Wednesday, May 8, 2019

ဝန်

(၁) လျှပ်စစ်ဓာတ်အား မလုံ လောက်တာမို့ ဝန်လျှော့နေတယ် လို့ ဆိုပါတယ်။ အချိန်ပိုင်းနဲ့ အ လှည့်ကျ ဖြတ်တောက်တယ်၊ အ ချိန်ပိုင်းနဲ့ အလှည့်ကျဖြန့်ဝေ တယ်။ တစ်နေ့ကတော့ မနက် ၈  နာရီ ပြန်လာရမယ့်အလှည့်မှာ  နာရီဝက်နီးပါးကျော်တဲ့အထိ မ လာတာကြောင့် သက်ဆိုင်ရာ လျှပ်စစ်ရုံးကို ဖုန်းဆက်မေးလိုက် ပါတယ်။ တာဝန်ကျဝန်ထမ်းက လည်း ချက်ချင်း ပြန်ဖြေပေးပါ တယ်။ ‘‘ဒီမှာ အရေးပေါ် ပေးစရာ ကို မီးမရှိတာပါခင်ဗျ’’ တဲ့။



အဲဒီကျမှပဲ စဉ်းစားမိပါ တယ်။ ဟုတ်သားပဲလို့။ သူတို့ လျှပ်စစ်ရုံးမှာ လွှတ်ပေးစရာဓာတ် အားအဆင်သင့်ရှိမှ ကိုယ်တွေရပ် ထဲရွာထဲ မီးရနိုင်မှာပေါ့လို့။ လျှပ် စစ်ဓာတ်အားပေးဝေရေး အစိုးရ ဌာနတစ်ခုမှာ ဓာတ်အားလုံးဝမရှိ တဲ့အခြေအနေ ရှိနိုင်ပါလားပေါ့။  လျှောက်ပြီး စဉ်းစားနေမိတာပါ။  မိုးမကျမချင်း၊ ရေအားလျှပ်စစ် တွေ ပြန်လည်အင်ပြည့် အားပြည့်   မဖြစ်မချင်း၊ လျှပ်စစ်ဓာတ်အား တွေ လုံလုံလောက်လောက် မဖြန့် နိုင်မချင်း လျှပ်စစ်ချို့တဲ့မှုဒဏ်ကို  ကြိတ်မှိတ်ခံကြရဦးမှာပါ။

လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဟာ သတွေကိုလည်း ခေတ်အဆက် ဆက် ဘိုးစဉ်ဘောင်ဆက်ကြားခဲ့ ကြရတာပါ။ ဟာသဆိုပေသိ ပ ကတိမြေပြင်အခြေအနေနဲ့ လွဲ ချော်နေတာတွေကို ထင်ဟပ်စေ တဲ့ သရော်ဟာသတွေပါ။ ပြောရ ရင်တော့ အမှန်အကန် ဟာသ တွေပါ။ တင်စားချက် ထိမိပြောင် မြောက် တဲ့ ဟာသပုံဖော်မှုတွေပါ။ ‘သတင်းစာ မကိုင်နဲ့။ ဓာတ်လိုက် လိမ့်မယ်’ တို့၊ ‘လူကြီးလာရင် မီး လာတယ်၊ လူကြီးပြန်ရင် မီးပြန် တယ်’ တို့ စသဖြင့် စုံလို့ပါပဲ။ ခု တစ်ခါ ကြားလိုက်ရတာက ဘာ တဲ့။ နိုင်ငံခြားမှာ မီးပြတ်ရင် ရက် နဲ့ချီကြာတတ်ပြီး မြန်မာပြည်မှာ  မီးပြတ်ရင်ဖြင့် နာရီပိုင်းအတွင်း ပြန်ရအောင် လုပ်ပေးနိုင်တယ်ဆို ပဲ။ မီးလာရင် ထအော်သလို ‘‘ဟေး’’ ခနဲပဲ လုပ်ရတော့မလိုလို။

(၂)

အလုပ်အကိုင်အရ၊ ဗီဇအရ  ကိန်းဂဏန်းအချက် အလက်တွေ ကို စိတ်ဝင်စားပါတယ်။ မေး တယ်၊ မြန်းတယ်၊ မှတ်တယ်၊ ပြန်မျှတယ်။ သိရှိရလာတဲ့ ကိန်း ဂဏန်းတန်ဖိုးတိုင်းလိုလိုမှာ သ တင်းအချက်အလက်များစွာ ပါပါ တယ်။ ပိုမိုကောင်းမွန်ထိရောက် တဲ့ ဆုံးဖြတ်များအတွက် ရာနှုန်း ပြည့်  အထောက်အကူပြုပါတယ်။  ကိုင်တွယ်အသုံးချတတ်ဖို့ပဲ လိုပါ တယ်။ အထူးသဖြင့် သုတေသန နယ်ပယ်၊ ပညာရပ်နယ်ပယ်၊ စီမံ အုပ်ချုပ်မှု နယ်ပယ်တွေအတွက်  မရှိမဖြစ် အရေးပါပါတယ်။

မြို့ထဲက လျှပ်စစ်ပစ္စည်းအ ရောင်းဆိုင်ကြီးဆီ ရောက်ဖြစ်ပါ တယ်။ နေ့စဉ်ရောင်းအားပမာဏ  က ကျပ်သိန်းရာဂဏန်းအမြင့်မှာ ရှိပါတယ်။ မတ်လလယ်လောက် ကစပြီး အရောင်းဝန်ထမ်းတွေ ခမျာ လက်မလည်အောင် ရောင်း နေကြရတာပါ။ ထမင်းတောင်  ဖြောင့်ဖြောင့် မစားကြရဘူးတဲ့။  မနက် ၈၊ ည ၈ ဆိုင်ဖွင့်၊ ဆိုင်ပိတ် အချိန်ပြည့်ကို ရောင်းနေရတာပါ။ အဲကွန်း (Air Conditioner)၊ အဲ ကူလာ (Air Cooler)၊ ဝါတာကူ လာ (Water Cooler) နဲ့ ပန်ကာ တွေဟာ အဆက်မပြတ် တရစပ်    ရောင်းနေရတာပါတဲ့။

ဒီလိုဆိုင် ဘယ်နှဆိုင် ရှိသ နည်း၊ ဒီလိုမြို့ ဘယ်နှမြို့ ရှိသ နည်း၊ ဒီလိုရောင်းအား ဘယ်နှဆ  များသနည်း။ ပြည်သူလူထု နေ အိမ်ဌာနစုအတွင်းမှာ လျှပ်စစ် ဓာတ်အားသုံး ပစ္စည်းအရေအ တွက် တစ်ရက်တစ်ရက် ဘယ် လောက် မြင့်မားလာနေသနည်း။ ဒီအချက်အလက်တွေဟာ မသိ သူကျော်သွား၊ သိသူဖော်စားနိုင် ပါတယ်။ ရပ်ရွာ မြို့ပြဖွံ့ဖြိုးရေး တာဝန်ယူထားသူတွေ လေ့လာ စနည်းနာသင့်ပါတယ်။ အစီအ စဉ် လုပ်ငန်းဆောင်တာတွေကို ချိန်ဆအကောင်အထည်ဖော်နိုင် ပါတယ်။

ပြီးတော့ ဒီလျှပ်စစ်ပစ္စည်း တွေအားလုံးက နေအိမ်အ ဆောက်အအုံထဲကို ရောက်လာပြီ ဆိုရင် လျှပ်စစ်မီးပလတ်ပေါက် တွေနဲ့ ချိတ်ဆက်ကြရမှာပါ။ အဲ ဒီမှာ ဓာတ်အားက ရှိမနေဘူး၊ ဓာတ်အားက မလုံလောက်ဘူး၊  ဓာတ်အားက မပြည့်ဝဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ တစ်နေ့ တခြား အလျော့မရှိ၊ အတိုးသာရှိ တဲ့ ရယူအသုံးပြုလိုတဲ့ လျှပ်စစ် ဝန်အား၊ ထုတ်လွှတ်ဖြန့်ဖြူးနိုင်တဲ့  လျှပ်စစ်ခံနိုင်ဝန်အား၊ ဘာပဲပြော ပြော အမြန်ဆုံးဖြည့်ဆည်းပေးနိုင် ကြရမှာပါ။ ဒါလည်း တာဝန်တစ် ခုပါ။

(၃)

အခုလို လျှပ်စစ်မီး ပြတ် တောက်ပြတ်တောက်ဖြစ်လာပြီ ဆိုရင် အိန္ဒိယနိုင်ငံ တောင်ပိုင်းက   တက္ကသိုလ်တစ်ခုကို သတိရနေမိ မြဲပါ။ အဲဒီတက္ကသိုလ်က Periyar Mannimmai University ဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ တည်ရှိ ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စတင် ပြီး တည်ထောင်ခဲ့တာပါ။ သူတို့ ရဲ့ ဆောင်ပုဒ်က ‘Think, Innovate, Transform’ လို့ သိရပါ တယ်။

‘‘ကျွန်တော်တို့ တက္ကသိုလ် က ရာနှုန်းပြည့် ပုဂ္ဂလိကပိုင်တက္က သိုလ်ပါ။ အစိုးရဆီကလည်း ဘယ်လိုအထောက်အပံ့မှ မယူပါ ဘူး။ လျှပ်စစ်မီးကအစ ကိုယ်ပိုင် လျှပ်စစ်ထုတ်လုပ်ပြီး ရပ်တည်နေ တာပါ’’ တဲ့။ အိန္ဒိယနိုင်ငံသား တက္ကသိုလ်ကထိက ဆရာတစ်ဦး ထံမှ အထက်ပါ  ပြောစကားများ ကို ကြားလိုက်ရတော့ စာရေးသူ တို့ ကြက်သီးမွေးညင်းတွေတောင်  ထသွားပါတယ်။ သူကယုံကြည် မှုအပြည့်နဲ့ အေးအေးဆေးဆေး  ရှင်းပြနေတာပါ။

သူတို့တက္ကသိုလ်မှာ အင် ဂျင်နီယာနဲ့ အိုင်တီနည်းပညာ ဘာသာရပ်များကို အထူးပြုဖွင့် လှစ်ထားပါကြောင်း၊ တက္ကသိုလ်  ပရဝဏ်အတွင်းမှာရှိတဲ့ ရုံးအ ဆောက်အအုံ၊ စာသင်ဆောင်၊ ကျောင်းသူ ကျောင်းသားဆောင်၊ ထမင်းစားဆောင် စသည့်အားလုံး သောနေရာများမှ အသုံးပြုပြီး သား စွန့်ပစ်ရေများကို တက္ကသိုလ် ဝင်းရှိ မြေအနိမ့်ဆုံးနေရာသို့ စု စည်းသိုလှောင်စေပါကြောင်း၊ ထို သို့စွန့်ပစ်ရေ စုစည်းမှုကိုလည်း  နေရာအမြင့်၊ အနိမ့်အလိုက် ကျ ကျနနစီစဉ်ကာ မည်သည့်စွမ်း အင်လျှပ်စစ်ကိုမျှ အသုံးပြုခြင်း  မရှိဘဲ မြောင်းများ၊ ပိုက်များဖြင့် သွယ်တန်းရောက်ရှိစေခြင်း ဖြစ် ပါကြောင်း၊ ထိုမှဇီဝလောင်စာ ထုတ်ယူကာ တက္ကသိုလ်တစ်ခုလုံး အတွက် လုံလောက်သောလျှပ်စစ် ကို ရရှိပါကြောင်း၊ ထို့အပြင်တက္က သိုလ်၏ စွန့်ပစ်အမှိုက်များကို အ သုံးပြုလျက် ဇီဝမြေဩဇာကို လည်း ထုတ်လုပ်ပေးပါကြောင်း၊  တက္ကသိုလ်နှင့် ချိတ်ဆက်ထား သည့် တောင်သူများထံ ဇီဝမြေဩ ဇာတစ်ပေါင်လျှင် ငါးရူပီးဖြင့် ရောင်းချပါကြောင်း၊ အပြင်လူ များဝယ်လျှင် ဇီဝမြေဩဇာတစ် ပေါင်ကို တစ်ဆယ်ရူပီး ဖြစ်ပါ ကြောင်း၊ နောက်ဆုံးကျန်ရှိသည့်  ရေဆိုးရေညစ်များကို အဆင့်ဆင့်  ပြန်လည်သန့်စင်ပြီး တက္ကသိုလ်ခြံ ဝင်းကွက်လပ်ရှိ သဘာဝဝါးတော များ ရေသောက်ရန် မြောင်းသွယ်  ပို့လွှတ်နိုင်ပါကြောင်း၊ ထို့အပြင်  တက္ကသိုလ်အဆောင်အသီးသီးမှ  စားကြွင်းစားကျန်များကို အလဟ ဿမဖြစ်စေရန် ဝက်ကောင်ရေ ငါးဆယ်ခန့် မွေးမြူထားပါ ကြောင်းစသည်ဖြင့် ကိုယ်ပိုင် တက္ကသိုလ်တစ်ခုရဲ့ လည်ပတ်ရပ် တည်မှုပုံစံကို အသေးစိတ်ရှင်းပြ ခဲ့ပါတယ်။

(၄)

အခုအချိန်အထိတော့ လျှပ် စစ်ကို ငတ်မွတ်နေကြရတုန်းပါပဲ။  လုံးဝမသုံးဖူး၊ မရဖူးသူတွေလည်း ဒုနဲ့ဒေးပါပဲ။ မလာလိုက်၊ ပြတ် လိုက်နဲ့ အစိုးမရကြတုန်းပါပဲ။  ပြတ်ချင်တဲ့အချိန်ပြတ်၊ ဖြတ်ချင်  တဲ့အချိန်ဖြတ်နဲ့ သံသရာလည်နေ တုန်းပါပဲ။ လျှပ်စစ်မီးလာတဲ့အ ချိန်လေး စုပြုံဝိုင်းအုံပြီး အားရပါး ရ သုံးလိုက်ကြ၊ မလာတဲ့အချိန်  ကြုံသလိုကျသလို နေလိုက်ကြနဲ့၊ လုပ်ငန်းလည်ပတ် မရပ်နိုင်သူ တွေကဖြင့် မီးစက်တွေ တဝုန်း ဝုန်းမောင်းကြနဲ့ ပူပြင်းတဲ့နွေရာ သီမှာ လျှပ်စစ်ဝန်အားကိစ္စတွေနဲ့  ကဆုန်ပေါက်နေကြသလိုပါပဲ။ ဒါက စာရေးသူတို့ရဲ့ လက်ရှိအ နေအထားအမှန်ပါ။

ရာသီဥတုက ပိုပို ပူလာမှာ ပါ။ အီလက်ထရွန်နစ်ပစ္စည်းတွေ က ပိုပိုလက်လှမ်းမီလာမှာပါ။ လျှပ်စစ် စွမ်းအင်အသုံးပြုမှုတွေ က ပိုပိုများလာမှာပါ။ ရှိဒုက္ခ၊ မရှိ ဒုက္ခ ဝန်တွေအတွက် လျှော့ဖို့ကိုပဲ  အမြဲစဉ်းစားနေမလား၊ လျှော့ဖို့  မလိုအောင် ဘယ်လိုကြံဆအား  ထုတ်မလဲ စဉ်းစားကြမလား။ ဘာ တွေကို လျှော့မလဲ၊ ဘာတွေ ကိုဖြည့်မလဲ ကွဲကွဲပြားပြား ခွဲခြား နိုင်ဖို့ လိုပါလိမ့်မယ်။ တစ်ဖက်က   လည်း စွမ်းအင်အသုံးအဖြုန်း စိ စစ်ချွေတာတတ်ဖို့ အရေးကြီးပါ တယ်။

ဝန်နဲ့အား မမျှတတာတွေရှိ သလို ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုး  ဖြစ်စေတာတွေလည်း ရှိနိုင်ပါ တယ်။ အနာဂတ်အတွက်၊ တိုင်း ပြည်အတွက်၊ လူ့အဖွဲ့အစည်းအ တွက် ဝန်ပိတာတွေ အတတ်နိုင် ဆုံး နည်းနိုင်သမျှနည်းအောင် ချဉ်းကပ်အဖြေရှာကြရမှာပါ။ ရေ အားလျှပ်စစ်၊ လေအားလျှပ်စစ်၊  နေစွမ်းအင်လျှပ်စစ်၊ ဓာတ်ငွေ့ လျှပ်စစ်၊ ဇီဝလျှပ်စစ်များနဲ့ လုပ် ငန်းကြီးလုပ်ကိုင်သူတွေက တာ ဝန်မျှယူကြရမှာပါ။

လာအိုနိုင်ငံတွင် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄၂  ရုံရှိပြီး လျှပ်စစ်ဓာတ်အား ၆,၃၉၁  မဂ္ဂါဝပ်ထုတ်လုပ်နိုင်ကြောင်း၊ လာအိုနိုင်ငံဟာ လာမည့်ခြောက် နှစ်အတွင်း ထိုင်းနိုင်ငံသို့ မဂ္ဂါဝပ်  ၉,၀၀၀၊ ဗီယက်နမ်နိုင်ငံသို့ မဂ္ဂါ ၀ပ် ၅,၀၀၀၊ မြန်မာနိုင်ငံသို့ မဂ္ဂါ ၀ပ် ၅၀၀၊ ကမ္ဘောဒီးယားနိုင်ငံသို့  မဂ္ဂါဝပ် ၂၀၀ နှင့် မလေးရှားနိုင်ငံ သို့ မဂ္ဂါဝပ် ၁၀၀ ရောင်းချမယ်ဆို တဲ့ သတင်းကို ဖေဖော်ဝါရီလတုန်း က ကြားခဲ့ကြရမှာပါ။ ဟုတ်ကဲ့။ သူတို့ဝန်လျှော့ဖို့ စဉ်းစားခဲ့မိပုံ မရ ပါဘူး။

No comments:

Post a Comment