Wednesday, May 8, 2019

"ကမ္ဘာကြက်​​ခြေနီ​နေ့အထိမ်းအမှတ်​ လှုပ်​ရှားမှု ပြုလုပ်​"

ကမ္ဘာကြက်​​ခြေနီ​နေ့အထိမ်းအမှတ်​ဖြင့်​ ယ​နေ့နံနက်​၆နာရီခွဲအချိန်​တွင်​ ပဲခူး​ဆေးရုံကြီးမှစတင်​ကာ အမှိုက်​​ကောက်​ခြင်းလှုပ်​ရှားမှုများ ကို ပဲခူးတံတာကြီးထိလည်း​ကောင်း၊ရှင်​​စောပုရပ်​ကွက်​တို့တွင်​လည်း​ကောင်း၊လိပ်​ပြာကန်​တွင်​လည်း​ကောင်း၊ပဲခူးမြို့သ​ပြေကုန်​ဘိုးဘွားရိပ်​သာတို့တွင်​လည်းပြုလုပ်​မည်​ဟုသိရပါသည်​။ ထိုလှုပ်​ရှားမှုကို ပဲခူးတိုင်းကြက်​​ခြေနီတပ်​ဖွဲမှဦး​ဆောင်​ကာ တိုင်းကြက်​​ခြေနီတပ်​ဖွဲ့ဝင်​များ၊ကြက်​​ခြေနီ​ကော်​မတီဝင်​များ၊ရဲတပ်​ဖွဲ့ဝင်​များ၊​ကျောင်းကြက်​​ခြေနီတပ်​ဖွဲ့များနှင့်​ ​စေတနာ့အမှန်​(LGBD)အဖွဲ့တို့ ပူး​ပေါင်းပါဝင်​လှုပ်​ရှားခဲ့သည်​။


"​မေလ၈ရက်​​နေ့ဆိုတာ ကမ္ဘာကြက်​​ခြေနီ​နေ့လို့သတ်​မှတ်​ထားတယ်​​ပေါ့​နော်​ အဲ့ထဲကမှ ဆရာတို့ကအရင်​တုန်းက​တော့အခမ်းအနားကျင်းပတာ​ပေါ့ ကြက်​​ခြေနီ​နေ့အခမ်းအနား​ပေါ့၊ ဒီနှစ်​က​တော့ထူးထူးခြားခြား အန်​ကယ်​တို့က ပြည်​လုံးကျွတ်​ပြည်​သူ့အကျိုးပြုလုပ်​ငန်းစဉ်​​တွေ အဲ့တာ​တွေ​ဆောင်​ရွက်​တာ​ပေါ့ အမှိုက်​​ကောက်​ခြင်း တံမြက်​စည်းလှည်းခြင်း ​မြောင်း​ဖော်​ခြင်း ဒီလုပ်​ငန်း​လေး​တွေ​ပေါ့"ဟု ပဲခူးတိုင်း ကြက်​​ခြေနီတပ်​ဖွဲ့မှုးဦးဟန်​​အောင်​က ​ပြောသည်​။

ပဲခူးမြို့ကြက်​​ခြေနီအဖွဲ့သည်​ ​ရှေ့ဦးပြုစုခြင်း သင်​တန်းများ​ပေးခြင်း သဘာဝ​ဘေးအန္တရာယ်​ တားဆီးကာကွယ်​​ရေး နဲ့ကယ်​ဆယ်​​ရေးလုပ်​ငန်း​တွေကိုလုပ်​​ဆောင်​လျက်​ရှိ​ကြောင်းသိရသည်​။

No comments:

Post a Comment