Friday, June 14, 2019

GGS ကုမ္ပဏီက အစိုးရထံပေးသွင်းရန် ဓာတ်ငွေ့ဖိုး ကျပ်ခြောက်ဘီလီယံကျော် အကြွေးကျန်ရှိ

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အဂတိအမှုတွင် ပတ်သက်နေသော GGS ကုမ္ပဏီသည် အစိုးရ ထံ သဘာဝဓာတ်ငွေ့ဖိုး ကြွေးကျန် လစဉ်ပုံမှန်ပေးသွင်းနေပြီး လက် ရှိ၌ ကြွေးကျန် ကျပ် ၆ ဒသမ ၇ ဘီလီယံကျန်ရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောသည်။ ယခင်က ကြွေးကျန် ကျပ် ၉ ဒသမ ၈ ဘီလီယံရှိပြီး ဇွန်လ ၁၃ ရက်အထိ ကျပ် ၃ ဒသမ ၁ ဘီလီ ယံသွင်းထား၍ ကျပ် ၆ ဒသမ ၇ ဘီလီယံ ကျန်ရှိခြင်းဖြစ် ကြောင်း ယင်းဌာနအချက်အ လက်များအရ သိရသည်။



‘‘သူ့အစီအစဉ်အတိုင်း သူ ပေးနေတာ။ အကြွေးပေးမယ့်အစီ  အစဉ်က သူတို့(GGS)နဲ့ သဘော တူညီချက်ယူပြီး ဆွဲပြီးသွားပြီ’’ဟု ဇွန်လ ၁၃ ရက်က ပြုလုပ်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၏လစဉ်ပုံမှန်သတင်းစာရှင်းလင်း ပွဲအပြီးတွင် 7Day Daily သတင်း စာ၏မေးမြန်းမှုကို ဦးဌေးအောင်က ဖြေကြားသည်။ သို့သော် သဘောတူထားသည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

GGS ကုမ္ပဏီ အနေဖြင့် လက်ရှိ သုံးစွဲနေသည့် သဘာဝ ဓာတ်ငွေ့ဖိုးများကို လစဉ်ပေး သွင်းနေကြောင်း ဦးဌေးအောင်က ပြောသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် GGS ကုမ္ပဏီသို့ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေနှစ်သန်း ပံ့ပိုး ရောင်းချနေသည်။

၂၀၁၇ ဇွန်လက စ၍ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်စက်များမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား  ကို အသုံးပြု၍ ထားဝယ်ခရိုင်အ တွင်း တစ်ယူနစ်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း လုပ်ကိုင်ရန် GGS ကုမ္ပဏီကို တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့က လက်ရှိအထိ ခွင့်ပြုထားခြင်းဖြစ်သည်။

လက်ရှိတွင် တနင်္သာရီဝန် ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့ မော်အပါအဝင် GGS ကုမ္ပဏီမန် နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့ ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် အရေးယူထားပြီး တရားရုံး၌ စစ် ဆေးနေဆဲဖြစ်သည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ က စာချုပ်စည်းကမ်းချိုးဖောက် သည့် GGS ကုမ္ပဏီကို ယခုနှစ် စက်တင်ဘာလကုန်အထိ လုပ် ကိုင်ခွင့်  ဆက်လက်ပေးထားသည်။

ယင်းကိစ္စသည် ဥပဒေနှင့်မညီညွတ်ကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေများက ထောက်ပြထားသည်။ GGS ကုမ္ပဏီက  နိုင်ငံတော်သို့ ပေးသွင်းရမည့် ကြွေးကျန်ငွေများကို ယခုနှစ်စက်တင်ဘာလကုန် အပြီးပေးဆပ်မည်ဟု ကုမ္ပဏီဘက်က ကတိပြုထားသည်။

No comments:

Post a Comment