Wednesday, May 8, 2019

မန္တလေးတိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုတွင် အနည်းဆုံး နှစ်ဒီဂရီစင်တီဂရိတ်မှ အများဆုံး ငါးဒီဂရီစင်တီဂရိတ်အထိ ပိုမိုပူပြင်း

မန္တလေးတိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုတွင် အနည်းဆုံး နှစ်ဒီဂရီစင်တီဂရိတ်မှ အများဆုံး ငါးဒီဂရီစင်တီဂရိတ်အထိ ပိုမိုပူပြင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ မေ ၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ မွန်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။


နေ့အပူချိန်များ အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် ငါးဒီဂရီစင်တီ ဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူ ချိန်တို့ထက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီ စင်တီဂရိတ်အထိ၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထူးခြားသည့် နေ့အပူချိန်များ အနေဖြင့် ချောက်မြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်နှင့် မြင်း မူမြို့၊ ညောင်ဦးမြို့၊ ဂန့်ဂေါမြို့နှင့် ပေါက် မြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ပြီး မှတ် သားဖွယ်ရာမိုးရေချိန်များအနေဖြင့် ကျိုက္ခမီ မြို့တွင် ၃ ဒသမ ၅၈ လက်မ၊ ရှမ်းရွာသစ်မြို့ တွင် ၁ ဒသမ ၆၅ လက်မ၊ ချောင်းဆုံမြို့တွင် ၁ ဒသမ ၃၈ လက်မ၊ မုဒုံမြို့တွင် ၁ ဒသမ၂၆ လက်မ၊ လောင်းလုံးမြို့တွင် ၁ ဒသမ ၂၂ လက်မ၊ ရေးမြို့တွင် ၀ ဒသမ ၉၈ လက်မ၊ ထားဝယ်မြို့တွင် ၀ ဒသမ ၆၈ လက်မနှင့် မော်လမြိုင်မြို့တွင် ၀ ဒသမ ၅၅ လက်မစီ ရွာသွန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မေ ၈ ရက် မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကရင်ပြည် နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင် ပိုင်း) ၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

No comments:

Post a Comment