Wednesday, May 8, 2019

ဝေါမြို့တွင် ဘုရားဖူး Express ယာဉ်တစ်စီး တရားမဝင်ပိတောက်သားများ တင်ဆောင်လာစဉ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားမဝင် ပိတောက်သစ်ခွဲသားများကို တိုင်းတာစစ်ဆေးနေစဉ်ေဝါျမို့တြင္ မေ ၅ ရက် မွန်းလွဲ ၂ နာရီခန့်က ဘုရားဖူး နထစမနျ ယာဉ်တစ်စီးဖြင့် တရားမဝင် ပိတောက်သစ်ခွဲသား သုံးတန်ခန့်ကို တင်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၅ ရက် မွန်းလွဲ၂ နာရီ ၁ဝမိခန့်က ပဲခူးခရိုင်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး စောသိန်းထွန်း၊ ဝေါမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ထွန်းထွန်းဝင်း၊ ဝေါမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအုပ် ရဲလွင်တို့ပါဝင်သော စုပေါင်း အဖွဲ့သည် သတင်းပေးချက်အရ
ဘုရားကြီးမြို့ဘက်မှ ကျိုက်ထိုဘက်သို့ ယာဉ်မောင်း အောင်ကိုလတ် အသက် ၄၀ (အဘ ဦးထွန်းစိန်) ဆိုသူနှင့် ယာဉ်နောက်လိုက် မောင်ဇော် (ခ) သိန်းဇော်ဝင်း ၂၈ နှစ်၊ (အဘ ဦးလှဖေ) ဆိုသူ မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့ နေသူနှစ်ဦးတို့မောင်းနှင်စီးနင်းလာသော ယာဉ်အမှတ် YGN/8I/…ဘုရားဖူး Express ယာဉ်အား ဝေါမြို့နယ် သစ်တောရုံးရှေ့ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး မိုင်တိုင် ၇၀/၂ တွင် ရပ်တန့်စစ်ဆေးရာ တရားမဝင် ပိတောက်သစ်ခွဲသား သုံးတန်ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“သွားဖမ်းတဲ့အထဲမှာတော့ ကျွန်တော်မပါဘူး။ ကျွန်တော်ကတော့ ဒီအမှုရဲ့အမှုစစ်ပါ။ နယ်ထိန်းခေါင်းဆောင်နဲ့ သစ်တောအဖွဲ့တွေပူးပေါင်းပြီး ပူးပေါင်းအဖွဲ့က ဖမ်းမိတာပါ။ နေရာကတော့ ဝေါမြို့ငွေကောက်ခံတဲ့ ဂိတ်နားမှာလို့သိရပါတယ်။ မသင်္က࿿ာလို့ တားပြီးစစ်လို့မိတာပါ။ အခုသစ်တောအဖွဲ့ ကနေပြီး တရားလိုလုပ်အမှုဖွင့်ထားပါတယ်။သစ်တောဥပဒေပုဒ်မ ၄၂ (က)နဲ့ ဖွင့်ထားပါတယ်” ဟု ဝေါမြို့မရဲစခန်းမှ ရဲအုပ်ဇော်လင်းက ပြောကြားသည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ Express ဘုရားဖူးယာဉ်မောင်းနှင့် နောက်လိုက်တို့အား ဖမ်းဆီးထားပြီး ဝေါမြို့မရဲစခန်းတွင် ဝေါမြို့နယ်သစ်တောဦးစီးဌာနမှ တရားလိုလုပ်တိုင်တန်း၍ သစ်တောဥပဒေပုဒ်မ ၄၂ (က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment