Wednesday, May 8, 2019

ဦးဝီရသူကို တရားစွဲရန် အမှုတည်ဆောက်နေဟု ဝန်ကြီးသူရဦးအောင်ကိုပြော

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ဟောပြောချက်များနှင့်ပတ်သက်ပြီး ဦးဝီရသူကို တရားစွဲရန် အမှုတည်ဆောက်နေသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ ‘‘ဦးဝီရသူနဲ့ပတ်သက်လို့ တရားစွဲဖို့အတွက်ကို အမှုတည် ဆောက်နေပါတယ်။ လောလောဆယ်တော့ အဲဒီလောက်ပဲ ပြောလို့ ရပါတယ်။ အမှုတည်ဆောက်နေပါတယ် ကျွန်တော်တို့။ ခိုင်လုံ သထက် ခိုင်လုံအောင် အမှုတည်ဆောက်နေပါတယ်’’ဟု မေလ ၆ ရက်ညတွင် 7Day Daily သတင်းစာအား သူရဦးအောင်ကိုက အ တည်ပြုပြောကြားသည်။



ဦးဝီရသူသည် ဧပြီ ၂၉ ရက် တွင် မြိတ်မြို့၌ ပြုလုပ်သော အ ခြေခံဥပဒေပါ သမ္မတအရည်အ ချင်းသတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ထောက်ခံ ဆန္ဒပြပွဲ၌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရည်ညွှန်းသည့် စကားလုံးများ ထည့်သွင်းဟောပြောခဲ့သည်။

‘‘မိတ်ကပ်လေးလိမ်းဖို့ လောက်တတ်၊ ဖက်ရှင်လေးဝတ် ဖို့လောက်တတ်၊ ဒေါက်မြင့်လေး နဲ့ ကော့ကော့လျှောက်သွားဖို့ လောက်တတ်၊ ဒီကြားထဲ နိုင်ငံ ခြားသားတွေ တွေ့ရင်...ကယမ်း ချင်သေးတယ်။ ဒီလောက်သရမ်း နေတဲ့ ဟာကြီးကို သမ္မတတင်ချင် သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ သေချာပေါက်’’ဟု လူဦးရေ ၃၀၀ ခန့် တက်ရောက်သော အဆိုပါဆန္ဒပြပွဲ၌ ဦးဝီရသူက ဟောပြောခဲ့သည်။ ထိုသို့ဟောပြောသည့် ဗီဒီ ယိုရုပ်သံဖိုင် လူမှုကွန်ရက်စာမျက် နှာပေါ်တွင် ပျံ့နှံ့နေသည်။

ဦးဝီရသူ၏ဟောပြောချက် များသည် သာသနာညှိုးနွမ်းစေ မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေ မှုများပေါ်လွင်နေ၍ ယင်းပုဒ်မ များဖြင့် အရေးယူပေးရန် ဆရာ တော်ကြီးများနှင့် ဥပဒေကျွမ်းကျင် သူအချို့က တောင်းဆိုပြောကြားခဲ့သည်။

‘‘အဲဒီပုဒ်မနဲ့ သူ့ကို အရေးယူ လို့ ကောင်းကောင်းရပေါ့ဗျာ။ သာသနာညှိုးနွမ်းလှပြီ။ ကျုပ်တို့ လည်း နာမည်ပျက်လှပြီ’’ ဟု မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်အရှင်အရိယဝံသာဘိ ဝံသက မိန့်ကြားသည်။

ဦးဝီရသူ၏ဟောပြောမှုကို မြန်မာအာဏာပိုင်များက ခွင့်ပြု ပေးသော်လည်း ထိုင်းနိုင်ငံ အာ ဏာပိုင်များကမူ ခွင့်မပြုပေ။

မြိတ်မြို့ဟောပြောပွဲအပြီး သုံးရက်အကြာ မေလ ၃ ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေ သ၌ တရားပွဲပြုလုပ်ရန် စီစဉ် သော်လည်း ဖူးခက်ဒေသရောက် မြန်မာလုပ်သားများနှင့် ထိုင်းအာ ဏာပိုင်များက ခွင့်မပြု၍ မကျင်း ပနိုင်ခဲ့ပေ။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူး ခက်ဒေသသည် ထိုင်း-မွတ်စလင် လူမျိုးများနှင့် မြန်မာ-မွတ်စလင်လူမျိုးအများအပြား နေထိုင်သော ဒေသဖြစ်၍ ဘာသာရေးအဓိက ရုဏ်းများမဖြစ်ပွားစေရေး တား ဆီးခြင်းဖြစ်သည်ဟု ထိုင်းအာဏာ ပိုင်များက ပြောကြောင်း ထိုင်းနိုင် ငံတောင်ပိုင်းအခြေစိုက် ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း(FED) ဒါရိုက်တာဦးထူးချစ် က ပြောသည်။

ဦးဝီရသူသည် ဘာသာတစ် ခုနှင့် တစ်ခုကြား အမုန်းတရားပွားပြီး ဘာသာရေးအဓိကရုဏ်းဖြစ် စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ ဆော်ဟောပြောမှုများ၊ တရားဥပ ဒေစိုးမိုးမှုကို အဟန့်အတားဖြစ် စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြား ဘက် လိုက်ဝေဖန်မှုများကို ဒေသအနှံ့ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီး ယင်း သို့ ပြုလုပ်ခြင်းသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားလွှာကို ဖောက်ဖျက် ကျူးလွန်သော ကြောင့် တစ်နိုင်ငံလုံး တရားဟော ခွင့်ပိတ်ပင်ခဲ့ကြောင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ၂၀၁၇ မတ်လ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခံရသူဖြစ်သည်။

No comments:

Post a Comment