Wednesday, May 8, 2019

NRPC နှင့် NCA မထိုးရသေးသည့် KNPP တို့ လွိုင်ကော်မြို့၌တွေ့ဆုံခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် သဘောတူညီချက် ငါးချက်ရရှိ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အမျိုးသားပြန်လည်သင့်မြတ်ရေး  နှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးကို မေ ၆ ရက် နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့  Famous Hotel အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးရေးများနှင့်ပတ်သက်၍ သဘောတူညီချက် ငါးချက်ချမှတ်နိုင်ကြောင်း သိရသည်။
“ဒီနေ့အစည်းအဝေးဟာ လစဉ်အစည်း အဝေးဆိုပေမယ့်ခါတိုင်းလို ကျွန်တော်ပါဝင် ခဲ့ရသောတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်စဉ်မှာ အပြုသဘောအရမ်းဆောင်တယ်လို့ ကျွန်တော် ဒီလိုပဲခံစားမိတယ်။ ဒါကြောင့်မို့ ဒီနေ့ကျွန်တော်တို့ လစဉ်အစည်းအဝေးအတွက် ညှိနှိုင်းဆွေးနွေးတဲ့အစည်းအဝေးမှာတော့ အဆုံးသတ်ဆုံးဖြတ်ချက်ကောင်းတွေ မထွက်ပေမယ့် ကျွန်တော်တို့ညှိနှိုင်းဆွေးနွေးလို့ ရလာတဲ့အကြောင်းအရာတွေနဲ့ ဆက်လက်ဖော်ဆောင်မယ့် ဖြစ်စဉ်တွေအတွက် လမ်းကြောင်းကတော့ အတော်လေးကို ထင်သာမြင်သာရှိသွားတယ်လို့ ကျွန်တော်အဲဒီလိုပဲ သုံးသပ်ပါတယ်”ဟုKNPP ဒုဥက္ကဋ္ဌဌ ခူးဦးရယ်မှ အပိတ်မိန့်ခွန်းတွင် ပြောကြားသည်။

Bilateral Agreement ကိုအကြောင်းပြုပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မရေးထိုးနိုင်မီတွင် ပြည်နယ်အတွင်းဖြစ်နေသော အခြေအနေပေါ်မှာ မှီတည်၍  ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းအချို့အား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းအဖြေရှာသွားရန် KNPP ဘက်မှ ပြင်ဆင်ထားကြောင်း အဖွင့်မိန့်ခွန်းတွင် ခူးဦးရယ်က ပြောကြားသည်။ အစည်းအဝေးတွင် KNPP ဘက်မှ တက်ရောက်သူများမှာ သက်ဆိုင်ရာကဏ္ဍဍအလိုက် ဆုံးဖြတ်နိုင်သူများဖြစ်ကြောင်း၊ အစည်းအဝေးအား နည်းလမ်းတကျဖြစ်စေရန် နည်းလမ်းသစ် ပုံစံသစ်များဖြင့်သွားပါက အဆင်ပြေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု KNPP ဒုဥက္ကဋ္ဌဌခူးဦးရယ်မှ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့ပြင် KNPP နှင့် ပြည်နယ်အစိုးရ၏ လစဉ်အစည်းအဝေးများတွင် NRPC မှ တာဝန်ရှိသူတစ်ဦးဦး လာရောက်တက်ရောက်ပေးပါက အဆင်ပြေနိုင်မည်ဖြစ်ကြောင်းနှင့် ဖေးမကူညီပေးရန် KNPP ဘက်မှ တောင်းဆိုသောကြောင့် NRPC မှ တာဝန်ရှိသူများ လာရောက်တက်ရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ယခု အစည်းအဝေးသို့ NRPC ဘက်မှ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) နှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့်အဖွဲ့ဝင်များ၊ KNPP ဘက်မှ ဒုတိယဥက္ကဋ္ဌဌ ခူးဦးရယ် ဦးဆောင်သော ဗဟိုကော်မတီဝင်များ တက်ရောက်ကြောင်း သိရသည်။

No comments:

Post a Comment