Wednesday, May 8, 2019

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ထဲမှာ AAPP စာရင်းဝင် နိုင်ကျဉ်း ၁၀ ဦးခန့် ပါဝင်

 ဒီနေ့အတွက် နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းဝင် ၁၀ ဦးခန့်ရှိနေပြီလို့ AAPP အဖွဲ့က ဦးအောင်မျိုးကျော်က ပြောပါတယ်။ေ န့လယ်ပိုင်းအထိ လွတ်မြောက်လာသူတွေထဲမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်က သတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦး၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း က မိုင်ချိုမင်းထွေး၊ စိုင်းအိုက်လုံ၊ မန္တလေး အိုးဘိုထောင်က ဒေါ်မြဆင့်၊ မနှင်းဟေမာန်ဝင်း၊ မဌေး၊ မချောစု၊ မိုးညှင်းထောင်က ဦးအောင်ဆွေဦးနဲ့ ဦးမောင်ဦး တို့ဖြစ်ပါတယ်။



တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်လာမလား ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး လွတ်မြောက်လာသူတွေထဲမှာ AAPP စာရင်းဝင် နိုင်ကျဉ်းတွေ ရှိမလားဆိုတာ စစ်ဆေးရဦးမှာ ဖြစ်တယ်လို့ ဦးအောင်မျိုးကျော်က ပြောပါတယ်။ AAPP စာရင်းဝင် နိုင်ငံရေးအကျဉ်းသား ၄၈ ဦးရှိနေပြီး လက်ရှိမှာလွတ်မြောက်ပြီးသူ ၁၀ ဦးရှိနေပြီဖြစ်ပါတယ်။

No comments:

Post a Comment