Wednesday, May 8, 2019

ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ သစ်ပုပ်ပင်တွင် မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြားတပ်ဆင်မည်

ရန်ကုန်တက္ကသိုလ်အတွင်းရှိ နှစ်ပေါင်းရာကျော် သက်တမ်းရှိ သစ်ပုပ်ပင်တွင် မြို့ပြအမွေအနှစ် အထိမ်းအမှတ်အပြာ ရောင်ကမ္ပည်းပြားတပ်ဆင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT) စီမံချက်အရာရှိ ဦးသူရိန်အောင်က ပြောသည်။  ရန်ကုန်တက္ကသိုလ်သည် ၂၀၂၀ ပြည့်နှစ်တွင် နှစ်(၁၀၀) ပြည့်မည်ဖြစ်ရာ ရာပြည့်အကြိုအ ဖြစ် မြို့ပြအမွေအနှစ်အထိမ်းအ မှတ်အပြာရောင် ကမ္ပည်းပြားကို သစ်ပုပ်ပင်၌ ၂၀၁၉ အတွင်း တပ်ဆင်နိုင်ရန် စီစဉ်နေခြင်းဖြစ် သည်။


‘‘ရန်ကုန်တက္ကသိုလ်ထဲမှာ ကမ္ပည်းပြားကပ်မယ်ဆိုရင် ကပ် ရမယ့်နေရာတွေက အများကြီး ပါ။ ဘွဲ့နှင်းသဘင်ရော၊ တက္က သိုလ်စာကြည့်တိုက်ရော၊ အ ဆောင်တွေရောရှိတယ်။ ဒါပေမဲ့ ဒီထဲမှာ အဆောက်အအုံတွေ ထက် သက်တမ်းရင့်တယ်လို့ ယူ ဆတယ်။ ကျောင်းသားတွေရဲ့ ဘဝမှာလည်း အရေးပါတယ်။ ထိန်းသိမ်းဖို့လည်း လိုနေတဲ့ ဒီ သစ်ပုပ်ပင်ကို ပထမဆုံးအနေနဲ့ ကပ်တာပေါ့’’ ဟု ဦးသူရိန်အောင် က ဆိုသည်။

ရန်ကုန်တက္ကသိုလ် သိပ္ပံ ဆောင်အနီးရှိ သစ်ပုပ်ပင်သည် ရန်ကုန်တက္ကသိုလ်၏ အထင်ကရ သင်္ကေတတစ်ခုဖြစ်ပြီး သစ်ပုပ် ပင်၏ သက်တမ်းကို အတည်ပြု နိုင်ရန် ရန်ကုန်မြို့ပြအမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က သုတေသနပြုကာ အ ချက်အလက်များ စုဆောင်းနေ သည်ဟု ၎င်းကဆိုသည်။

 ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အဆောက်အအုံနှင့် နေရာ ၂၉ ခု၌ အပြာရောင်ကမ္ပည်းပြားတပ်ဆင်ထားပြီးဖြစ်သည်။ သစ်ပုပ်ပင်ကဲ့သို့ သဘာဝအမွေအနှစ်၌ တပ်ဆင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။   အပြာရောင်ကမ္ပည်းပြား များ တပ်ဆင်ခြင်းသည် ရန်ကုန် မြို့၏ သမိုင်းကို အထိရောက်ဆုံး နှင့် ထင်သာမြင်သာအရှိဆုံး ဖော် ပြနိုင်မည့် နည်းလမ်းများအနက် တစ်ခုဖြစ်သည်ဟု YHT က ကြေညာထားသည်။

No comments:

Post a Comment