Wednesday, May 8, 2019

ကသာမြို့တွင် ဧရာဝတီမြစ်ရေ နှစ်ဆခန့်ပြန်လည်မြင့်တက်လာသော်လည်း ရေကြောင်းကျဉ်းကျပ်မှုရှိနေဆဲဟုဆို

ကချင်ပြည်နယ် တွင် မိုးရွာသွန်းမှုရှိလာသဖြင့် ဧရာ ဝတီမြစ်ရေသည် ကသာမြို့တွင် ယခုရက်ပိုင်း လက်ရှိရေနည်းမှတ် ထက် နှစ်ဆနီးပါးမြင့်တက်လာ သော်လည်း မြစ်အတွင်းသဲသောင် ခုံကြီးများ ရှိနေဆဲဖြစ်၍ ရေလမ်း ကြောင်းမှာ ကျဉ်းကျပ်မှုရှိနေဆဲ ဖြစ်ကြောင်း ကသာမြို့မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ တိုင်းတာချက်များအရ သိရသည်။



ကသာမြို့တွင် ဧပြီ ၃၀ ရက် က နံနက် ၆ နာရီ တိုင်းတာချက် အရ ဧရာဝတီမြစ်ရေမှာ၂၆၃ စင် တီမီတာ၊ မွန်းတည့် ၁၂ နာရီတွင် ၂၆၅ စင်တီမီတာ၊ ညနေ ၆ နာရီတွင် ၂၆၇ စင်တီမီတာရှိပြီး မေ ၅ ရက် နံနက် ၆ နာရီတွင် ၄၅၂ စင်တီမီတာ၊ မွန်းတည့် ၁၂ နာရီတွင် ၄၆၈ စင်တီမီတာနှင့် ညနေ ၆ နာရီတွင် ၄၇၅ စင်တီ မီတာအထိ မြင့်တက်လာခဲ့သည်။

""ဒီနေ့ မေ ၆ ရက်နံနက် ၆ နာရီမှာ ၄၇၅ စင်တီမီတာဘဲရှိပါ သေးတယ်။ ဒီကရှေ့ရောက်ရင် မိုးကျတော့မှာပါ။ အထူးသဖြင့် ပူ တာအိုဘက်ကရေခဲတောင်တွေ အရည်ပျော်ချိန်မှာ မြစ်ရေတိုးလေ့ ရှိပါတယ်။ ကချင်ပြည်နယ်မှာမိုး ရွာတာနဲ့မြစ်ရေတိုးတာပိုပိုများလာ ပါတယ်။ အခုရက်ပိုင်း ပူတာအို ဘက်မှာ မိုးရွာလို့ဧရာဝတီမြစ်ရေ နှစ်ဆနီးပါးတိုးလာတာပါ"" ဟု ကသာမြို့စောင့်ကြည့်ရေးအဖွဲ့မှ ကိုညီညီအောင်က ပြောသည်။
ကသာမြို့တွင် ဧရာဝတီမြစ် ရေ စတင်မြင့်တက်လာပြီဖြစ်သော် လည်း မြစ်အတွင်းသဲသောင်ခုံကြီး များရှိနေဆဲဖြစ်ပြီး ရေလမ်းကြောင်း မှာ ကျဉ်းကျပ်မှုရှိနေဆဲဖြစ်ကာ မြစ်ရေတိုးချိန်တွင် ကသာမြို့၏စိုးရိမ်ရေမှတ် စင်တီမီတာ ၁၀၄၀ အထက်ရောက်ရှိသည့်နှစ်များရှိ ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment