Wednesday, May 22, 2019

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ၈၈ ငြိမ်းပွင့်မှ ဒေါ်နီလာသိန်းအပါအဝင် ငါးဦးကို ပုဒ်မလေးခုဖြင့် အမှုဖွင့်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်စဉ် ရဲတပ်ဖွဲ့ ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားမှုကြောင့် ၈၈ မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း)မှ ဒေါ်နီလာသိန်းအပါအဝင် ငါးဦးကို ပုဒ်မလေးခုဖြင့် ဗိုလ် တထောင်မြို့နယ် ရဲစခန်း၌ ယမန်နေ့က အမှုဖွင့်ထားသည်။ ‘‘ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေအ ပေါ် ကိုယ်ထိလက်ရောက်ကျူး လွန်မှု၊ တာဝန်ဝတ္တရားနှောင့် ယှက်မှုတို့ကြောင့် ပါဝင်သူငါးဦး ကို အမှုဖွင့်လိုက်တာပါ’’ဟု အ ရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ဒေါ်နီလာသိန်း အပါအဝင် ငါးဦးကို အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ပြည်သူ့ဝန်ထမ်းတစ်ဦး ပြည် သူဆိုင်ရာ အလုပ်ဝတ္တရားဆောင် ရွက်နေသည်ကို ဟန့်တားခြင်း ပုဒ်မ ၁၈၆၊ ပြည်သူ့ဝန်ထမ်းတစ် ဦးအား တာဝန်ဝတ္တရား ဆောင် ရွက်ခြင်းမှ ဟန့်တားရန် မိမိအလို အလျောက် နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် ပြည်သူ့ဝန်ထမ်းတစ်ဦး ကို လက်ရောက်မှုကျူးလွန်ခြင်း ပုဒ်မ ၃၅၃ တို့ဖြင့် အမှုဖွင့်ခြင်းဖြစ် သည်။

‘‘လောလောဆယ်ကတော့ ရဲစခန်းတို့ ဘာတို့က တရားဝင် လာပြောတာမဟုတ်ဘူး။ တရား ဝင် သတင်းပေးတာမဟုတ်ဘူး။ လောလောဆယ်တော့ ရဲတွေ၊ စရဖတို့၊ SB တို့က တင်ထားတဲ့ ပို့စ်တွေကို အခြေခံပြီး တရားစွဲခံရ တယ်ဆိုတဲ့ဟာကို သိထားရတယ်။ Confirm တော့ မသိသေးဘူး’’ဟု ရုံးထုတ်သို့ လာရောက်ဝန်းရံ သူ ကိုနန်းလင်းက ယမန်နေ့တွင် ပြောသည်။

မေလ ၂၀ ရက်က ဗိုလ် တထောင်မြို့နယ် တရားရုံး၌ ရုံး ထုတ်စဉ် ဖမ်းဆီးခံ သံချပ်အဖွဲ့ ဝင်များကို လက်ထိတ်ခတ်ထား ခြင်းကြောင့် ၎င်းတို့၏ မိသားစုဝင် များ၊ ဝန်းရံသူများနှင့် ရဲတပ်ဖွဲ့ဝင် များကြား ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့သည်။ သံချပ်အဖွဲ့ဝင် ခုနစ် ဦးကို ရုံးထုတ်စဉ် တရားရုံးရှေ့ သို့အရောက် အချုပ်ကားပေါ်မှ အဆင်း၌ ရုန်းရင်းဆန်ခတ် ဖြစ် ပွားခြင်းဖြစ်သည်။ နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် တပ်မတော်၏ တရားစွဲဆိုခြင်း ခံထားရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ရဲတပ်ဖွဲ့ဝင်များက အင်းစိန်ထောင်အတွင်းအထိ ရောက်လာပြီး လက်ထိတ် ခတ်ခဲ့သည်ဟု ဖမ်းဆီးခံ သံချပ် အဖွဲ့ဝင် ကိုပိုင်ရဲသူက အဆိုပါ ရုံးထုတ်၌ ပြောကြားသည်။

No comments:

Post a Comment