Wednesday, May 8, 2019

ပဲခူးရွှေမော်ဓောဘုရားတွင် ၆ နှစ်အရွယ်မိန်းကလေး ၁ဦး အဓမ္မပြုကျင့်ခံရ၊ ကျူးလွန်သူကို ဘုရားသန့်ရှင်းရေးဝန်ထမ်းက ဖော်ထုတ်ဖမ်းဆီး

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားမှာ အသက် ၆ နှစ်အရွယ်မိန်းကလေးတဦးကို လူလတ်ပိုင်း အမျိုးသားတဦးက အဓမ္မပြုကျင့်တာကို သန့်ရှင်းရေးဝန်ထမ်းတွေက ဖော်ထုတ်ဖမ်းဆီးပြီး ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမောင်က ပြောပါတယ်။



မေလ ၇ ရက် နေ့လယ် ၁ နာရီခွဲလောက်က ရွှေမော်ဓောဘုရားရဲ့ အရှေ့မြောက်ထောင့်က ကိုးန၀င်းဘုရားသစ်ပုံ နောက်ကျောဘက်မှာ အမျိုးသား တဦးက အသက်၆ နှစ်အရွယ် ကလေးမလေး တဦးကို အဓမ္မပြုကျင့်နေတာကို တွေ့ရှိတဲ့အတွက် ဘုရားပေါ်က သန့်ရှင်းရေးဝန်ထမ်းတဦးက ဗီဒီယို သက်သေ ရိုက်ကူးထားပြီး ဘုရားလုံခြုံရေးတာဝန်ခံတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဘုရားလုံခြုံရေးတွေ ရောက်လာချိန်မှာ အဓမ္မပြုကျင့်ခဲ့သူ လူလတ်ပိုင်းအရွယ် အမျိုးသား က ကလေးမလေးလက်ကို ဆွဲထွက်လာတဲ့အတွက် လုံခြုံရေးဝန်ထမ်းတွေက လုံခြုံရေးရုံးခန်းကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

အဲဒီလူငယ်ဟာ သနပ္ပင်မြို့နယ် ဖရဲရွာက နိုင်ဇင်အောင်ဖြစ်ပြီး ကလေးမလေးက သူနဲ့ ခယ်မတော်စပ်တယ်လို့ ပြောပါတယ်။ အဲဒီနောက် ဘုရားလုံခြုံရေး ၀န်ထမ်းတွေက သစ်ပုံ နောက်မှာ အစောပိုင်းက ကလေးမလေးကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုဖိုင်ကို ဖွင့်ပြရာ နိုင်ဇင်အောင်ဆိုသူက အဓမ္မပြုကျင့်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါတယ်။

ဒါကြောင့် နိုင်ဇင်အောင်ကို ဥပဒေအရ အရေးယူပေးဖို့ ဘုရားဝန်ထမ်း ဦးလှိုင်မြင့်က တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ပဲခူးမြို့မနယ်မြေရဲစခန်းက (ပ)၁၃၄၇/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

No comments:

Post a Comment