Wednesday, May 8, 2019

ထိုင်းနိုင်ငံတွင် အငြိမ်းစားယူခါနီး မှုခင်းစုံစမ်းရေးရဲအရာရှိအိမ်မှ မူးယစ်ဆေးနှင့်လက်နက်များ ဖမ်းမိ

ထိုင်းနိုင်ငံမှ အငြိမ်းစားယူခါနီး ရဲအရာရှိတစ်ဦး၏နေအိမ်တွင် မူးယစ်ဆေးနှင့် လက်နက်များ ဖမ်းမိသဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း သိရသည်။ နခွန်ပနွန်ရှိ အသက် (၅၉)နှစ်အရွယ် ရဲအရာရှိ၏နေအိမ်ကို ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့က စီမံချက်ဖြင့် ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွဆေးပြား (၆၀၀၀)၊ ဆေးခြောက် (၁၀)ကီလိုဂရမ်နီးပါးတို့နှင့်အတူ သေနတ် (၄)လက်ကိုလည်း ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ ခရိုင်ရဲတပ်ဖွဲ့၏ မှုခင်းစုံစမ်းရေးအရာရှိအဖြစ်မှ လာမယ့် စက်တင်ဘာလတွင် အငြိမ်းစားယူရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများကို လာအိုနိုင်ငံနယ်စပ်တွင်နေထိုင်သည့် ၎င်း၏ဇနီးထံမှ ရရှိခြင်းဖြစ်သည်ဟု သိရပြီး ရဲအရာရှိကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။

No comments:

Post a Comment