Wednesday, May 8, 2019

ပရီးမီးယားလိဂ် ချန်ပီယံဆု မန်စီးတီးလက်ထဲတွင်ရှိဟု ဂွါဒီယိုလာ ပြော

ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားဟာ မန်စီးတီးအသင်းရဲ့ လက်ထဲမှာပဲ ရှိတာကြောင့် လီဗာပူးကို ဖလားရစေချင်တဲ့ မီဒီယာတွေအတွက် စိတ်မကောင်းဘူးလို့ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ တနင်္လာနေ့က လက်စတာအသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်ကို အနိုင်ကစားနိုင်ရင် ချန်ပီယံဆု ရယူနိုင်တော့မှာ ဖြစ်ပါတယ်။



မီဒီယာခန်းထဲမှာရှိတဲ့ လူတွေဟာ လီဗာပူးအသင်းကို ချန်ပီယံဖြစ်စေချင်ကြပြီး ဆုဖလားက မိမိတို့လက်ထဲမှာပဲ ရှိတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့တာပါ။

လီဗာပူးအသင်းဟာ ပွဲစဉ်တိုင်းကို ဖိအားမရှိဘဲ ကစားလာနိုင်တာက ဆုဖလားရဖို့ သူတို့လက်ထဲမှာ မရှိလို့ဖြစ်ပြီး မန်စီးတီးအသင်း ဖိအားရှိနေတာကတော့ ဆုဖလားက မိမိတို့အသင်း လက်ထဲမှာပဲ ရှိတာကြောင့်ဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲကလည်း လျှော့တွက်လို့မရပေမယ့် ကစားသမားတွေ အားလုံးက ဘယ်လိုကစားရမလဲဆိုတာ သိနေတဲ့သူတွေဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

No comments:

Post a Comment