Wednesday, May 8, 2019

ဆရာဒဂုန်တာရာသို့ အလွမ်းပြေ

ဆရာ့ကို အပြင်မှာ ပထမဆုံး စတွေ့ဖူးခဲ့တာ (၃၃)လမ်းထဲက စာပေသမားများ စုဝေးရာ လေ ထန်ကုန်းမှာပါ။ အဲသည်တုန်းက ကျွန်တော်က ဆရာဦးဝင်းခက် အယ်ဒီတာချုပ်လုပ်တဲ့ ပန်ရုပ်စုံ မဂ္ဂဇင်းမှာ တောက်တိုမည်ရပါ။ ၁၉၈၆ ခု နိုဝင်ဘာလရဲ့ တစ်ည နေခင်းမှာ ပန်မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင်အစ်ကို မုံရွာအောင်ရှင်နဲ့ ကျွန်တော်ဟာ ပန်မဂ္ဂဇင်းတည် ရာ ဆိပ်ကမ်းသာလမ်းကနေ (၃၃)လမ်း လေထန်ကုန်းကို ထွက်ခဲ့ ကြပါတယ်။ အကြောင်းကိစ္စက ဝတ္ထုသရုပ်ဖော်ပုံအတွက် ပန်းချီ ကိုဝင်းသိန်းကို ပုံအပ်ဖို့ပါ။
အဲဒီ နေ့က လေထန်ကုန်းမှာ ကိုဝင်း သိန်းနဲ့ မတွေ့ခဲ့ပေမယ့် ကျွန် တော့်အတွက် အင်မတန်အဖိုး တန်တဲ့ အမှတ်တရနေ့လေးတစ် နေ့ ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆို တော့ ကျွန်တော် လေးစားကြည် ညိုရတဲ့ ဆရာကြီးသုံးပါးကို လေ ထန်ကုန်းမှာ တစ်ပြိုင်တည်း တွေ့ ခွင့်ရလိုက်လို့ပါ။ သူတို့ကတော့ ဆရာဒဂုန်တာရာ၊ ဆရာမောင် သာရနဲ့ ဆရာကိုလေး (အင်းဝ ဂုဏ်ရည်)တို့ ဖြစ်ပါတယ်။
အဲဒီမတိုင်ခင်အထိ သူတို့ကို ကျွန်တော် တစ်ခါမျှ အပြင်မှာ အနီးကပ် မမြင်ဖူးသေးပါဘူး။ ဆရာမောင်သာရကတော့ သာရ မဂ္ဂဇင်းလုပ်နေတာမို့ တစ်ခါတစ်ရံသူ့တိုက်ရှေ့က ဖြတ်သွားတဲ့အခါ ခပ်လှမ်းလှမ်းက မြင်ဖူးပေမယ့် ဆရာဒဂုန်တာရာနဲ့ ဆရာကိုလေး (အင်းဝဂုဏ်ရည်)ကိုတော့ ခုမှပဲ နဖူးတွေ့ ဒူးတွေ့မြင်ဖူးပါတယ်။ ကိုယ်လေးစားကြည်ညိုတဲ့ ဆရာ ကြီးတွေကို အနီးကပ် အပြင်မှာ မြင်လိုက်ရလို့ ဖြစ်လာတဲ့ ရင်ထဲ က ခံစားမှုကို ဘယ်လိုစကားလုံး နဲ့မှ ပုံဖော်ရေးပြလို့မရနိုင်ပါဘူး။ အစ်ကို မုံရွာအောင်ရှင်က ခုံပု ကလေးဆွဲပြီး သူတို့နားသွားထိုင် တော့ ကျွန်တော်လည်း လိုက်ထိုင် ပါတယ်။ ဒီလိုနဲ့ ဆရာကြီးသုံးပါး ရဲ့ ဝိုင်းနားမှာ ကျွန်တော်သိတဲ့သူ တွေရော၊ မသိတဲ့သူတွေရော အ များကြီးဖြစ်လာပါတယ်။ အမှတ် မထင် နားထောင်ခွင့်ရခဲ့တဲ့ ဆရာ ကြီးသုံးပါးရဲ့ စာပေစကားဝိုင်း လေးမှာ ဆရာဒဂုန်တာရာကို စတွေ့ဖူးခဲ့ပါတယ်။

နောက်တော့ ပန်မဂ္ဂဇင်း အယ်ဒီတာချုပ်ဖြစ်တဲ့ ဆရာ ဦးဝင်းခက်ရဲ့ ခိုင်းစေမှုအရ ကျွန် တော်ဟာ ဆရာဒဂုန်တာရာနေ ထိုင်ရာ မှော်ဘီကျေးလက်ကို လတိုင်းနီးပါးလောက် ရောက် သွားခဲ့ရပါတယ်။ ဆရာက ကျွန် တော်တို့ ပန်မဂ္ဂဇင်းမှာ ကဏ္ဍနှစ် ခု ပင်တိုင်ရေးပါတယ်။ ဒဂုန်တာ ရာအမည်နဲ့ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ၊ မောင်စိမ်း မြအမည်နဲ့ ပင်လယ်ဖြတ်သန်း တောင်တန်းကျော်၍တို့ ဖြစ်ပါ တယ်။ အဲဒီကဏ္ဍနှစ်ခုအတွက် ဆရာ့ဆီက စာမူသွားတောင်း တာ၊ မေတ္တာလက်ဆောင်စာအုပ် နဲ့ စာမူခသွားပေးတာကို အစ်ကို မုံရွာအောင်ရှင်နဲ့ ကျွန်တော့်ကို မဂ္ဂဇင်းတိုက်က တာဝန်ပေးထား ပါတယ်။ ဆရာ့ဆီကို ကျွန်တော် သွားရတာများပါတယ်။ ကျွန် တော်တို့ မဂ္ဂဇင်းတိုက်မှာ လက်တိုလက်တောင်းခိုင်းဖို့ ခန့်ထားတာ နှစ်ယောက်ရှိပါတယ်။ ကျွန်တော် နဲ့ နောက်တစ်ယောက်ကတော့ နောင်ဗီဒီယိုလောကမှာ အတွေး အရေးမောင်ကြည်စိန်လို့ ထင်ရှား လာမယ့်သူပါ။ မောင်ကြည်စိန်က စာပေစိစစ်ရေးနဲ့ စက္ကူ၊ ပုံနှိပ်မင် ထုတ်တဲ့ဘက်မှာ တာဝန်ယူရပါ တယ်။ ကျွန်တော်ကတော့ အယ် ဒီတာတွေတောင်းထားတဲ့ စာမူ တွေကို စာရေးဆရာကြီးတွေဆီ လိုက်ယူရပါတယ်။ တစ်ခါတလေ လည်း အပ်ပြီးသား ပန်းချီပုံတွေ ကို ပန်းချီဆရာအများစု ထိုင်တတ်တဲ့ (၃၇)လမ်းနဲ့ (၃၃)လမ်းက လက်ဖက်ရည်ဆိုင်တွေမှာ သွား ရှာပြီး တောင်းရပါတယ်။ ကျွန် တော်ဟာ အဲဒီအလုပ်တွေကို မညည်းမညူပျော်ပျော်ကြီးလုပ် ရင်း ဆရာဒဂုန်တာရာနဲ့ ရင်းနှီးခဲ့ ပါတယ်။

ကျွန်တော်နဲ့ သိကျွမ်းရင်းနှီး တဲ့အချိန်မှာ ဆရာ့အသက်က (၇၀)နားနီးနေပါပြီ။ ဆရာ့မျက် လုံးတွေက မျက်မှန်အထူကြီးတပ် ထားတာတောင် မှုန်တိမှုန်မွှားပဲ မြင်နိုင်ပါတော့တယ်။ ဒါကြောင့် ကျွန်တော် ရောက်သွားတဲ့အခါ ဆရာ့ကို စာဖတ်ပြရပါတယ်။ မဂ္ဂဇင်းဆိုလည်း မာတိကာအရင် ဖတ်ခိုင်းပြီး အဲဒီထဲကမှ သူနား ထောင်ချင်တဲ့ ဝတ္ထု၊ ဒါမှမဟုတ် ဆောင်းပါးတစ်ပုဒ်ပုဒ်ကို ဖတ်ခိုင်း တတ်ပါတယ်။ ဆရာဟာ စာရေး တဲ့အခါ စကားလုံးအနုအရွလေး တွေ တီထွင်သုံးတတ်သလို စကားပြောရင်လည်း လေသံအေးအေး ကလေးနဲ့ တိုးတိုးညင်းညင်းပြော တတ်ပါတယ်။ ဘယ်တော့မှ ‘မင်း၊ ငါ’ မသုံးပါဘူး။ ဘာမှမဟုတ်တဲ့ကျွန်တော်တို့လို ချာတိတ်တစ် ယောက်ကိုတောင် ‘ကို’ တပ်ပြီး ခေါ်တာပါ။ သူ့ကိုယ်သူလည်း ‘ကျွန်တော်’လို့ပဲ သုံးတာပါ။

ဆရာ့ကို လူငယ်တွေ ချစ် ခင်လေးစားကြည်ညိုတာ အဲဒီအ ချက်တွေက ထိပ်ဆုံးကပါမယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်က တော့ လူငယ်တွေကို နားလည် တတ်တာပါ။ တချို့ဆရာကြီးတွေ က လူငယ်တွေကို အထင်သေး တတ်ပါတယ်။ လူငယ်တွေမှား ရင် ပြက်ရယ်ပြုတတ်ပါတယ်။ ဆရာဒဂုန်တာရာကတော့ လူငယ် တွေ အယူအဆလွဲနေရင်တောင် ကိုယ်ဖြစ်စေချင်တာကို လေသံ အေးအေးကလေးနဲ့ ပြောတတ်သူ ပါ။ ငါပြောတာ အမှန်၊ ငါနဲ့အယူ အဆမတူရင် လက်မခံဘူးဆိုတဲ့ ငါတကောကောတတ်တဲ့ ဆရာ ကြီးမျိုးမဟုတ်ပါဘူး။ ဆရာ ဟာ စိတ်ထားနူးညံ့ပျော့ပျောင်း သလောက် စိတ်ဓာတ်အလွန်မာ ကျောလှပါတယ်။ သူယုံကြည်ရာ ကိုသာ တစိုက်မတ်မတ် လုပ်တတ်သူပါ။ ဒါပေမဲ့ ဘယ်သူနဲ့ဖြစ်ဖြစ် ဒေါသအလျောက် မာမာထန်ထန် ပြောဆိုဆက်ဆံတယ်ဆိုတာ မရှိ ပါဘူး။ အဲဒီအချက်တွေကပဲ ဆရာ့ကို လူငယ်တွေ လေးစားကြည်ညို ကြခြင်းဖြစ်မယ်လို့ ထင်ပါတယ်။

ဆရာနဲ့ ပတ်သက်ပြီး ကျွန် တော့်မှာ အမှတ်ရစရာတွေ အ များကြီးရှိပါတယ်။ အဲဒီအထဲမှာ ဆရာ့ဇာတိကိစ္စက ထိပ်ဆုံးက ပါပါတယ်။ ဆရာဒဂုန်တာရာရဲ့ ဇာတိကို ဆရာ့ကိုယ်ရေးအကျဉ်း မှာ ‘ကျိုက်လတ်မြို့နယ် ထိုင်ကူ မြစ်တန်းရွာ’လို့ ဖော်ပြလေ့ရှိပါ တယ်။ အခုထိလည်း နဝမတန်း ကဗျာလက်ရွေးစင်၊ ဆရာ့ရဲ့ နှင်း ယွန်းဟေမန် ကဗျာမိတ်ဆက်မှာ ‘ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ် တန်းရွာ’လို့ ဖော်ပြဆဲဖြစ်ပါ တယ်။ ဆရာ့ဆီ အရောက်အ ပေါက်များလို့ သားတပည့်လို ရင်း နှီးလာတဲ့အခါ ဆရာ့ဇာတိ ထိုင်ကူမြစ်တန်းရွာဟာ ကျိုက်လတ်အ ပိုင်မဟုတ်ဘဲ ဒေးဒရဲပိုင်ဖြစ်တဲ့အ ကြောင်းနဲ့ ဆရာနဲ့ ကျွန်တော် တစ်မြို့တည်းသားချင်းဖြစ်တဲ့အ ကြောင်း ပြောပြလိုက်ပါတယ်။ ဆရာကတော့ သူ့ထုံးစံအတိုင်း ဘာမှမပြောဘဲ ပြုံးနေခဲ့ပါတယ်။ အခုဆိုရင် ဒေးဒရဲနဲ့ ထိုင်ကူမြစ် တန်းကို ကုန်းလမ်းခရီးပေါက်နေ ပြီမို့ ဆိုင်ကယ်နဲ့ သွားရင်တောင် တစ်နာရီထက် ပိုမကြာတော့ပါ ဘူး။ ဆရာသာ သက်ရှိထင်ရှားရှိ သေးလို့ ဒီအကြောင်းပြောပြရင် လည်း ဆရာ့ထုံးစံအတိုင်း ဘာမှ ပြန်မပြောဘဲ ပြုံးနေမှာပဲလားလို့ ကျွန်တော်တွေးရင်း ဆရာ့ကို လွမ်းနေမိပါတယ်။

ဆရာ့ကို သတိရတဲ့အထဲမှာ ကျွန်တော် မှော်ဘီကပြန်တိုင်း ကားလမ်းမကြီးအထိ လိုက်လိုက် ပို့တာလည်း ပါပါတယ်။ ဆရာက အမြင်အာရုံမကောင်းလို့ လိုက် မပို့ပါနဲ့လို့ ဘယ်လောက်ပြော ပြော မရပါဘူး။ ဆရာ့တူမ ဆရာမသင်းမြစန္ဒီက ဆရာ့ကို စိတ်မချ တော့ နောက်က လိုက်လိုက်လာ ရပါတယ်။ တိုက်ကြီးဘက်ကလာ တဲ့ ဟိုင်းလတ်ကားလေးပေါ် ကျွန် တော်ထိုင်မိပြီး ကားထွက်တော့မှ ပဲ ဆရာတို့ တူအရီးနှစ်ယောက် ပြန်ကြပါတယ်။ ဆရာ့အိမ်ရောက်တဲ့ အခါလည်း ထမင်းစားမလားလို့ ဘယ်တော့မှ မမေးပါဘူး။ ဆရာမသင်းမြစန္ဒီကို အတင်းထမင်းခူး ခိုင်းပြီး ကျွေးတော့တာပါပဲ။ ထမင်းစားပြီးရင်လည်း ဆရာ့ခြံ ထဲကထွက်တဲ့ သင်္ဘောသီးတွေခွဲ ပြီး ကျွေးပါသေးတယ်။ အခု ဒီစာ ရေးရင်းတောင် မှော်ဘီက ဆရာ့ အိမ်ကလေးကို မျက်လုံးထဲ ပြန် မြင်ယောင်နေမိပါတယ်။

၁၉၈၉ မေလ ၁၀ ရက်။ မနက် ၈ နာရီလောက် လှည်းတန်း ရောက်သွားတော့ တက္ကသိုလ်ရိပ် သာလမ်းထောင့် အဝိုင်းကြီးနား (အခု သန့်စင်ခန်းရှေ့)မှာ ကိုသာ ချိုတို့အုပ်စုကို တွေ့လိုက်ရတယ်။ သူတို့က ဟိုင်းလတ်ကားတစ်စီး ပေါ် တက်နေကြပြီ။ ကိုသာချိုက ကျွန်တော့်ကိုမြင်တော့ လှမ်းပြီး ‘‘ဟေ့လူ၊ မှော်ဘီသွားမလို့၊ လိုက် မလား’’တဲ့။ ကျွန်တော်လည်း ဘာမှမေးမနေဘဲ ‘လိုက်မယ်’ဆိုပြီး ကားပေါ်တက်လိုက်လာခဲ့တယ်။ ကားပေါ်ရောက်မှ ဆရာဒဂုန်တာ ရာရဲ့ အသက် (၇၀)ပြည့် မွေးနေ့ ပွဲသွားမှန်းသိရတယ်။ ဘာလက် ဆောင်မှလည်းမပါ။ ကိုသာချိုတို့ အုပ်စုနဲ့ ကပ်လိုက်သွားခဲ့ရတဲ့ ပထမဆုံးနဲ့ နောက်ဆုံးရောက်ခဲ့ ဖူးတဲ့ ဆရာ့ရဲ့ မွေးနေ့ပွဲလေး။

ဆရာဟာ အမြင်အာရုံ မကောင်းပေမယ့် အကြားအာရုံ တော့ အတော်ကောင်းတယ်။ ဆရာ့အိမ်ရောက်လို့ ဆရာရှိရာ ကိုသွားပြီး လက်ဆွဲနှုတ်ဆက်ရင်း ‘ဆရာနေကောင်းလား’လို့ ဆို လိုက်တော့ ကျွန်တော့်လက်ကို အားရပါးရဖမ်းဆုပ်ပြီး ‘ကိုမင်းသန်းထိုက်မို့လား’လို့ ပြန်နှုတ်ဆက်ပါတယ်။ အရေးအခင်းကာလ တစ်နှစ်ကျော်ကျော်မတွေ့ဖြစ်တဲ့ ကျွန်တော့်အသံကို ဆရာကောင်းကောင်း မှတ်မိနေပါတယ်။

ဆရာ့မွေးနေ့ပွဲက နိုင်ငံခြားသံတမန်တွေ၊ စာနယ်ဇင်းတွေ၊ တပည့်သားသမီးတွေနဲ့ အတော်စည်ကားလှပါတယ်။ မနက် ၁၀ နာရီခွဲလောက်မှာ သက်ဆိုင်ရာက လူစုလာခွဲခိုင်းတာနဲ့ ကျွန်တော်တို့ အုပ်စုတွေ ရွာထဲက ကဗျာဆရာ ကိုသစ်ငြိမ်း (ယခု ရဟန်းဝတ်)အိမ်ကို ရွှေ့ခဲ့ရပါတယ်။ ဆရာ့အိမ်က ပြန်ခါနီး ကျွန်တော်တို့ လူငယ်တွေ ဆရာ့ကို ထိုင်ကန်တော့ကြတော့ ဆရာပေးခဲ့တဲ့ဆုကို ခုထိ ကျွန်တော် မှတ်မိနေပါတယ်။ ‘အရေးတော်ပုံ အောင်ကြပါစေကွာ’တဲ့။

အဲဒီနောက်ပိုင်း ကျွန်တော် လည်း ရွာလေးတစ်ရွာမှာ ကျေး လက်ကျောင်းဆရာလေးအဖြစ် ဇာတ်မြှုပ်နေခဲ့ပါတယ်။ အ ကြောင်းကြောင်းကြောင့် စာပေ အသိုင်းအဝိုင်းနဲ့လည်း အဆက် ပြတ်သွားလို့ ဆရာမှော်ဘီကနေ အောင်ပန်း ရောက်သွားတာ တောင် အချိန်အတော်ကြာမှ သိရပါတယ်။ ဆရာ့မွေးနေ့ပွဲကို တစ် ခါလောက်တော့ ရောက်အောင် သွားဦးမယ်လို့ စိတ်ကူးထဲမှာ ရှိ ပေမယ့် ၂၀၁၃ ခုနှစ် ဆရာကွယ် လွန်တဲ့အထိ မရောက်ဖြစ်ခဲ့ပါ ဘူး။

ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလ ထဲက မန္တလေးကို အလည်သွား ရင်း အမရပူရမြို့ တောင်လေးလုံး ကျောင်းတိုက်ကို ကျွန်တော် ရောက်အောင်သွားခဲ့ပါတယ်။ ဆရာ့အထိမ်းအမှတ်ပြုလုပ်ထား တဲ့ ကမ္ပည်းတိုင်ကို ဦးညွှတ်ရင်း ဆရာ့ကို လွမ်းနေမိပါတယ်။ ဆရာ့အုတ်ဂူရှိရာ အောင်ပန်းကိုလည်း တစ်နေ့နေ့တော့ ရောက်အောင် သွားပြီး ဆရာ့ကို ကျွန်တော် ဦးချ ကန်တော့မှာပါ။ ဆရာမြင်ချင်တဲ့ ငြိမ်းချမ်းရေးကတော့ အခုထိ မှုန် ဝါးဝါးပဲ ရှိပါသေးတယ်ဆရာ။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်မပျက် ပါဘူး။ ဆရာ့ရဲ့ နှစ် (၇၀)ပြည့် မွေးနေ့မှာ ဆရာ ကျွန်တော်တို့ကို ဆုပေးခဲ့သလို အရေးတော်ပုံ အောင်ရမှာပါ ဆရာ။
ဆရာ၊ သုဂတိဘုံမှာ ပျော် နေနိုင်ပါစေ။ 

No comments:

Post a Comment