Wednesday, May 8, 2019

"ဗကသ မွေးနေ့ဆိုသည်မှာ သမီးရည်းစားချစ်သည့်စိတ်ဖြင့် ပေးထားသည့် နာမည်မဟုတ်" ဟု ၈၃ နှစ်ပြည့် အခမ်းအနားစီစဉ်သူများကို ဗကသဟောင်း ဦးလှရွှေ ဝေဖန်ပြစ်တင်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဖွဲ့စည်းတည်ဆောက်ခြင်းနေ့သည် သမီးရည်းစားချစ်တဲ့စိတ်ဖြင့်ပေးထားခဲ့သော နာမည်မဟုတ်ကြောင်း ဗကသဖွဲ့စည်းတည်ဆောက်ခြင်း (၈၃)နှစ်ပြည့် အခမ်းအနားစီစဉ်သူများကို ၁၉၆၂ခုနှစ် ဗကသများအဖွဲ့ချုပ်အတွင်းရေးမှူးဟောင်း ဦးလှရွှေက ပြစ်တင်ဝေဖန်လိုက်သည်။ ''မေလ ၈ရက်နေ့မှာ ဗကသဖွဲ့တယ်လို့ ကျွန်တော့အရှေ့က ဘယ် ဗကသခေါင်းဆောင်မှ ကျွန်တော့ကိုမိတ်ဆက်ပေးတာမရှိဘူး။ကျွန်တော်လဲ မေလ ၈ရက်နေ့ ဗကသဖွဲ့တယ်လို့ ဘယ်သူ့ကိုမှပြောခဲ့တာမရှိဘူး။အဲ့ဒါကို အရင်ပြောချင်တယ်။ ကျော်ကိုကိုပဲလုပ်လုပ် ။မကျော်ကိုကိုပဲလုပ်လုပ် ရမ်းမလုပ်နဲ့။သမိုင်းဆိုတာ ရမ်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး'' ဟု ၁၉၆၂ ခုနှစ် ဗကသဟောင်း ဦးလှရွှေက ပြောကြားသည်။



ယနေ့ နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်တွင်ပြုလုပ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဖွဲ့စည်းတည်ဆောက်ခြင်း (၈၃)နှစ်ပြည့် အခမ်းအနားကို မေလ ၈ရက်တွင်ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ၁၉၆၂ခုနှစ် ဗကသများအဖွဲ့ချုပ်အတွင်းရေးမှူးဟောင်း ဦးလှရွှေက အခမ်းအနားစီစဉ်သူများကို ဝေဖန်ပြစ်တင်လိုက်ခြင်းဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဖွဲ့စည်းတည်ဆောက်ခြင်း (၈၃)နှစ်ပြည့် အခမ်းအနားစီစဉ်သူများအပေါ်ဝေဖန်ုပသ်တင်မှုကို ၁၉၆၂ခုနှစ် ဗကသအတွင်းရေးမှူးဟောင်းဦးလှရွှေက အခမ်းအနား၌မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်သိသလောက် ၃၆ခုနှစ် ၊ဖေဖော်ဝါရီ ၂၆ရက်က ဗကသမွေးနေ့ဘဲ'' ဟု ၁၉၆၂ခုနှစ် ဗကသအတွင်းရေးမှူးဟောင်းဦးလှရွှေက ဆက်လက်ပြောကြားသည်။

ဗမနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သည် ၁၉၃၆ခုနှစ် ဒုတိယတက္ကသိုလ်ကျောင်းသား သပိတ်ကြီးအပြီးပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်အချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖြစ်သာ ရှိနေသည့်အတွက် တစ်နိုင်ငံလုံး၏ ကျောင်းသားအဖွဲ့အစည်းအစည်းကြီးတစ်ခုဖြစ်ပေါ်တည်ရှိလာရေးလိုအပ်ချက်အရ ဖွဲ့စည်းခဲ့ကြောင်းနှင့် ၁၉၅၁-၁၉၅၂ခုနှစ်တွင် ဗမနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအဖြစ်မှ ဗမနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment