Wednesday, May 22, 2019

ချန်ပီယံလိဂ်ဖလားဆွတ်ခူးရန်လိုဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာဝန်ခံ

တစ်ရာသီတည်း ပြည် တွင်းဖလားသုံးလုံး ဆွတ်ခူးနိုင် သော ပထမဆုံး အင်္ဂလန်ကလပ် အဖြစ် မှတ်တမ်းစိုက်ထူနိုင်သော် လည်း ချန်ပီယံလိဂ်ဖလား ရ၊ မရ က မန်စီးတီးကို လုံးဝအဆုံးအ ဖြတ်ပေးကြောင်း နည်းပြ ဂွာဒီယို လာက ဝန်ခံပြောကြားသည်။ ဝက်ဖို့ဒ်ကို ခြောက်ဂိုးပြတ် အနိုင်ယူပြီး ၎င်း၏လက်ထက် ပထမဆုံး အက်ဖ်အေဖလားရရှိ ပြီးနောက် ဂွာဒီယိုလာ (၄၈)နှစ် က ချန်ပီယံလိဂ်ထက် ပြည်တွင်းဖလားသုံးလုံး (ပရီးမီးယားလိဂ်၊အက်ဖ်အေ၊ လိဂ်ဖလား)က ပိုမိုခက်ခဲသည်ဟု ပွဲပြီးပြီးချင်း ပြော ကြားခဲ့သည်။



‘‘ဘာလို့လဲဆိုတော့ ပြိုင် ဆိုင်မှု ပြင်းထန်တဲ့ ရာသီတစ် လျှောက်လုံး ခြေစွမ်း တစ်သမတ် တည်းရှိဖို့ အရေးကြီးတာကြောင့် ချန်ပီယံလိဂ်ဖလားထက် ပြည် တွင်းဖလားသုံးလုံးက ပိုပြီးတော့ ခက်ခဲပါတယ်’’ဟု ဂွာဒီယိုလာက ထိုအချိန်က ပြောကြားခဲ့သည်။

သို့သော် မေလ ၂၀ ရက် တွင် ဂွာဒီယိုလာက မန်စီးတီးအ သင်း၏ အောင်မြင်မှုသည် ချန်ပီ ယံဖလား ရ၊ မရဖြင့် တိုင်းတာဆုံး ဖြတ်ခံရမည်ဟု ပြောသည်။

‘‘အဆုံးသတ်မှာ ချန်ပီယံ လိဂ်ဖလား ရ၊ မရနဲ့ တိုင်းတာဆုံး ဖြတ်ခံရမယ်ဆိုတာ သိတယ်လို့ အရင်ကလည်း ကျွန်တော်ပြောဖူး ပါတယ်။ ဒါကို မဆွတ်ခူးနိုင်ရင် ကျွန်တော်တို့ လုံလောက်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်’’ဟု ဘာစီလိုနာနည်းပြဘဝတွင် ချန်ပီ ယံလိဂ်ဖလား နှစ်ကြိမ်ရဖူးသူ ဂွာဒီယိုလာက ပြောသည်။

‘‘ဘာစီလိုနာ နည်းပြဘဝ တုန်းက လေးနှစ်အတွင်း ချန်ပီယံ လိဂ်ဖလား နှစ်ကြိမ်ရခဲ့တာက ကံကောင်းတာပါ။ မန်စီးတီးမှာ လည်း အထူးစပယ်ရှယ်တစ်ခုခု ကျွန်တော်လုပ်ပြနိုင်မယ်လို့ လူ တွေက မျှော်လင့်ထားတယ်။ အဲ ဒါကတော့ ချန်ပီယံလိဂ်ဖလား ရယူရမယ်ဆိုတာပါပဲ’’ဟု ဂွာဒီယို လာက ပြောသည်။

၂၀၁၆ က ဂွာဒီယိုလာ စတင်ကိုင်တွယ်ခဲ့သော မန်စီးတီး သည် ၂၀၁၇ က ချန်ပီယံလိဂ် (၁၆) သင်းအဆင့်တွင် မိုနာကို၊ ၂၀၁၈ ချန်ပီယံလိဂ် ကွာတားဖိုင် နယ် လီဗာပူးနှင့် ယခုနှစ် ချန်ပီယံ လိဂ်၌ ကွာတားဖိုင်နယ်တွင် စပါး အသင်းတို့ကိုရှုံးကာ ထွက်ခဲ့ရ သည်။

‘‘ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ နှစ်က စံချိန်တင်ရမှတ် ၁၀၀ ရခဲ့ တယ်။ ဒီနှစ်မှာ ပြည်တွင်းဖလား သုံးလုံး ဆွတ်ခူးနိုင်ခဲ့တာက မယုံ ကြည်နိုင်စရာပါ။ ဒါပေမဲ့ အသင်း ကောင်းတွေချည်း ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ဗိုလ်စွဲချင်ပါတယ်’’ဟု ဂွာဒီယိုလာ က ပြောကြားသည်။

No comments:

Post a Comment