Wednesday, May 22, 2019

တီးတိန်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ထိုးကျယာဉ်ပေါ်လိုက်ပါသူ လေးဦးသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာအနီး တီးတိန် -ရိဒ်သွားကားလမ်း မိုင်တိုင် (၇/၁)နှင့် (၇/၂)အကြားတွင် မေ ၂ဝရက် နံနက် ၅နာရီခန့်က မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ လေးဦးသေဆုံးကြောင်းသိရသည်။ သတင်းအရ တီးတိန်မြို့နယ် ယာယီရဲမှူးခင်မောင်ဌေး၊ ဒုရဲမှူးမောင်လွင်နှင့်အဖွဲ့၊ လမ်ဇန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂင့်ထွန်းပေါင်နှင့်အဖွဲ့တို့ အခင်းဖြစ်သည့် နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ
ကလေးမြို့မှ ရိဒ်မြို့သို့ ရန်ကုန်မြို့နေ ယာဉ်မောင်းခင်မောင်မြင့်(၆၅နှစ်) ၊ မောင်းနင်လာသော ယာဉ်ပေါ်တွင် အရှင် ဇေယနန္ဒ (သက်တော် ၅၂နှစ်)ရတနာမြင့်ဉ္စူကျောင်း  ဝေါမြို့၊ ပဲခူးတိုင်းဒေသကြီး ၊ဦးစံလှ(၈၂နှစ်)၊ဒေါ်ခင်စန်း ဌေး (၈၀ နှစ်)တို့လိုက်ပါလာသောယာဉ်သည် အခင်းဖြစ်သည့်နေရာအရောက်တွင် အရှိန်မ ထိန်းနိုင်ဘဲ လမ်း၏ယာဘက်ချောက်အတွင်းသို့ ပေ ၃၀ဝခန့် ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်းသိရသည်။

No comments:

Post a Comment