Wednesday, May 8, 2019

အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေတွင် နိုင်ငံ့ဝန်ထမ်းအကျုံးဝင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်ပယ်ဖျက်

အလုပ်သမားရေး ရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ တွင် နိုင်ငံ့ဝန်ထမ်းများလည်း အ ကျုံးဝင်သော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ပြည်ထောင်စုလွှတ်တော် က ဆုံးဖြတ်ခဲ့သည်။ လွှတ်တော်နှစ်ရပ် သဘော ထားကွဲလွဲနေသည့် အချက်၃၀ ကျော်ပါဝင်သည့် အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်းကို ယမန်နေ့က ကျင်း ပသည့် ပြည်ထောင်စုလွှတ်တော် ၌ တစ်ပိုဒ်ချင်းစီ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဥပဒေကြမ်း၏အလုပ်သ မားအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အ မျိုးသားလွှတ်တော်က နိုင်ငံ့ဝန် ထမ်းများပါဝင်ကြောင်း အတည် ပြုခဲ့သော်လည်း ပြည်သူ့လွှတ် တော်က ပယ်ဖျက်သည်။ ထို့အ ပြင် အမျိုးသားလွှတ်တော်၏မူလ အတည်ပြုချက်အရ ထောင်ဒဏ်၊ ပြစ်ဒဏ်များ ထည့်သွင်းဖော်ပြ သော်လည်း ပြည်သူ့လွှတ်တော် က ထောင်ဒဏ်ကို ပယ်ဖျက်၍ ငွေဒဏ်များတိုးမြှင့်ခဲ့သည်။

လွှတ်တော်နှစ်ရပ်စလုံးက နှစ်ကြိမ်စီ အပြန်အလှန်စိစစ်ပြင် ဆင်ပြီးချိန်တွင် အလုပ်သမားရေး ရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ကြမ်း ပြစ်မှုပြစ်ဒဏ်အခန်း၌ ထောင်ဒဏ်ပါဝင်လာခြင်း မရှိ တော့ပေ။

‘‘ထောင်ဒဏ်တွေနဲ့ ပတ် သက်ပြီးတော့ စဉ်းစားတဲ့အခါမှာ အဓိကက ရင်းနှီးမြှုပ်နှံတဲ့သူတွေ ပေါ့။ ထောင်ဒဏ်ထည့်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ မတွေ့ ရတော့ဘူး။ နိုင်ငံတကာမှာလည်း အငြင်းပွားမှုဖြေရှင်းတဲ့ ဥပဒေ တွေမှာ အလုပ်ရှင်တွေကို ထောင် ချတဲ့ အနေအထားမျိုးမရှိဘူး’’ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ရှင်းလင်းထားသည်။

ယင်းဥပဒေတွင် နိုင်ငံ့ဝန် ထမ်းများကို လွှမ်းခြုံနိုင်မည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းပေး ရေး၊ အလုပ်သမားများအတွက် မျှတသော တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင် ရွက်ပေးရေး၊ အလုပ်သမားတရား ရုံးများ အမြန်ဆုံးတည်ထောင်ပေး ရေးအပါအဝင် အချက် ၁၃ ချက် ထည့်သွင်းပြဋ္ဌာန်းပေးရန် အလုပ် သမားအဖွဲ့အစည်းများက ဆန္ဒပြ တောင်းဆိုမှုများရှိသည်။

သို့သော် လက်ရှိ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက် တွင် အထက်ပါတောင်းဆိုချက် တစ်ချက်မျှ ပါဝင်လာခြင်းမရှိ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။

‘‘ကျွန်တော်တို့ရဲ့ဥပဒေပြုမှု ယန္တရားမှာ ရှိနေတဲ့ပုဂ္ဂိုလ်တွေနဲ့ အခြေခံအလုပ်သမားတွေနဲ့ ကင်း ကွာနေတယ်ဆိုတာ မျက်ဝါးထင် ထင်မြင်ရတာပါ’’ဟု ၎င်းက ဝေဖန်သည်။ ယခုအတည်ပြုလိုက်သော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေသည် ယခင် ဥပဒေများထက် ပိုမိုကောင်းမွန် သည့်အချက်များ ပါဝင်လာသော် လည်း လိုအပ်ချက်များရှိနေဆဲ ဖြစ်၍ တောင်းဆိုချက်များရရှိရေး ဆက်လက်ကြိုးပမ်းမည်ဖြစ် ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက   ပြော သည်။  ယင်း ဥပဒေနှင့်ပတ်သက်၍   နိုင်ငံတော်သမ္မတအနေဖြင့်  ပြင်ဆင်လိုသည့်အချက်များရှိပါ က ၁၄ ရက် အတွင်း လွှတ်တော်သို့ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

No comments:

Post a Comment