Wednesday, May 8, 2019

ထောင်မှ လွတ်မြောက်လာပြီး သာသနာ့ဘောင်ခေတ္တ၀င်မယ့် မိုးအောင်ရင်

  မြန်မာနှစ်သစ်ကူးကာ လတတိယအကြိမ် နိုင်ငံတော် သမ္မတ၏ ယမန်နေ့ ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်တွင် မူးယစ် ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံ နေရသည့် သရုပ်ဆောင် မိုး အောင်ရင် ပါဝင်လာသည်။ မိုးအောင်ရင်၏ ဖခင်အဆို တော် အောင်ရင်က ‘‘ကျွန်တော် တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးက နေ ဒီနေ့လွတ်မြောက်ပါပြီခင်ဗျာ။ လွတ်မြောက်ခွင့်ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူ လူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာပို့သပေးကြသူများအားလုံး၊ ကိုယ်ချင်းစာ တရားအပြည့်နဲ့ ကျွန်တော်တို့မိသားစု ကို စောင့်ရှောက်ဖေးမကူညီကြ သူများအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျာ’’ ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားသည်။



သရုပ်ဆောင်မိုးအောင်ရင် ကို ၂၀၁၆ နိုဝင်ဘာ ၂၆ ရက်က မူးယစ်ဆေးသုံးစွဲမှု၊ လက်ဝယ် တွေ့ရှိမှုဖြင့် ပုဇွန်တောင်မြို့နယ် တရားရုံးက ထောင်ဒဏ် ငါးနှစ်ချ မှတ်ခဲ့သည်။ ထို့အပြင် မူးယစ်ဆေးရောင်းချရန် လက်ဝယ်ထား ရှိမှုဖြင့် အရှေ့ပိုင်းခရိုင်တရားရုံး က ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ သည်။

သရုပ်ဆောင်မိုးအောင်ရင် သည် ပြစ်ဒဏ်ကျခံကာလ ၂ နှစ်နှင့် ကိုးလခန့်တွင် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် မေ ၇ ရက် တွင် လွတ်မြောက်လာခြင်းဖြစ် သည်။ ထောင်က လွတ်မြောက်လာ ပြီဖြစ်သည့် သရုပ်ဆောင် မိုး အောင်ရင်သည် မေလ ၁၁ ရက် တွင် သာသနာ့ဘောင်သို့ ခေတ္တ ၀င်ရောက်မည်ဖြစ်ကြောင်း ၎င်း ၏ဦးလေး ဦးကြွယ်ရင်က ပြော သည်။

No comments:

Post a Comment