Friday, June 14, 2019

ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ဟန်ဆောင်မှုများလားဟု ပြန်သုံးသပ်ရန် ဦးခင်ဇော်ဦးပြော မူအသေဆုပ်ကိုင်ဆွေးနွေးမှုကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဆုံမှတ်ရှာမရဟု တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ်ပြော

ငြိမ်းချမ်းရေးဆွေးနွေး မှုများသည် ဟန်ဆောင်မှုများ လားဟု ပြန်သုံးသပ်သင့်ကြောင်း  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစိုးရအ စုအဖွဲ့ကိုယ်စားလှယ် ဦးခင်ဇော် ဦးကမေးခွန်းထုတ်သည်။ြ ပည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့၏   အလွတ်သဘောအစည်းအဝေး ကို ဇွန်လ ၁၃ ရက်ကစ၍ ရန်ကုန် မြို့ ရွှေလီလမ်းရှိအမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) တွင်ပြု လုပ်ခဲ့သည်။ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုစေ့စပ်ညှိနှိုင်းမှုအပိုင်း တွင်အဓိကအရေးကြီးဆုံးအချက် က ယုံကြည်မှုတည်ဆောက်ရေး  ဖြစ်ကြောင်းနှင့် ဟန်ဆောင်ယဉ် ကျေးမှုများဖြင့် မည်သည့်စေ့စပ်  ညှိနှိုင်းမှုမျှ လုပ်ဆောင်နိုင်မည် မ ဟုတ်ကြောင်း ၎င်းကအဖွင့်အမှာ စကားတွင် ထည့်သွင်းပြောသည်။



‘‘မည်သည့်စေ့စပ်ညှိနှိုင်းမှု မျိုးမှာမဆို တစ်ဖက်နဲ့တစ်ဖက်ယုံ ကြည်မှုမြင့်မားဖို့လိုအပ်ပါတယ်။  အနှစ်သာရမရှိတဲ့ ဟန်ဆောင် ယဉ်ကျေးမှု၊ ရင်းနှီးဖော်ရွေမှုနဲ့ ကတော့ တကယ့်စေ့စပ်ညှိနှိုင်းမှု မလုပ်ဆောင်နိုင်ပါဘူး။ ဒီနေ့ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှု တွေဟာ ဟန်ဆောင်ရင်းနှီးမှုတွေ လားဆိုတာကိုလည်း ပြန်လည် သုံးသပ်ဖို့လိုအပ်ပါတယ်။ တစ် ဖက်နဲ့တစ်ဖက်ယုံကြည်ထားနိုင်မှ သာပွင့်ပွင့်လင်းလင်းစေ့စပ်ဆွေး နွေးနိုင်မှာဖြစ်ပါတယ်’’ ဟု ဦးခင် ဇော်ဦးကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေခြင်းသည် မိမိတို့ဆွေး နွေးဖော်၊ဆွေးနွေးဖက်များကသူ့ မူ၊ ကိုယ့်မူအသေဆုပ်ကိုင်၍မ လျှော့တမ်း ရပ်ခံဆွေးနွေးခြင်း ကြောင့်ဖြစ်ကြောင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း    များအစုအဖွဲ့ကိုယ်စားလှယ်ရှမ်း လက်နက်ကိုင်အဖွဲ့ (RCSS) မှ ဗိုလ်မှူးကြီးစိုင်းငင်းက ယမန်နေ့ အစည်းအဝေး အဖွင့်အမှာစကား တွင်ပြောကြားသည်။

‘‘တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း  တွေက ဖက်ဒရယ်မူကိုအဆင့်  အမြင့်ဆုံးတင်ထားပြီးတင်းခံရပ် တည်ဆွေးနွေးခဲ့သလို တပ်မ တော်ကလည်း  တစ်ခုတည်းသော တပ်မတော်နှင့်ခွဲမထွက်ရကိုလုံး   ၀အထိမခံဘဲ ကျားကုတ်ကျားခဲ မဆုတ်တမ်းဆွေးနွေးတော့ကျွန် တော်တို့ဟာ ဆုံမှတ်ကို ရှာမတွေ့ ဘဲတစ်ဦးကို တစ်ဦးယိုးမယ်ဖွဲ့အ ပြစ်ဆိုရင်းနဲ့ပဲငြိမ်းချမ်းရေးလုပ် ငန်းစဉ်က တ၀ဲလည်လည်ဖြစ် နေခဲ့တယ်’’ ဟု ၎င်းကပြောသည်။

အစုအဖွဲ့အကြားအခြေအ  နေချင်းမတူ၍ ဆွေးနွေးညှိနှိုင်းရာ  တွင် သူ့ဘက်ကိုယ့်ဘက်မျှတ ကြည့်တတ်ရန်၊ ကိုယ်ချင်းစာ တတ်ရန်နှင့် ဆွေးနွေးဖက်အ ချင်းချင်းအကြား တန်းတူညီမှု၊ လေးစားအသိအမှတ်ပြုမှုများ သည်လည်း အရေးကြီးကြောင်း တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများအစုအဖွဲ့ကိုယ်စား လှယ်ကပြောသည်။

လက်ရှိတွင်  တရားဝင်အ စည်းအဝေးများရပ်တန့်နေခြင်း ကြောင့် စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ် သည် ဆက်လက်မလည်ပတ် နိုင်သည်ကို ၀န်ခံရမည်ဖြစ် ကြောင်းလည်း ဦးခင်ဇော်ဦးက ပြောသည်။

‘‘NCA စာချုပ်ဟာကျွန်တော်  တို့နိုင်ငံရဲ့အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် အဓိကကျတဲ့သ ဘောတူညီချက်တစ်ခုဖြစ်သလို   အားလုံးကလိုက်နာဆောင်ရွက်ရ မယ့်လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။   သို့သော်လည်း ကျွန်တော်တို့တစ် တွေပျက်ကွက်နေကြပါတယ်။ ဒီ လိုအခြေအနေကို ဒီအတိုင်းပဲပစ် ထားကြမှာလား။ ကျွန်တော်တို့ ကပစ်မထားနိုင်တဲ့ အတွက် ကြောင့် ဒီကနေ့တွေ့ဆုံဆွေးနွေး မှုကို ပြည်ထောင်စုအဖွဲ့ဝင်အား လုံးနဲ့ညှိနှိုင်းပြီးကျင်းပရခြင်းဖြစ် ပါတယ်’’ဟု ဦးခင်ဇော်ဦးက ပြော သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင် ခွင့်ရသူများတွင် အတွေးအခေါ်  အမျိုးမျိုးပြောင်းလဲနေသည်ကို တွေ့ရကြောင်းနှင့် မည်သို့ ပြောင်းစေကာမူ တရားဝင်အ စည်းအဝေး၌ ပြောဆိုဆွေးနွေး မှသာဆုံမှတ်တစ်ခု ရောက်မည် ဖြစ်ကြောင်း အစိုးရကိုယ်စား လှယ်က အဖွင့်အမှာစကားပြော ကြားသည်။

၂၀၁၈ ဇူလိုင်က ကျင်းပခဲ့ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံတတိယ အစည်းအဝေးပြီးကတည်းက တစ်လတစ်ကြိမ်ကျင်းပရမည့် UPDJC အတွင်းရေးမှူးများစုံညီ အစည်းအဝေးအပါအ၀င်ငြိမ်း ချမ်းရေးဆိုင်ရာ တရားဝင်အစည်း အဝေးများရပ်တန့်နေသည်။

အထူးသဖြင့် ကရင်အမျိုး သားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး   ကောင်စီ (RCSS) တို့ကငြိမ်းချမ်း ရေးဆိုင်ရာ တရားဝင်အစည်းအ ဝေးများတွင် ပါဝင်မှုယာယီရပ် ဆိုင်းခြင်းကြောင့် NCA လမ်း ကြောင်းအရဆောင်ရွက်နေသည့်  ဆွေးနွေးပွဲများရပ်တန့်ခဲ့ခြင်းဖြစ် သည်။

လက်ရှိငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆိုင်ရာအကြောင်းအရာ များဆွေးနွေးရန် အစုအဖွဲ့သုံးခုမှ  UPDJC  အတွင်းရေးမှူးငါးဦးစီ အပါအ၀င် ကိုယ်စားလှယ် ၁၀ ဦး စီအချိုးတူဖြင့် စုစုပေါင်းကိုယ်စား လှယ် ၃၀ ဦးပါဝင်သည့် ဆွေး နွေးပွဲကျင်းပရန် အစိုးရဘက်က အဆိုပြုခြင်းဖြစ်သည်။

 နှစ်ရက်ကြာပြုလုပ်မည့် အ ဆိုပါအစည်းအဝေးတွင် တစ်နှစ် ခန့်ရပ်ဆိုင်းနေသည့် UPDJC တရားဝင်အစည်းအဝေးများပြန် လည်စတင်နိုင်ရေးနှင့်  ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ  (၂၁) ရာစုပင်လုံ)  ပြုလုပ်နိုင်ရေး ဆွေးနွေး အဖြေရှာမည်ဖြစ် ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင်များကပြောသည်။ အဆိုပါအစည်းအဝေးပထ မနေ့တွင် ကရင်အမျိုးသားအ စည်းအရုံး(KNU)မှကိုယ်စားလှယ် များတက်ရောက်ခြင်း မရှိခဲ့ပေ။  KNU သည်၎င်းတို့အဖွဲ့အတွင်း အစည်းအဝေးကြောင့် မတက် ရောက်နိုင်ခြင်းဟု သိရကြောင်း တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အချို့ကပြောသည်။

No comments:

Post a Comment