Friday, June 14, 2019

မြောက်ဦးမြို့အနီး တိုက်ပွဲကြောင့် ဒေသခံရှစ်ဦးဒဏ်ရာရ

 မြောက်ဦးမြို့နှင့် တစ် မိုင်ခန့်အကွာရှိ မကျားတောင် တန်းပေါ်တွင် ယမန်နေ့ကတိုက် ပွဲဖြစ်ပွားမှုကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံရှစ်ဦးလက် နက်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ငါးဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းသာ စိန်က ပြောသည်။ ဇွန်လ ၁၃ ရက်နေ့လယ်ပိုင်း ကတည်းက မကျားတောင်တန်း ပေါ်မှ ပစ်ခတ်သံများ အဆက် မပြတ်ကြားခဲ့ရသည်ဟု ၎င်းကဆို သည်။ ထိုပစ်ခတ်မှုကြောင့် ရွာ ဟောင်းတောကျေးရွာမှ ဒေသခံ ငါးဦးမှာ လက်နက်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအထဲမှနှစ်ဦးမှာဒဏ် ရာပြင်းထန်သည်ဟုဆိုသည်။



ထို့အပြင် မိုးရာသီလယ်ယာ ထွန်ယက်ရန် နယ်ကျေးရွာများသို့ ကျွဲ၊ နွားသွားဝယ်သည့် မြောက် ဦးမြို့ပေါ် ဆင်ချဆိပ်ရပ်ကွက်မှ ဒေသခံသုံးဦးမှာလည်း လက်နက် ထိမှန်ခဲ့ပြီး သုံးဦးစလုံးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု ဦးထွန်းသာစိန် က ပြောသည်။

‘‘ပစ်ခတ်သံတွေကြားရ တယ်လို့ ရွာဟောင်းတောရွာသား တွေက ကျွန်တော်ကို ဖုန်းဆက် ပြောကြတယ်။ (နေ့လယ် ၃ နာရီ လောက်မှာ) နောက်နာရီဝက် လောက်ကျရော ထပ်ဆက်လာ တယ်။ ဒဏ်ရာရကြတယ်ဆိုပြီး တော့’’ဟု ၎င်းကဆိုသည်။

အဆိုပါ လက်နက်ထိမှန်  ဒဏ်ရာရရှိခဲ့သူများကို ဆေးရုံသို့  ပို့ဆောင်ရန် လူနာတင်ယာဉ် အခက်အခဲရှိသဖြင့် ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ထံ အကူအ ညီတောင်းခံပြီး မြောက်ဦးဆေးရုံ သို့ပို့ဆောင်ခဲ့ရကြောင်း ဦးထွန်း သာစိန်က ပြောသည်။

အဆိုပါ ဒဏ်ရာရရှိသူများ မှာ မြောက်ဦးဆေးရုံ၌ ဆေးကု သမှုခံယူနေကြပြီး ဒဏ်ရာပို၍ ပြင်းထန်ပါက စစ်တွေဆေးရုံသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။

အဆိုပါ ပစ်ခတ်ဖြစ်စဉ်နှင့် ပတ်သက်၍ မသိရှိသေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့(AA)တို့အကြား စစ်ရေးပဋိပက္ခများကြောင့် ရခိုင် ပြည်နယ်အတွင်း လက်နက်ထိမှန် သေဆုံးသူ ၄၀ ကျော်အထိရှိနေပြီး ဒဏ်ရာရရှိသူပေါင်း ၁၀၀ ကျော် အထိရှိပြီဖြစ်ကြောင်း ကူညီပေး နေသည့် အရပ်ဖက်အဖွဲ့အစည်း များက ပြောသည်။ ထိုစစ်ရေးအခြေအနေများ နှင့်ဆက်စပ်၍ နေရပ်စွန့်ခွာထွက် ပြေးနေကြရသည့် ဒုက္ခသည်မှာ လည်း ငါးသောင်းကျော်အထိ ရှိနေပြီး မိုးရာသီရောက်လာပြီဖြစ် ၍ နေထိုင်စရာနေရာအခက်အခဲ ရှိသည့်အပြင် ကျောင်းနေအရွယ် ကလေးငယ်များမှာလည်း ကျောင်းတက်ရန် အခက်အခဲရှိ နေကြကြောင်း ကူညီနေသူများက ပြောသည်။

No comments:

Post a Comment