Wednesday, May 8, 2019

စစ်ကိုင်းတိုင်း ကလေးမော်လိုက်အကျဉ်းထောင်တွင် ဆူပူမှု ဖြစ်ပွား

စစ်ကိုင်းတိုင်း ကလေးမော်လိုက် အကျဉ်းထောင်တွင် ဆူပူမှု ဖြစ်ပွားနေကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက ပြောကြားသည်။ ဆူပူမှုမှာ မေလ ၈ ရက် နံနက်မှ စတင်ကာ ဖြစ်ပွားနေခြင်းဖြစ်ပြီး ထောင်တစ်ခုလုံးရှိ အကျဉ်းသား အကုန်နီးပါး ပါဝင်ကြောင်း ကိုကျော်သက်ဝင်းက ပြောကြားသည်။ " လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးနဲ့ ထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို အဓိက တောင်းဆိုတာ။ တစ်ထောင်လုံး တောင်းဆိုနေတာ" ဟု ကိုကျော်သက်ဝင်းက ပြောကြားသည်။



နယ်သာလန်ကောင်စစ်ဝန်က သူ့နိုင်ငံ အကျဉ်းသားကို လာတွေ့တယ်။ သူတို့လာတွေ့ပြီး ၉ နာရီခွဲလောက်မှာ အကျဉ်းသားတွေက လွတ်ငြိမ်းချမ်းသာခွင့် စတောင်းတာပါ" ဟု ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက ပြောကြားသည်။

လက်ရှိတွင် ခရိုင်အာဏာပိုင်များ။ ထောင်တာဝန်ရှိသူများနှင့် အကျဉ်းသားများ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ကလေးမြို့ရှိ ကလေးမော်လိုက် အကျဉ်းထောင်တွင် အကျဉ်းသား ၂၀၃၁ ဦး ရှိကြောင်း သိရသည်။

No comments:

Post a Comment