Wednesday, May 8, 2019

တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်ရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါခေါ်မည်

တိုင်းရင်းသား ကျေးရွာကိုအဆင့် မြှင့်တင်ရန်အ တွက် တည်ဆောက်ရေးတင်ဒါကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ခေါ်ယူမည်ဖြစ် ကြောင်း သိရသည်။ တိုင်းရင်းသားကျေးရွာကို အဆင့်မြှင့်တင်ရန်အတွက် ဒီဇိုင်း တင်ဒါ ခေါ်ယူရွေးချယ်ထားပြီး တည်ဆောက်ရေးတင်ဒါကို ရန် ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်သွားမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းက ပြောသည်။
""ဒီဇိုင်းရပြီးဖြစ်ပါတယ်။ ဒီ ဇိုင်းကို တည်ဆောက်မယ့်သူကို တင်ဒါခေါ်ဖို့ပဲ ကျန်ပါတော့တယ်။တိုင်းရင်းသားကျေးရွာကို ပြည် ထောင်စုတိုင်းရင်းသားရေးရာဝန် ကြီးဌာနကို လွှဲပြောင်းလိုက်ပြီ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကြီး ကြပ်ပြီး တင်ဒါခေါ်ယူသွားဖို့ အ တွက် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒါကိုဆောင်ရွက်လိုက်ရင် ရန်ကုန်က ခရီးသွားလုပ်ငန်းနယ် ပယ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်""ဟု၎င်းကပြောသည်။


မေ ၅ ရက် ဘဏ်လမ်းနှင့် ပန်းဆိုးတန်းလမ်းတွင်ပြုလုပ်သည့် Yangon Weekend Market-Pansodan ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ရှိတိုင်းရင်းသားကျေး ရွာသည် မြန်မာတစ်နိုင်ငံလုံးအား လေ့လာနိုင်သည့်အခြေအနေမျိုး ဖန်တီးနိုင်သော ဧရိယာအကျယ် အဝန်းရှိပြီး ယင်းနေရာ၌ တိုင်းရင်း သားများ၏ ဓလေ့ထုံးတမ်းများ လေ့လာနိုင်ရန်၊ တိုင်းရင်းသားများ ၏ရိုးရာယဉ်ကျေးမှုပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန်၊ ရိုး ရာအစားအသောက်များ မြည်း စမ်းနိုင်ရန်တို့အတွက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောသည်။
""ဒီနေရာမှာ နိုင်ငံခြားသား တွေ တည်းခိုနိုင်တဲ့နေရာဖြစ်မယ်။တစ်ဖက်ကနေ ပဲခူးမြစ်ကို မျက် နှာမူပြီးတော့ ကမ်းနားလမ်းတစ် လျှောက်မှာ လမ်းလျှောက်နိုင် လောက်တဲ့အခြေအနေမျိုးတွေကို ဖန်တီးနိုင်မယ်ဆိုရင် အများကြီး ကောင်းမွန်လာနိုင်ပါမယ်။ ဒီနေရာ မှာ စတူဒီယိုရှိမယ်။ ရုပ်ရှင်ရိုက် လို့ရမယ်။ ပြဇာတ်တွေ ကြည့်လို့ရ မယ်ဆိုရင် ဒီနေရာကို လူတွေ စိတ် ဝင်စားလာမှာဖြစ်ပါတယ်""ဟု ၄င်းက ပြောသည်။

တိုင်းရင်းသားကျေးရွာသည် ကမ္ဘာလှည့်ခရီးသွား ဧည့်များပါ အပန်းဖြေ လည်ပတ်စရာခရီးစဉ် တစ်ခုအဖြစ် ပေါ်ထွက်လာတော့ မည်ဟု ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီးဦးအုန်းမောင်က ပြောသည်။

""မကြာမီကာလအတွင်းမှာ ပြည်ထောင်စုတိုင်းရင်းသားကျေး ရွာဟာ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက တာဝန်ခံပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ကမ္ဘာ လှည့်ခရီးသည်များရော ပြည်တွင်း ခရီးသည်များအတွက်ပါ လည်ပတ် အနားယူအပန်းဖြေစရာ ခရီးစဉ် တစ်ခုအဖြစ် ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်""ဟု ゞင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သာ ကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ YBS ယာဉ်လိုင်းငါးလိုင်းဖြတ်သန်းပြေးဆွဲ ပေးနေကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန် လေဆိပ်၊ ရေဆိပ်တို့မှတစ်ဆင့် နိုင်ငံတကာခရီးသည်ဝင်ရောက်မှု မှာ ၁ ဒသမ ၂ သန်းခန့်ရှိခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment