Wednesday, May 8, 2019

တရားမဝင်ဓာတ်ဆီဆိုင်များကို ပြင်းထန်ထိရောက်စွာ အရေးယူနိုင်ရေး တိုင်းဒေသကြီးအ စိုးရအဖွဲ့ ဆောင်ရွက်နေ

 မန္တလေးတိုင်း ဒေသကြီးအတွင်း တရားမဝင် ဆီ ဆိုင်များ ဖြန့်ဖြူးရောင်းချနေမှုများ ကို မီးဘေးအန္တရာယ်ကာကွယ်နိုင် ရန်နှင့် နိုင်ငံတော်အခွန်ငွေ မနစ် နာစေရန်အလို့ငှာ ရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင် ဖြန့်ဖြူးရောင်းချ ရေး ဥပဒေပုဒ်မ(၃၇)အရ ပြင်းထန် ထိရောက်စွာ အရေးယူမှုပြုလုပ် နိုင်ရေး တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



""မန္တလေး-မတ္တရာလမ်းဘေး ဝဲ၊ ယာ အတွင်းမှာ ဝင်ရောက်ကျူး ကျော်နေထိုင်ရောင်းချနေတဲ့ စက် သုံးဆီဆိုင်တွေကို မန္တလေးခရိုင် လမ်းဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်က လမ်းမ ကြီးများ ဥပဒေအရ တရားစွဲဆို ထားတယ်။ အဲဒီနေရာမှမဟုတ်ပါ ဘူး။ ဘယ်နေရာမှာ ရောင်းရောင်း ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင် ဖြန့်ဖြူးရောင်းချရေး ဥပဒေပုဒ်မ ၃၇ အရ ပြင်းထန်ထိရောက်စွာ အရေးယူမှုပြုလုပ်နိုင်ရေးဆောင် ရွက်နေပါတယ်""ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်၊ လျှပ် စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြော ကြားသည်။
မေ ၆ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေ သကြီးလွှတ်တော်၊ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် မတ္တရာမြို့နယ် မဲဆန္ဒနယ်အ မှတ်(၂)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးမင်းမင်းက မန္တလေး-မတ္တရာကားလမ်းမဘေး ရှိ ကျူးကျော်ဆီဆိုင်များရှင်းလင်း ဖယ်ရှားပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်ကိစ္စနှင့် စပ်လျဉ်း သည့် မေးခွန်းမေးမြန်းမှုအပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ် သည်။

""တရားမဝင် ဆီဆိုင်များဖမ်း ဆီးတယ်ဆိုသော်လည်း ဘက်ထ ရီပန့်ဆီဆိုင်သေးသေးလေးတွေ ကိုသာ ဖမ်းဆီးမှုတွေ့ရပြီး ဒဏ် ငွေရိုက်ကြောင်း ကြားသိရတယ်။ ဆီဆိုင်ကြီးတွေကိုတော့ တရားမ ဝင်ဆီဆိုင်အဖြစ် ဝင်ရောက်စစ် ဆေးတာ ဖမ်းဆီးတာ၊ ထိန်းသိမ်း တာ မတွေ့ရပါဘူး။ လိုင်စင်မ ဆောင် ကုန်သွယ်လုပ်ငန်းခွန်နဲ့ အမြတ်ခွန်လည်း မဆောင်ရဘဲနဲ့ အခွင့်အရေး တစ်ခုရသလိုဖြစ်နေ ပါတယ်"" ""တရားဝင်ဆိုင်တွေက စစ် ဆေးခံရပြီး တရားမဝင်ဆိုင်ကြီး တွေက မည်သူကမှ စစ်ဆေးခြင်း မရှိပါဘူး။ အခြားနေရာတွေမှာ တရားဝင် ပြောင်းရွှေ့ဖွင့်လှစ်ပေး နိုင်ရန် စီစဉ်ပေးဖို့ လွှတ်တော် ဥက္ကဋ္ဌကြီးမှ တစ်ဆင့် တောင်းဆို မေးမြန်းအပ်ပါတယ်""ဟု တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် က မေးမြန်းခဲ့သည်။

No comments:

Post a Comment