Wednesday, May 8, 2019

စင်္ကာပူ မီဒီယာဥပဒေ အတိုက်အခံတွေ ကန့်ကွက်

စင်္ကာပူနိုင်ငံမှာ ဒီကနေ့ အတည်ပြုဖွယ်ရှိတဲ့ သတင်းမှားဖြန့်ချိမှု အရေးယူမယ့် ဥပဒေကို အတိုက်အခံ Workers’ Party က ကန့်ကွက်လိုက်ပါတယ်။ ဒီဥပဒေအရ လူမှုမီဒီယာကနေ သတင်းမှား သတင်းတု ဖြန့်ချိသူတွေကို ထောင်ဒဏ် ၁ဝ နှစ် သို့မဟုတ် ဒဏ်ငွေ စင်္ကာပူ ဒေါ်လာ ၁ သန်း အထိ ချမှတ်နိုင်ပါတယ်။ အဲဒီ ဥပဒေဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်မှာ မဟုတ်ဘူးလို့ တရားရေးဝန်ကြီး ရှန်မူဂမ်က ပြောပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဥပဒေကြောင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ထိခိုက်ပြီး အစိုးရကိုလည်း အခွင့်အာဏာ အလွန်အမင်း ပေးအပ်ရာ ရောက်စေတယ်လို့ ဝေဖန်နေကြပါတယ်။

No comments:

Post a Comment