Wednesday, May 8, 2019

ရခိုင်ပဋိပက္ခပြေငြိမ်းရေးကို အခက်အခဲကြားမှ အစိုးရ ဖော်ဆောင်နေဟုဆို

ရခိုင်ပဋိပက္ခပြေ ငြိမ်းရေးအတွက် အစိုးရအနေဖြင့် အခက်အခဲကြားမှ အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောကြားလိုက်သည်။ေ မ ၆ ရက် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ် တွင်ပြုလုပ်စဉ် ပြည်ထောင်စုဝန် ကြီးက သတင်းမီဒီယာများကို ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



""၂၀၁၈ ခုနှစ်တစ်နှစ်လုံးမှာ အ ခက်အခဲကြားက အကောင်အထည် ဖော်ခဲ့သလို ၂၀၁၉ ခုနှစ်မှာလည်း ဆက်လက်ပြီးတော့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားပြီး တော့ ထပ်ပြီးတော့အကောင်အ ထည်ဖော်နေပါတယ်""ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။
အစိုးရသစ်တက်လာသည့် အ ချိန်တွင်လည်း ရခိုင်ဒေသအတွင်း ရေရှည်ပဋိပက္ခကင်းဝေးစေရန် အဓိကဆောင်ရွက်ခဲ့ကြောင်း၊

ရေရှည်ပဋိပက္ခကင်းဝေးစေရန်မှာ ပဋိပက္ခအကြောင်းရင်းများကို ဖော်ထုတ်ပြီးမှ စနစ်တကျဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း ゞင်းက ဆိုသည်။
""စနစ်တကျဆောင်ရွက်နိုင်မယ်လို့ယူဆပြီးတော့ မစ္စတာ ကို ဖီအာနမ်ကော်မရှင်ဆိုတာ ဖွဲ့ စည်းခဲ့တယ်။ အဲဒီကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီးတော့ သူကနေပြီး အကြံပြုချက်တွေ ထွက်ပေါ်လာ တယ်။ အဲဒီအကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ အစိုးရ ကဆောင်ရွက်တာပေါ။့ အစိုးရ ဆောင်ရွက်တော့ အကြံပြုချက် တွေထဲမှာ တကယ်ပဲရခိုင်ဒေသ အတွက် အကျိုးရှိမယ့်ကိစ္စတွေ၊ နောက်ပြီးတော့ နိုင်ငံအတွက် အကျိုးဖြစ်မယ့်ကိစ္စတွေ၊ ဒါတွေ ကို ကျွန်တော်တို့အကောင်အထည် ဖော်ခဲ့တယ်ပေါ့။ အဲဒီလိုအကောင် အထည်ဖော်ခဲ့တာ တစ်နှစ်ခွဲလောက် ရှိသွားပြီပေါ့""ဟု ဒေါက်တာဝင်း မြတ်အေးက ပြောသည်။

အစိုးရအနေဖြင့်လည်း ရခိုင် ဒေသအတွင်း ပဋိပက္ခချုပ်ငြိမ်း ရေးအတွက် အကောင်အထည် ဖော်မှုနှင့်ပတ်သက်ပြီး အကြံပြု ချက်များသည် ထိုဒေသအတွက် အကျိုးပြု၊မပြုကိုဆန်းစစ်ခဲ့ကြောင်း ဝန်ကြီးကဆက်လက်ပြောသည်။""အကြံပြုချက်တွေရပြီးတဲ့ အခါမှာလည်း ဒီအကြံပြုချက်တွေ ကြည့်လိုက်တဲ့အခါကျတော့ ဒီဒေ သမှာ တကယ်လိုအပ်တဲ့အချက် တွေကို တွေ့ရှိရတယ်။ ဒါတွေကို ကျွန်တော်တို့က ဆက်လက်အ ကောင်အထည်ဖော်တယ်ပေါ့။ အ ကောင်အထည်ဖော်နေတဲ့ကြား မှာပဲ ပဋိပက္ခတွေရှိနေသေးတယ်။ ပိုပြီးတော့ နယ်မြေလုံခြုံရေးတို့၊ ဘာတို့ထိပါးလာတဲ့ကိစ္စတွေရှိသေး တာပေါ့။ ဆန်းစစ်ကြည့်တော့ အ ကျိုးရှိတဲ့ကိစ္စတွေ အများကြီးတွေ့ ရတယ်။ အဲဒီတော့ ကျွန်တော် တို့အခက်အခဲကြားကပဲ အကောင် အထည်ဖော်ခဲ့ပါတယ်""ဟု ၄င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ဏမွေျုသပေူ ဟိုတယ် တွင် မေလ ၆ ရက်မှ မေ ၇ ရက် အထိ နှစ်ရက်တာ ပြုလုပ်နေခြင်း ဖြစ်သည်

No comments:

Post a Comment