တို့၊ ကိုရီးယားတို့မှာ လုပ်သလို ပေါ့။ ဒေါ်လာကို သိပ်မသုံးဘူး။ ပြည်တွင်းကျပ်ငွေကိုပဲ သုံးတဲ့အ တွက် ဒေါ်လာဈေးကို ထိန်းနိုင် မလားဆိုတဲ့ အချက်ပေါ့။ နောက် တစ်ခုက လက်ရှိလည်း ဗဟိုဘဏ်ရဲ့ ဥပဒေအရ နိုင်ငံခြားငွေတွေ ကို Money Changer License ရှိမှပဲ လုပ်ရမယ်ဆိုတော့ နည်း နည်းထိန်းချုပ်လိုက်တဲ့ သဘော ပါပဲ’’ ဟု ပြောသည်။

No comments:

Post a Comment