Friday, June 14, 2019

ဝေဖန်ခံနေရသော တိုင်းရဲတပ်ဖွဲ့ဌာနချုပ်နှင့် အင်းစိန်စုပေါင်းရာဇ၀တ်ရုံးစီမံကိန်းများ ပါဝင်သည့် ရန်ကုန်တိုင်းအစိုးရ၏ လျာထားဘတ်ဂျက်ကို ဘဏ္ဍာရေးကော်မရှင်သို့တင်မည်

တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များဝေဖန် နေသော တိုင်းရဲတပ်ဖွဲ့ဌာနချုပ်၊ အင်းစိန်စုပေါင်း ရာဇ၀တ်ရုံး ဆောက်လုပ်မည့် စီမံကိန်းများ ပါသော ၂၀၁၉-၂၀ ဘတ်ဂျက် လျာထားချက်ကို ၀န်ကြီးချုပ်ထံ တင်ပြပြီး ပြည်ထောင်စုဘဏ္ဍာ ရေးကော်မရှင်သို့ ဆက်လက်တင် ပြမည်ဖြစ်ကြောင်း တိုင်းလွှတ် တော်က အတည်ပြုသည်။ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် တွင် တိုင်းရဲတပ်ဖွဲ့ရုံးချုပ်ဆောက် လုပ်ရန် ကျပ်ငါးဘီလီယံ၊အင်းစိန်မြို့နယ် စုပေါင်းရာဇ၀တ်ရုံး ဆောက်လုပ်ရန်ကျပ်ခြောက်ဘီလီယံနှင့်ကိုကိုးကျွန်းမြို့နယ်အတွက် ရေယာဉ်ဝယ်ယူရန်ကျပ်ငါးဘီလီယံသုံးစွဲရန်၊ ကျေးလက်မီးလင်းရေးအတွက် ကျပ်လေးဘီလီယံခွဲသုံးစွဲရန် တိုင်းအစိုးရက တောင်းခံထားသည်။ ထိုသို့တောင်းခံထားခြင်းအပေါ် အမတ်အားလုံးနီးပါးက ကန့်ကွက်ဆွေးနွေးထားသည်။



လွှတ်တော်အမတ်များတိုင်း ရဲတပ်ဖွဲ့ရုံးချုပ်၊ အင်းစိန်စုပေါင်း ရာဇဝတ်ရုံး၊ ရေယာဉ်ဝယ်ယူမည့်  စီမံကိန်းများမှာ တောင်းခံသည့်ဘတ်ဂျက်များခြင်းနှင့် ပြည် ထောင်စုဘတ်ဂျက်တွင် သာ တောင်းယူရမည့် စီမံကိန်းများဖြစ် ခြင်းတို့ကြောင့် လွှတ်တော်အမတ် များက ကန့်ကွက်ကြသည်။

ကိုကိုးကျွန်းမြို့နယ်ဒေသခံ များ ရေကြောင်းသွားလာရေး အ ခက်အခဲများ ရှိနေခြင်းကြောင့် ရေယာဉ်ဝယ်ယူရန် စီစဉ်ခြင်း၊ တိုင်းရဲတပ်ဖွဲ့ဝင်များမှာ လွှတ် တော်ဝင်းအတွင်းရှိ အခန်းလွတ် များတွင် နေထိုင်ရခြင်းကြောင့်  တိုင်းရဲတပ်ဖွဲ့ရုံးချုပ် ဆောက်လုပ် ရန်စီစဉ်ခြင်း၊ အမှုသည်များသွား လာမှုအဆင်ပြေစေရန် အင်းစိန် စုပေါင်း ရာဇဝတ်ရုံးဆောက်လုပ် ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဝန်ကြီး ကပြောသည်။

ရန်ကုန်တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်း က ဇွန်လ ၁၁ ရက်တွင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အရ အသုံး ခန့်မှန်းခြေငွေစာရင်း(လျာထား ချက်)ကို ရန်ကုန်တိုင်းလွှတ်တော် သို့တင်သွင်းခဲ့ပြီး ပြည်သူ့ငွေစာ ရင်းကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ် ၃၃ ဦးက ဇွန်လ ၁၂ နှင့် ၁၃ ရက်တွင် ဆွေးနွေးရာ ၃၀ဦး က  ကန့်ကွက်ဆွေးနွေးခဲ့ သည်။

အဆိုပါလွှတ်တော်ကိုယ် စားလှယ်များနှင့် ပြည်သူ့ငွေစာ ရင်းကော်မတီ၏ ကန့်ကွက်ဆွေး နွေးအကြံပြုချက်များနှင့် အတူ ၂၀၁၉-၂၀ ဘတ်ဂျက်လျာထား ချက်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ထံတင်ပြပြီး ၀န်ကြီးချုပ်မှတစ် ဆင့် ဇွန်လ ၁၇ ရက်တွင် နေပြည် တော်၌ ကျင်းပမည့် ဘဏ္ဍာရေး ကော်မရှင်သို့ တင်ပြမည်ဖြစ် ကြောင်း ၀န်ကြီးဦးမြင့်သောင်းက ပြောသည်။

‘‘အခု ကျွန်တော့်လက်ထဲ ပါလာတာက ဆွေးနွေးချက်၊ တင်ပြချက်တွေပါလာပြီ။ ဒါကို ၀န်ကြီးချုပ်ဆီ တင်ပြမယ်။ နောက်တစ်ပတ်မှာကျင်းပမယ့် နိုင်ငံတော်သမ္မတဦးဆောင်မယ့် ဘဏ္ဍာရေးကော်မရှင်မှာ တင်ပြ မယ်။ ဒီချုပ်အစိုးရက ပြည်သူကို ကတိပေးခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာကို ပေးခဲ့ပါတယ်။ ဒါကြောင့်တရားဥပဒေစိုးမိုးရေး ထဲမှာ ဒီအချက်တွေပါပါတယ်။ ရဲအဆောက်အအုံတို့၊ ဥပဒေရုံး တို့၊ တရားရုံးတို့ ဒါအဆောက်အ အအုံတွေ မပြည့်မစုံဘဲနဲ့ဆိုရင် တရားဥပဒေစိုးမိုးရေးကို အ ထောက်အကူမပြုနိုင်ပါဘူး။ ဒါ အရေးကြီးတာကတော့ တရား ဥပဒေစိုးမိုးရေးကို အထောက် အကူပြုတဲ့လုပ်ငန်းအတွက်ဖြစ် ပါတယ်။ အဲဒီအတွက်ကုန်ကျတဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်’’ ဟု ၀န်ကြီးကပြောသည်။

သို့သော် ယင်းကန့်ကွက် ချက်များကို ဘတ်ဂျက်လျာထား ချက်၌ ပြန်လည်ပြင်ဆင်ဖြည့် စွက်ခြင်းမပြုဘဲ အမတ်များ၏ ဆွေးနွေးချက် စာရွက်စာတမ်းများ နှင့် အသံဖိုင်များယူကာ ၀န်ကြီး ချုပ်ထံ တင်ပြရန်စီစဉ်ထားသည် ဟုဆိုသည်။

တိုင်းရဲတပ်ဖွဲ့ရုံးချုပ်ကိစ္စ နှင့်စပ်လျဉ်း၍ ‘‘ဆောက်မယ့် အ ဆောက်အအုံကြည့်ပြန်တော့ လည်း ဒဂုံမြို့နယ်ရွှေတိဂုံဘုရား နားမှာရှိပါတယ်။ ဆောက်မယ့် အဆောက်အအုံအမြင့်က ခုနစ် ထပ်ပါ။ ပြည်သူတွေကိုတော့ ရွှေ တိဂုံနဲ့နီးလို့ဆိုပြီး အထပ်တွေ၊ ဘာတွေသတ်မှတ်ထားတယ်။ အ ခုရဲဌာနချုပ်က ခုနစ်ထပ်ဆောက် မယ်ဆိုတော့ မသင့်တော်ပါဘူး။ ကန့်ကွက်ပါတယ်။ လွှတ်တော် နယ်မြေထဲမှာ ဒီအဆောက်အအုံ ကြီးမဆောက်သင့်ကြောင်း လုံးဝ ကန့်ကွက်ပါတယ်’’ ဟု ဒဂုံမြို့ နယ်တိုင်းလွှတ်တော်အမတ်ဦး ကျော်ဇေယျက ပြောကြားသည်။

ယမန်နှစ်က တိုင်းအစိုးရ၏ ငွေလုံးငွေရင်းအသုံးစရိတ်တွင် တိုင်းရဲတပ်ဖွဲ့ရုံးအဆောက်အအုံ သစ်ဆောက်လုပ်ရန် ကျပ်သန်း နှစ်ထောင်တင်ပြတောင်းခံခဲ့သေး ကြောင်းနှင့် ယင်းအဆောက်အအုံ ဆောက်လုပ်ရန် စုစုပေါင်းကျပ် ၉,၇၄၁ သန်းကျော်ကုန်ကျမည် ဟု သိရှိရကြောင်း ကျောက်တံ တားမြို့နယ် တိုင်းလွှတ်တော်အ မတ်ဒေါ်ကြည်ပြာက ထောက်ပြ သည်။

‘‘ဒီသန်းပေါင်းတစ်သောင်း နီးပါးကို တခြားဖွံ့ဖြိုးရေးလုပ်ငန်း တွေမှာသုံးမယ်ဆိုရင် လူနှစ်သိန်း အတွက် လိုအပ်ချက်တွေပေးနိုင် မယ်လို့မျှော်လင့်ပါတယ်။ နောက် ဆုံးမဖြစ်မနေဆောက်ရမယ်ဆို ရင်တောင် ဒီလွှတ်တော်မှာ ဆောက်တာကို ကန့်ကွက်ပါ တယ်။ တိုင်းဘတ်ဂျက်နဲ့သုံးတာ ကို ကန့်ကွက်ပါတယ်။ ပြည် ထောင်စုဘတ်ဂျက်နဲ့တောင်းပြီး တခြားနေရာမှာဆောက်ပါလို့ အ ကြံပြုချင်ပါတယ်’’ ဟု ၎င်းက ပြောသည်။ တိုင်းရဲတပ်ဖွဲ့ရုံးချုပ် ဆောက်လုပ်ရာ၌ မြေအောက် တွင်နှစ်ထပ်၊ မြေပေါ်တွင်ငါးထပ် ထားရှိပြီး ဟယ်လီကော်ပတာ ဆင်းနိုင်ရန်နေရာပါ ထားရှိ ဆောင်ရွက်မည်ဟုကြားသိရ ကြောင်း ဒေါ်ကြည်ပြာကပြော သည်။

‘‘အဲဒီကိစ္စတွေအကုန်လုံးကို ဘယ်နေ့ကမှ သိရလဲဆိုတော့ အ ခုလွှတ်တော်မဖွင့်ခင် ၁၀ ရက်နေ့ မှာမှ ၀န်ကြီးဒေါ်နီလာကျော်က လာရှင်းပြတယ်။ ဘာလို့ သူက အဲဒါလာရှင်းပြတာလဲဆိုတော့ သူတို့တောင်းထားတဲ့ PAE နှုန်း ထားသည် တခြားဌာနတွေရဲ့ PAE နှုန်းထားနဲ့တအားကွာနေ တယ်။ ကွာနေတော့ ပြည်သူ့ငွေ စာရင်းကော်မတီက အစိုးရအဖွဲ့ ရဲ့အသုံးစရိတ်ပဲဆိုဆို၊ ဘယ်ဝန် ကြီးကတင်တာပဲဖြစ်ဖြစ် ဒီလိုမျိုး ကွာနေတာကို မပေးနိုင်ဘူးဆိုတဲ့ သူတို့နဲ့ဆွေးနွေးချက်ရှိလို့ သူတို့ က ကိုယ်စားလှယ်တွေအကုန်လုံး ကို လာပြီးတော့ အရင်ကြိုရှင်းပြ ပါဆိုလို့ လာရှင်းပြတာ။ အဲဒီလို ရှင်းပြတော့မှ အကုန်သိကြရတာ’’ ဟု ၎င်းကဆိုသည်။

ထို့အပြင် ဇွန်လ ၁၃ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ် တော်၌ ယင်းဆွေးနွေးချက်၊ အ ကြံပြုချက်များကို ၀န်ကြီးချုပ်ထံ တင်ပြမည်ဟု မကြေညာဘဲ လွှတ်တော်က သဘောတူပါသ လားဟု လွှတ်တော်ဥက္ကဋ္ဌက မေး မြန်းရာ အမတ်များက သဘော မတူဟုဆိုကာ ကန့်ကွက်မှုများရှိ ခဲ့သည်။

‘‘ဒီနေရာမှာ ဥက္ကဋ္ဌကြီးက ဖြတ်လိုက်ရမှာ။ လွှတ်တော်က သဘောတူပါသလားလို့မေး တော့ ကျန်တဲ့ကိုယ်စားလှယ်တွေ က စိုးရိမ်ပြီး သဘောမတူဘူးလို့ ပြောကြတာပေါ့’’ ဟု လှိုင်မြို့ နယ်တိုင်းလွှတ်တော်အမတ် ဦး ကျော်ကျော်ထွန်းက ပြောသည်။ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အရ အသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)ကိုတိုင်းဝန်ကြီး ချုပ်က ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြပြီး ဘဏ္ဍာရေးကော်မရှင် က ယင်းဘတ်ဂျက်ကို ဥပဒေ  ကြမ်းအနေဖြင့် လာမည့်စက်တင် ဘာတွင် ပြန်လည်ထွက်ရှိမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

No comments:

Post a Comment