Wednesday, May 8, 2019

ဒီကနေ့ အသက် (၄၈) နှစ်ပြည့်မွေးနေ့ကို ကျရောက်လာတဲ့ ပရိသတ်အချစ်တော် ထက်ထက်မိုးဦး

Image may contain: 3 people, people smiling, people standingနိုင်ငံကျော် ရုပ်ရှင်မင်းသမီးချော ထက်ထက်မိုးဦးကတော့ ယနေ့တိုင်အောင် ပရိသတ်တွေရဲ့ရင်ထဲမှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ နေရာယူထားဆဲ ဖြစ်ပါတယ်။ တစ်ချိန်က ကြော်ငြာများစွာ ရိုက်ကူးခဲ့ရတဲ့ သူမက ကြော်ငြာဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံရသူဖြစ်ပြီး အများနဲ့မတူတဲ့ ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထက်ထက်က အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်နေတာတွေ့ရပါတယ်။


အချိန်တွေအတော်ကြာအောင် ပြောင်းလဲသွားပေမယ့်လည်း ပရိသတ်တွေရဲ့အချစ်တော် ထက်ထက်ကတော့ ယခုချိန်ထိ မပြောင်းမလဲဘဲ နုပျိုနေဆဲ ဖြစ်ပါတယ်။ ကလေးမျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ ထက်ထက်က လတ်တလောမှာ ကြော်ငြာတွေနဲ့ Photo shooting လေးတွေ အဓိကရိုက်ကူးနေတာဖြစ်ပါတယ်။

ဒီနေ့ကတော့ ပရိသတ်အချစ်တော် ထက်ထက်မိုးဦးရဲ့ အသက် (၄၈) နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ထက်ထက်မိုးဦးတစ်ယောက်ရှေ့ဆက်လျှောက်လမ်းမယ့် အနာဂတ်မှာ အောင်မြင်ပျော်ရွှင်မှုတွေ များစွာရရှိပါစေလို့ စွယ်စုံသတင်းစုံကနေ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း ထက်ထက်အတွက် မွေးနေ့ဆုတောင်းစကားတွေ ရေးပေးခဲ့ကြပါဦးနော် ။

No comments:

Post a Comment