Friday, June 14, 2019

ကျောက်တန်းရွာဖြစ်စဉ်မျိုး နောင်မကြုံရန် သက်ဆိုင်သူများ ဂရုပြုသင့်ဟု လူ့အခွင့်အရေးကော်မရှင်အကြံပြု

 ကျောက်တန်းရွာဖြစ်စဉ် ကဲ့သို့ဖြစ်ရပ်များ နောက်ထပ်မဖြစ်စေရန် သက်ဆိုင်သူများအနေဖြင့် ဂရုပြုသင့်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသူ၊ ရွာသားများအကြား အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်သင့်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည်။  ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့်ပတ်သက်၍မသင်္ကာဟု ဆိုကာ ရခိုင်ပြည်နယ် ရသေ့ တောင်မြို့နယ် ကျောက်တန်း ကျေးရွာစာသင်ကျောင်း၌ အမျိုး သား ၂၇၅ ဦးကို ထိန်းသိမ်းစစ် ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး ခြောက်ဦးသေဆုံးကာ ရှစ်ဦးဒဏ် ရာရရှိခဲ့သည်။



ထိုဖြစ်စဉ်နှင့် လူ့အခွင့်အ ရေးကော်မရှင်က ကျောက်တန်း ရွာသားများ၊ တပ်မတော်သား များ၊ သေဆုံးသူများ၏ မိသားစု ၀င်များနှင့် တွေ့ဆုံးမေးမြန်းခဲ့ပြီး တွေ့ရှိချက်များနှင့် ပတ်သက်၍ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။

‘‘တပ်ကလည်း ရွာသာေးတွ ကို သံသယတွေဖြစ်၊ ရွာသားတွေ ကလည်း သံသယတွေဖြစ် အဲဒီ လိုမျိုးတွေမဖြစ်အောင်တော့ အ ချင်းချင်းယုံကြည်မှုတွေ တည် ဆောက်ဖို့ လိုတာပေါ့နော်။ နှစ် ဖက်လက်နက်ကိုင်အဖွဲ့အစည်း ကတော့တတ်နိုင်သရွေ့ ပြည်သူ လူထုကို ထိခိုက်မှုကင်းအောင်  ဆောင်ရွက်ကြဖို့ အကြံပြုပါ တယ်’’ဟု လူ့အခွင့်အရေးကော် မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးယု လွင်အောင်က ပြောသည်။

 ထိန်းသိမ်းထားသူများအ နက် ရွာသားတစ်ဦးထွက်ပြေးရန် ကြိုးစားသဖြင့်အပေါ်သို့ ပစ်ခတ် ခဲ့ပြီး ထိုသို့ပစ်ခတ်စဉ် ထိန်းသိမ်း ထားသူများအနက် စိတ်မနှံ့သူ တစ်ဦးက အော်ဟစ်သဖြင့် ရုတ် ရုတ်သဲသဲဖြစ်ပြီး လုံခြုံရေးတာဝန် ကျသူများက ပစ်ခတ်မှုစတင်ခဲ့ ခြင်းဖြစ်ကြာင်း ၎င်းကရှင်းပြသည်။

 ‘‘ထိန်းထားတဲ့ လူတစ် ယောက်က အပေါ့အပါးသွားသ လိုနဲ့ အုတ်တံတိုင်းကျော်ပြီးထွက် ပြေးတာပေါ့။ အပေါ့သွားပြီးထွက် ပြေးတာပေါ့။ ကင်းသမားက လည်း မပြေးနဲ့၊ မပြေးနဲ့ဆိုပြီး အ ပေါ်ကိုပစ်တာပေါ့။ ပြေးတဲ့သူက လည်း ရိုးရိုးမပြေးဘဲနဲ့ ပြေးကြ ဟေ့၊ ပြေးကြဟေ့ဆိုပြီး အော်ပြီး ပြေးတာပေါ့။ သေနတ်သံလည်း ကြားတော့ အထဲမှာရှိနေတဲ့ စိတ် မနှံ့တဲ့သူကလည်း ပြေးကြ၊ ပြေး ကြဆိုပြီးထအော်တာပေါ့။ ရွာ သားတွေက လန့်ပြီးတော့ ထပြေး ကြတယ်’’ ဟု ဦးယုလွင်အောင်က ဆိုသည်။

ထိုသို့ စတင်ခဲ့သော ပစ်ခတ် မှုကြောင့် အရပ်သားခြောက်ဦး သေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ သည်။ နောင်တွင်ယင်းကဲ့သို့သော ဖြစ်စဉ်များ မဖြစ်ပွားစေရန် ဆင် ခြင်သင့်ကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သက် ဆိုင်ရာတာဝန်ရှိသူများအားတိုက် တွန်းသည်။

‘‘ဒါမျိုးမဖြစ်အောင်ကတော့  လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ဒါလေးကို ဆင်ဆင်ခြင် ခြင်လုပ်ဖို့ပေါ့နော်။ စစ်ဆေးမယ် ဆိုလည်း လုံလုံခြုံခြုံလေးထားပြီး စစ်ဆေးမယ်ဆိုရင် ပြေးတာ၊လွှား တာလည်း မဖြစ်ဘူးပေါ့။ စိတ်မနှံ့တာတွေ ပါလာတယ်ဆိုတာလည်း တကမ်းတမ်းကျတော့ မဖြစ်သင့်တဲ့ကိစ္စပေါ့’’ဟု ဦးယုလွင်အောင်က ဆိုသည်။

 ကျောက်တန်းရွာစာသင် ကျောင်း၌ စစ်ဆေးနေချိန်သည် လမိုက်ညဖြစ်ပြီး ကျောင်းအတွင်း မီးလည်း မရှိကြောင်း၊ ထိုသို့သော အကြောင်းရင်းများက မမျှော်လင့် သည့် အကြောင်းအရာများကို ဖြစ်စေကြောင်း ၎င်းက ဆိုသည်။

ကျောက်တန်းရွာ၌ ဖြစ်ပွား ခဲ့သော ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ် သက်၍ တပ်မတော်သားများအ နေဖြင့် သတ်မှတ်ဥပဒေများလိုက် နာမှုရှိ၊မရှိ စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း၊ ကျူးလွန်ပါ က အရေးယူမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ပြောကြားထားသည်။  ထိုဖြစ်စဉ်နှင့်ပတ်သက်၍  ရခိုင်ပြည်နယ် လွှတ်တော်က လည်း စုံစမ်းနေသည်။

No comments:

Post a Comment