Wednesday, May 8, 2019

ကော်လိုရာဒိုမှ အထက်တန်းကျောင်းတစ်ကျောင်းအတွင်း သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခံရမှုကြောင့် ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ၊ ၂ ဦးကိုဖမ်းဆီးထား

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒေါက်ဂလပ်စ်ဒိစတြိတ်အတွင်းရှိ STEM School Highlands Ranch အထက်တန်းကျောင်းတွင် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုတစ်ခု အင်္ဂါနေ့က ဖြစ်ပွားသောကြောင့် ၁ ဦးသေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ကာ ပြစ်မှုကျူးလွန်သည်ဟု ယုံကြည်ရသူ ၂ ဦးကို ရဲက ဖမ်းဆီးထားသည်။



”အင်မတန် စိတ်မကောင်းစရာဖြစ်ရပ်ပါ။ ကျောင်းသားတစ်ဦးသေဆုံးတယ်ဆိုတာကို အခု ကျွန်တော်တို့ အတည်ပြုပေးနိုင်ပါတယ်”ဟု ဒေါက်ဂလပ်စ် ဒိစတြိတ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိကပြောသည်။ ”ကျောင်းသားမိဘတွေကိုလဲ အသိပေးပြီးပါပြီ”ဟုလည်း သူကပြောပါသေးသည်။ သေဆုံးသူမှာ အသက် ၁၈နှစ်ရှိ ကျောင်းသားတစ်ဦးဖြစ်သည်။

ယခုဖမ်းဆီးထားသူနှစ်ဦးမှာ အရွယ်ရောက်ပြီး လူငယ်တစ်ဦးနှင့် အရွယ်ရောက်ခါစ လူပျိုပေါက်တစ်ဦးဖြစ်ပြီး သူတို့သည်လည်း ကျောင်းသားများဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

”အခုဖမ်းထားတဲ့လူငယ်နှစ်ယောက်ဟာ ကျောင်းထဲကို လမ်းလျှောက်ဝင်လာကြပြီး၊ ကျောင်းထဲမှာ နှစ်နေရာခွဲပြီး ပစ်ကြတာပါ”ဟု ရဲအရာရှိတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားရာတွင် ဒဏ်ရာရရှိသူ ၈ ဦးကို ဆေးရုံသို့တင်ပို့ခဲ့သော်လည်း ယနေ့ ဗုဒ္ဓဟူးနေ့တွင် ယင်းတို့အထဲမှ ကျောင်းသားတစ်ဦးသေဆုံးသွားခြင်းဖြစ်သည်။ အခြား စိုးရိမ်ရသူများလည်း ရှိသေးသည်ဆို၏။

STEM School Highlands Ranch သည် ပုဂ္ဂလိက အထက်တန်းကျောင်းတစ်ကျောင်းဖြစ်ပြီး၊ သူငယ်တန်းမှသည့် Grade 12 အထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ ၁၈၅၀ ရှိသည်။

No comments:

Post a Comment