Friday, June 14, 2019

ကြည်လင်း အပါအ၀င် ကစားသမားသစ် လေးဦးကို ဇွဲကပင်အသင်းခေါ်ယူ

 မြန်မာ့လက်ရွေးစင် ကွင်းလယ်လူဟောင်း ကြည်လင်း အပါအ၀င် ပြည်တွင်း၊ ပြည်ပ ကစားသမားသစ်လေးဦးကို မြန်မာလိဂ် ဒုကျော့ရာသီအတွက် ဇွဲကပင်အသင်းက အားဖြည့်ခေါ်ယူခဲ့ ကြောင်း အသင်းမီဒီယာတာဝန်ခံ ကိုအေဇော်က ပြောသည်။ ဇွဲကပင်အသင်းသည် ပထမအကျော့တွင် ရလဒ်များ ဆိုးဝါး သဖြင့် နိုင်ဂျီးရီးယားတိုက်စစ်မှူး ပက်ထရစ်နှင့် နောက်ခံလူဝက်စ် တို့ကို စာချုပ်ဖျက်သိမ်းခဲ့သည်။ ၎င်းတို့အစား ကင်မရွန်းတိုက်စစ် မှူး ရာစင်၊ ဂျပန်ကွင်းလယ်လူ ရှီမိုနို၊ ရန်ကုန် ကွင်းလယ်လူ ဟောင်းကြည်လင်းနှင့် ဧရာဝတီ နောက်ခံလူ ဖြိုးမောင်မောင်ဆွေ တို့ကို ရာသီဝက်စာချုပ်စီဖြင့် အားဖြည့်ခေါ်ယူခဲ့သည်။



အသက် (၂၆)နှစ်အရွယ် ကြည်လင်းသည် ရန်ကုန်လူငယ် အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားဖြစ်ပြီး ပြီးခဲ့သည့် မေလကုန်တွင် ရန်ကုန် အသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ခြင်းမရှိဘဲ ဇွဲကပင်သို့ ပြောင်းရွှေ့ခဲ့သည်။

‘‘ကြည်လင်းကိုရော၊ ကစား သမားသစ် သုံးယောက်စလုံးကို ရော တရားဝင်စာချုပ်ပြီးပါပြီ။ နိုင်ငံခြားသားနှစ်ဦးစလုံးက သူတို့ သက်ဆိုင်ရာ ပြည်တွင်းလိဂ်တွေ မှာပဲ ကစားဖူးပြီး မြန်မာလိဂ်မှာ တော့ မကစားဖူးသေးပါဘူး။ သူ တို့ကို ခြေစမ်းပြီးမှ နည်းပြတွေ အကြိုက် ခေါ်ယူဖြစ်ခဲ့တာပါ။ ပထမအကျော့မှာ ရလဒ်မကောင်း ပေမယ့် ဒုကျော့မှာတော့ ရလဒ် ကောင်းတွေ ပြန်ရအောင်လို့ အကောင်းဆုံး ပြင်ဆင်နေပါတယ်’’ဟု ကိုအေဇော်က ပြောသည်။

၂၀၁၉ မြန်မာလိဂ် ပထမအ ကျော့ ရာသီဝက်အပြီးတွင် ဇွဲကပင်အသင်းသည် နှစ်ပွဲနိုင်၊ လေးပွဲသရေ၊ ငါးပွဲရှုံး ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၉) နေ ရာ၌ ရပ်တည်နေသည်။ ဇွဲကပင် အသင်းသည် မြန်မာလိဂ် ဒုကျော့အဖွင့်ပွဲအဖြစ် ဇွန်လ ၁၅ ရက်တွင် သုဝဏ္ဏကွင်း၌ စစ်ကိုင်းအသင်းနှင့် ကစားမည်ဖြစ်သည်။

No comments:

Post a Comment