Friday, June 14, 2019

အပြည်ပြည်ဆိုင်ရာ သက်ငယ်တန်းနှင့် အလွတ်တန်း လှေလှော်ပြိုင်ပွဲသို့ မြန်မာဝင်ရောက်ယှဉ်ပြိုင်မည်

ထိုင်းနိုင်ငံ၌ ကျင်းပ မည့် အရှေ့တောင်အာရှ အပြည် ပြည်ဆိုင်ရာ သက်ငယ်တန်း လှေ လှော်ပြိုင်ပွဲနှင့် အလွတ်တန်းလှေ လှော်ပြိုင်ပွဲသို့ မြန်မာလှေလှော် အသင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ  ပတ္တယားမြို့၌ ကျင်းပမည်ဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီးအပြည် ပြည်ဆိုင်ရာလှေလှော် နှစ်သင်းစ လုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။



အမျိုးသား  လှေလှော်အ သင်းတွင်  စောထက်အိမ်လှိုင်း၊ အေးဇော်ဦး၊ ရဝေထွန်း၊ ပြည့်ဖြိုး ကျော်နှင့် ဝေယံမိုးတို့ ပါဝင်ပြီး  LM1X, LM2X, M2- ပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ အမျိုးသမီးလှေလှော် အသင်း၌ ရွှေဇင်လတ်၊ နီလာ ဝင်း၊ အိဖြူ၊ စန္ဒာရွှေနှင့် အေးသူ ဇာတို့ ပါဝင်ပြီး LW1X, LW2X, W2- ပြိုင်ပွဲများတွင် ပါဝင်ယှဉ် ပြိုင်မည်ဖြစ်သည်။

မြန်မာ လှေလှော်အသင်း သည် အဆိုပါပြိုင်ပွဲယှဉ်ပြိုင်ရန် ဇွန်လ ၁၈ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း အဖွဲ့ ချုပ်တာဝန်ရှိသူက ပြောသည်။

‘‘ဆီးဂိမ်းအကြို ပြင်ဆင်မှုအ ဖြစ် သွားပြိုင်ဖို့စီစဉ်ဖြစ်တာပါ။ လက်ရှိတော့ လေ့ကျင့်မှုတွေလုပ် နေတယ်ဆိုပေမယ့်လည်း ပြိုင်ပွဲ  အတွေ့အကြုံရဖို့အတွက် အခုလို  နိုင်ငံတကာပွဲတွေ ၀င်ပြိုင်ဖို့လည်း စီစဉ်ဖြစ်တာပါ။ ဆုတံဆိပ်ရရှိဖို့ ထက် နိုင်ငံတကာပြိုင်ပွဲ အတွေ့ အကြုံရဖို့ကိုပဲ ဦးစားပေး ယှဉ်ပြိုင် သွားမှာပါ။ ကလေးတွေအနေနဲ့ လည်း အကောင်းဆုံးကြိုးစားမှာ ဖြစ်လို့ အောင်မြင်မယ်လို့လည်း မျှော်လင့်ပါတယ်’’ ဟု အဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ ချုပ်သည် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင် ပွဲအတွက် ပဏာမကစားသမား ၅၀ ကျော်ဖြင့် ရန်ကုန်မြို့ အင်း လျားကန်ရှိ အဖွဲ့ချုပ်လှေလှော်စ ခန်း၌ လေ့ကျင့်နေသည်။ မြန်မာ လှေလှော်အဖွဲ့သည် ၂၀၁၅ စင် ကာပူဆီးဂိမ်းတွင် ငွေတံဆိပ်နှစ်ခု နှင့် ကြေးတံဆိပ်ငါးခု စုစုပေါင်း ဆုတံဆိပ်ခုနစ်ခုဆွတ်ခူးခဲ့သည်။ ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ တွင်မူ လှေလှော်အားကစားနည်း ထည့်သွင်းကျင်းပခြင်းမရှိပေ။

No comments:

Post a Comment