Wednesday, May 8, 2019

ပဲခူးရွှေမော်ဓောဘုရားပေါ်တွင် အသက်ခြောက်နှစ်အရွယ် မိန်းကလေးကို သက်ငယ်မုဒိမ်းပြုကျင့်မှု ဖြစ်ပွား

ပဲခူးရွှေမော်ဓောဘုရားပေါ်တွင် မေ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က အသက်ခြောက်အရွယ် မိန်းကလေးအား အသက် ၁၈ နှစ် အရွယ် အမျိုးသားတစ်ဦးက သက်ငယ်မုဒိမ်း ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၇ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်က ရွှေမော်ဓောဘုရားအရှေ့မြောက်ထောင့် ကိုးနဝင်းစေတီ သစ်ပုံအနီး ဂိုဒေါင်နောက်ကျောတွင် အသက်ခြောက်နှစ်ခန့် မိန်းကလေးငယ်အား အမျိုးသားတစ်ဦးက သားမယားပြုကျင့်နေကြောင်း ရွှေမော်ဓောစေတီ သန့်ရှင်းရေးဝန်ထမ်း မောင်မိုးဝေ (၂၀ နှစ်) က တွေ့ရှိခဲ့ပြီး ဘုရားလုံခြုံရေးမှူးဦးလှိုင်မြင့်အား သွားရောက် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။



ထို့နောက် ဦးလှိုင်မြင့်နှင့် လုံခြုံရေးအဖွဲ့က လာရောက်စစ်ဆေးရာ အမျိုးသားတစ်ဦးက ခြောက်နှစ်ခန့် မိန်းကလေးငယ်ကို လက်ဆွဲပြီး ထွက်လာ၍ လုံခြုံရေးရုံးခန်းသို့ ခေါ်ဆောင်ပြီး စစ်မေးရာ အမျိုးသားမှာ နိုင်ဇင်အောင် (၁၈ နှစ်) ပန်းရံလုပ်ကိုင်သူ ဖရဲရွာ သနပ်ပင်မြို့ နေထိုင်သူဖြစ်ကြောင်းသိရပြီး မိန်းကလေးငယ်မှာ မ --- (ခြောက်နှစ်) သနပ်ပင်မြို့နေသူဖြစ်ကြောင်း သိရသည်။ ဘုရားလုံခြုံရေးအဖွဲ့နှင့် ဂေါပကအဖွဲ့က ဆက်လက်စစ်ဆေးသောအခါ ကလေးငယ်မှာ နိုင်ဇင်အောင်နှင့် ခယ်မတော်စပ်ကြောင်းသိရပြီး ကိုးမိနစ်ခန့် သားမယားပြုကျင့်ကြောင်း ဝန်ခံပြောကြား၍ လုံခြုံရေးမှူး ဦးလှိုင်မြင့်က တရားလိုလုပ်တိုင်ကြားသောကြောင့် ပဲခူးမြို့ရဲစခန်းတွင် နိုင်ဇင်အောင်အား (ပ)၁၃၄၇/၂၀၁၉ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

No comments:

Post a Comment