Wednesday, May 8, 2019

လက်ရှိအချိန်ဟာ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုပမာဏကြီးမားသူများက လေ့လာချိန်ဆမှုတွေဆောင်ရွက်နေကြချိန်ဖြစ်တယ်လို့ DICA ညွှန်ချုပ်ပြော

မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအနက် ရင်းနှီးမြုပ်နှံမှုပမာဏကြီးမားသူအများစုဟာ ပြည်တွင်းရှိ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများအပါအဝင်ဈေးကွက်အခြေအနေတွေကို ချိန်ဆလေ့လာနေချိန်ဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ရဲ့ခေတ္တညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်ကပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက နေပြည်တော် Park Royal Hotel မှာကျင်းပတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက်ဝန်ကြီးဌာနပေါင်းစုံအလုပ်ရုံဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။



"နိုင်ငံတကာရင်းနှီးမြုပ်နှံသူတွေက risk ဖြစ်မယ့်ဟာတွေကိုချိန်ဆနေတာဖြစ်တယ်၊ လုပ်ထုံးလုပ်နည်းတွေမူဝါဒတွေကို လေ့လာနေတာဖြစ်တယ်။ လုပ်ငန်းအကြီးကြီးလုပ်တဲ့သူတွေက စောင့်ကြည့်နေကြတာမျိုးဖြစ်ပါတယ်"လို့ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင် ဆိုပါတယ်။

မြန်မာနိုင်ငံကိုလတ်တလောမှာအသေးစားနဲ့အလတ်စား နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေသာ ဝင်ရောက်နေတာဖြစ်ပေမယ့်ဟမကြာခင်မှာအကြီးစား လုပ်ငန်းတွေက ဝင်ရောက်လုပ်ကိုင်လာဖွယ်ရှိနေတယ်လို့လည်း သူက အခုလိုဆက်ပြောထားပါတယ်။

"ဒီနေ့ရင်းနှီးမြုပ်နှံမှုမရှိဘူးဆိုပေမယ့်မနက်ဖြန်မှာရှိချင်ရှိသွားနိုင်ပါတယ်။ ဘာကြောင့်ဒီလိုပြောနိုင်တာလည်းဆိုရင် ကျွန်တော်တို့ဌာနက အပြည်ပြည်ဆိုင်ရာရင်းနှီးမြုပ်နှံသူတွေကအရင်ဆုံးလာရောက်စုံစမ်းကြတဲ့ဌာနဖြစ်လို့ပါ။ ဒီလုပ်ငန်းကိုဘယ်သူတွေလုပ်လည်း၊ ဘယ်လိုလုပ်လည်းဆိုတာမျိုးတွေလုပ်ထားတဲ့နေရာမှာဘာအခက်အခဲတွေရှိလဲဆိုတာတွေမေးကြတာပါ။ ဒါကြောင့်ဒီနေ့မရှိပေမယ့် မနက်ဖြန်မှာရှိလာနိုင်ပါတယ်"လို့ ဆိုပါတယ်။

ဒီကနေ့ကျင်းပတဲ့အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာစေရန် ဆက်စပ်သည့် ဝန်ကြီးဌာနများ မှအကြီးတန်းအရာရှိများတက်ရောက်နေပြီး ပြုပြင်ဆောင်ရွက်ရမယ့် အခြေအနေတွေနဲ့လျှင်မြန်စွာပြောင်းလဲရမယ့်လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။

No comments:

Post a Comment