Wednesday, May 8, 2019

မြန်မာနိုင်ငံ၌ တနှစ်လျှင် ကင်ဆာရောဂါ ခံစားနေရသည့် ကလေးငယ်ပေါင်း ၂၀၀၀ ခန့်ရှိနေ

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်ပေါင်း တနှစ်ကို အယောက် ၂၀၀၀ လောက်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။ ကလေးငယ်တွေမှာ အများဆုံးဖြစ်ပွားတဲ့ ကင်ဆာရောဂါတွေကတော့ သွေးကင်ဆာနဲ့ မျက်လုံးကင်ဆာရောဂါတွေဖြစ်ပြီး အချိန်မီ ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်တယ်လို့ ဒီကနေ့ မေလ ၈ ရက် ရန်ကုန်မှာ ကျင်းပတဲ့ ကလေးကင်ဆာထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ထုတ်ပြန် ပြောခဲ့တာပါ။



ဒီဆွေးနွေးပွဲကို  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ မကူးစက်နိုင်တဲ့ ရောဂါကာကွယ်နှိမ်နှင်းရေးဌာနခွဲ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ ရန်ကုန် ကလေးဆေးရုံကြီးတို့က  ပူးပေါင်း ကျင်းပတာဖြစ်ပါတယ်။

ကလေးကင်ဆာရောဂါ ကုသမှုနဲ့ ပတ်သက်တဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်ပြီး ကုသနိုင်ဖို့ အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားတဲ့ ကလေးငယ်တွေကိုတော့ ရန်ကုန်ကလေးဆေးရုံကြီးနဲ့ မန္တလေး ကလေးဆေးရုံကြီးတွေမှာ ကုသပေးနေပါတယ်။

No comments:

Post a Comment