Wednesday, May 8, 2019

မန်မာနိုင်ငံရှိ စစ်ဘေးရှောင်စခန်းများအားလုံးကို စနစ်တကျပိတ်သိမ်းမည်

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်စခန်းများအားလုံးကို စနစ်တကျပိတ်သိမ်းနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန် ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ မေ ၆ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြန် လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌ သတင်းထောက်တစ်ဦး ၏မေးမြန်းချက်ကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


""တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ဒီစခန်းတွေကို စနစ်တကျ အဆင့်မီမီ ပိတ်သိမ်းရေးဆိုတာကို ကျွန်တော်တို့က အမျိုးသားစီမံချက် ကြီးတစ်ရပ်အနေနဲ့ ရေးဆွဲတယ်။ ၂၀၁၈မှာရေးဆွဲခဲ့တယ်။ အခုဆိုလို့ ရှိရင်ဆွဲခဲ့တဲ့မဟာဗျူဟာကြီးက ပြီး သွားပါပြီ။ မဟာဗျူဟာတွေချမှတ် ပြီးပြီဆိုတော့ လုပ်ငန်းစဉ်တွေဆက် လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်""ဟု ၄င်းကပြောသည်။

ယင်းအစီအစဉ်ကို ရခိုင်ဒေသ တစ်ခုတည်း ဆောင်ရွက်မည်မဟုတ် ဘဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

""ပြည်တွင်းမှာ နေရပ်စွန့်ခွာ တဲ့သူတွေက ရခိုင်မှာတင်မကဘူး၊ ကချင်မှာလည်းရှိတယ်။ ရှမ်းမှာလည်း ရှိတယ်ပေါ့။ ဒီစခန်းတွေကလိုအပ် တဲ့အချိန်မှာဖွင့်ထားတယ်။ တကယ် တမ်းဆိုရင် ဒါဟာယာယီပဲဖြစ်ရ မယ်။ တကယ်တမ်းဆိုရင် ကိုယ့်ရပ် ကိုယ့်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေး တွေကို ဆက်လက်ပြီးတော့ဆောင် ရွက်နိုင်ဖို့အတွက်ဆိုလို့ရှိရင် ဒီစခန်း တွေဟာ ရေရှည်မရှိသင့်ဘူးပေါ့""ဟု ဝန်ကြီးကပြောသည်။

အကြောင်းကြောင်းကြောင့် ယင်းစခန်းအချို့ ဆက်လက်ရှိနေ မည်ဆိုပါကလည်း စနစ်တကျတည် ရှိရေးနှင့် စနစ်တကျပိတ်သိမ်းနိုင် ရေးများကို စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း ゞင်းကပြောသည်။လက်ရှိတွင် ပြည်တွင်းနေရပ် စွန့်ခွာသူများ စားဝတ်နေရေးပြေ လည်ရန် ယာယီနေနိုင်ရေးအတွက် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။
""အခုလည်း ရခိုင်ဒေသမှာရှိ တဲ့နေရပ်စွန့်ခွာရတဲ့ တိုင်းရင်းသား တွေကို ယာယီမိုးမကျခင်မှာ နေထိုင် ဖို့ နေရာအဆင်ပြေအောင် စနစ် တကျဆောင်ရွက်ဖို့ စီမံထားပြီးပါ ပြီ""ဟု ဒေါက်တာဝင်းမြတ်အေး က ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း ရခိုင်ပြည်နယ်ရှိစစ် ဘေးရှောင်ပြည်သူများအတွက် သက် ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန နှင့် ပြည်နယ်အစိုးရက လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးနေကြောင်း ပြောကြားသည်။
""လူကယ်ပြန်ဌာနကရော လို အပ်ချက်မှန်သမျှကို ကျွန်တော်တို့ က ကြိုတင်ပြီးတော့ဖြည့်ဆည်းထား တယ်။ ရောက်ရှိလာတဲ့သူတွေအ တွက် အပြည့်အစုံ တတ်နိုင်သမျှလုပ် ပေးထားပါတယ်။ နောင်လည်း ကျွန် တော်တို့ဆက်လုပ်သွားမှာပါ။ အခု မိုးလည်းနီးလာပြီဆိုတော့ မိုးရွာလာ ရင် အဆင်သင့်ဖြစ်နိုင်အောင်လည်း ကျွန်တော်တို့စီစဉ်ထားပါတယ်။ အဲဒီ အစီအစဉ်တွေကိုလည်း ပြည်ထောင် စုကို တင်ပြထားပြီး ဖြစ်ပါတယ်""ဟု  ၄င်းကပြောသည်။

No comments:

Post a Comment