Wednesday, May 8, 2019

ထိုင်းတွင် ရာသီဥတုပူပြင်းမှုကြောင့် လူ၎ဦးသေဆုံး၊ ရေအောက်သန္တာကျောက်ခက်အများအပြားပျက်စီး၊ ဆင်များနေရာပြောင်းရွှေ့

ထိုင်းနိုင်ငံတွင် ရာသီဥတု ပူပြင်းမှုကြောင့် လူ၎ဦးသေဆုံးကြောင်းသိရပြီး၊ ရေအောက် သန္တာကျောက်ခက်များ များစွာပျက်စီးသည်ဆို၏။ ပြီးခဲ့သည့် သောကြာနေ့က ၄၀ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ပူပြင်းခဲ့ပြီး တနင်္ဂနွေနေ့တွင် ၃၈ ဒီဂရီအထိပြန်လည်လျော့ကျသွားခဲ့သော်လည်း ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများတွင်မး ၄၂ ဒီဂရီအထိပူပြင်းနေမည်ဟုခန့်မှန်းကြသည်။



ထိုသို့ပူပြင်းမှုကြောင့် ထိုင်းနိုင်ငံ ဆူရင်ကျွန်းစုများ တ၀ိုက်ရေအောက်ရှိ သန္တာကျောက်ခက်များ ၈၀ရာခိုင်နှုန်းခန့် ပျက်စီးကြောင်း သိရသည်။ ယင်းဒေသရှိ ပင်လယ်ရေပြင် အပူချိန်သည် ၃၁ ဒီဂရီ ဆဲလ်စီးယပ်စ် အထိမြင့်တက်ခဲ့ပြီး သန္တာကျောက်ခက်များအတွက် အမြင့်ဆုံးအပူချိန်ဖြစ်သည့် ၂၉ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်ခဲ့သည်။

ထိုင်းနိုင်ငံအရှေ့ဖက် ချန်သာဘူရီမြို့အနီး ဘေးမဲ့တောမှ ဆင်အကောင်ရေ ၃၀ ခန့်တို့သည်လည်း နေရပ်ရွှေ့ပြောင်းကုန်ကြသည်ကို တနင်္လာနေ့က သိရသည်။ ယင်းသို့ ဆင်များနေရပ်ပြောင်းရွှေ့ကြခြင်းမှာ သောက်စရာရေရှားပါးမှုကြောင့်ဟုဆိုသည်။

No comments:

Post a Comment