Friday, June 14, 2019

ဖားကန့်တွင် ဇူလိုင် ၁ ရက်ကစ၍ ကျောက်စိမ်းတူးဖော်ခွင့် သုံးလရပ်နားရန် ညွှန်ကြား

ဖားကန့်ဒေသတွင် ကျောက်မျက်ကုမ္ပဏီများ သတ္တု တူးဖော်ထုတ်လုပ်ခွင့်သုံးလရပ် ဆိုင်းထားရန် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း က ညွှန်ကြားချက်ထုတ်ပြန်သည်။ အမျိုးသားလွှတ်တော်မှ အ ကြံပြုချက်ကြောင့်ဟုဆိုကာ အ ထက်ပါညွှန်ကြားချက်ကို ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ခြင်းဖြစ် သည်။ လုံးခင်း၊ ဖားကန့်နယ်မြေ တွင် ကျောက်စိမ်းတူးဖော်ထုတ် လုပ်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁ ရက်မှ စက်တင်ဘာလကုန်အထိ မိုးတွင်းသုံးလအတွင်း လုံးဝခွင့် မပြုဘဲ ယာယီရပ်ဆိုင်းထားရန်၊ ခေတ္တရပ်နားထားစဉ် အန္တရာယ် ဖြစ်နိုင်သောလုပ်ကွက်များ မြေ ပြင်အနေအထား ကြည့်ရှုစစ်ဆေး ၍ ကြိုတင်ကာကွယ်ရေးအစီအမံ များဆောင်ရွက်ထားရန် အမျိုး သားလွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာကော်မတီက အကြံ ပြုထားသည်ဟု ညွှန်ကြားချက် တွင် ဖော်ပြထားသည်။



ကချင်ပြည်နယ် ဖားကန့်ဒေ သ၏ လက်ရှိအခြေအနေသည် နွံ ကန်ကျိုးပေါက်ခြင်း၊ မြေပြိုခြင်း တို့ကြောင့် လူသေဆုံးမှု၊ စက် ယန္တရားနှင့် လူနေအိမ်ပျက်စီးဆုံး ရှုံးမှုများဖြစ်ပေါ်ပြီး လူမှုဒုက္ခများ ခံစားနေရသောကြောင့် ကျောက် မျက်ရတနာဥပဒေမထွက်ရှိသေး မီ မလိုလားသောပြဿနာများ မဖြစ်စေရန် အမျိုးသားလွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက အကြံပြုထားသည်ဟုညွှန်ကြားချက်တွင်ဖော်ပြထားသည်။

‘‘အဲဒီအတွက် ကျွန်တော်တို့ က ဒီကာလမှာ သဘာဝဘေး ကြောင့်ရယ်၊ ဥပဒေထွက်ပြီးနည်း ဥပဒေထွက်ဖို့ ကြားကာလလေး မှာရယ်၊ အဲဒီအကြောင်းအချက် နဲ့ ကျွန်တော်တို့က သုံးလနား မယ်’’ ဟု မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းကော်မတီအထွေ ထွေမန်နေဂျာဦးသန်းဇော်ဦးက ပြောသည်။

လက်ရှိညွှန်ကြားချက်က လုံးခင်းနှင့် ဖားကန့်ဒေသများအ တွက်သာရည်ရွယ်ခြင်းဖြစ်ပြီး ကျန်ကျောက် တူးဖော်ထွက်ရှိ သည့်နယ်မြေများ အကျုံးမ၀င်ဟု ဦးသန်းဇော်ဦးကဆိုသည်။ ယာ ယီရပ်နားစဉ်ကာလအတွင်း မလို လားအပ်သော ပြဿနာများဖြစ် ပေါ်လာနိုင်မှုမရှိစေရေး ကျောက် မျက်ကုမ္ပဏီများလိုက်နာရမည့် အချက် ၁၀ ချက်ကိုလည်း ညွှန် ကြားချက်တွင် ဖော်ပြထားသည်။

ယာယီရပ်နားရန် ညွှန်ကြား ထားသည့် ကာလအတွင်း ကျောက်မျက်တူးဖော်ထုတ်လုပ် ခြင်းများ ဆောင်ရွက်ခြင်းမပြုရန်၊ တူးဖော်ထားသော  ကျောက် ကြောမြေစာပုံများကို ယာယီ ရပ်နားခြင်းမပြုမီ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ဆောင်ရွက် နိုင်ခြင်းမရှိပါက ခြံစည်းရိုးများ ကာရံပြီး လုံခြုံစွာဆောင်ရွက်ထား ရန်စသည်တို့ပါဝင်သည်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ထုတ် ပြန်ထားသောညွှန်ကြားချက်များ ကို မလိုက်နာပါက မြန်မာ့ ကျောက်မျက်ရတနာဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မည် ဟု ဖော်ပြထားသည်။ ‘‘မိုးတွင်းမှာ မြေပြိုတာတွေ၊ တွင်းပြိုတာတွေဖြစ်ပြီး အန္တရာယ် ကြီးလို့ နားထားဖို့အကြံပြုခဲ့တယ်’’ ဟု ဖားကန့်ဒေသသို့ နယ်မြေကွင်း ဆင်းစစ်ဆေးခဲ့သည့် ပြည်သူ့ လွှတ်တော် သယံဇာတနှင့်သဘာ ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌဦးစိုးသူရ ထွန်းက ပြောသည်။

No comments:

Post a Comment