Wednesday, May 22, 2019

အရေးပေါ်ဆင်းသက်ခဲ့သည့်လေယာဉ်ပြုပြင်ပြီးပါက MNA လေကြောင်းလိုင်း ဆက်လက်ငှားရမ်းမည်ဟုဆို

မန္တလေးလေဆိပ်သို့ ဆင်းသက်စဉ် ရှေ့ဘီးချမရသ ဖြင့်အင်ဂျင်စက်ရပ်၍ အရေး ပေါ်ဆင်းသက်ခဲ့ရသည့် အမ်   ဘရာလေယာဉ်ကို ပြုပြင်ပြီးသည့် အခါ မြန်မာအမျိုးသားလေ ကြောင်းလိုင်း (MNA) ကဆက် လက်ငှားရမ်းအသုံးပြုမည်ဟုလေ ယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောသည်။ လေယာဉ်ပြုပြင်ရန် ကုန်ကျ စရိတ်ကို တန်ဖိုးသင့်တွက်ချက်  ပြီးသည့်နောက်အာမခံကုမ္ပဏီထံ  မှ တပေါင်းတည်းတောင်းခံမည် ဖြစ်ကြောင်း၊ လက်ရှိတွင်ကုန် ကျစရိတ်အတွက် မြန်မာအ မျိုးသားလေကြောင်းလိုင်းနှင့်အမ် ဘရာကုမ္ပဏီက တန်ဖိုးသင့်နိုင် ခြင်းမရှိသေးကြောင်း ၎င်းကပြော သည်။



‘‘တန်ဖိုးတော့မတွက်ရသေး ဘူး။ ခန့်မှန်းတာထက်အများကြီး  သက်သာတယ်လို့ပြောတယ်’’ ဟု ဦးမြတ်မိုးအောင်ကပြောသည်။ အရေးပေါ်  ဆင်းသက်စဉ် ထိခိုက်မှုဖြစ်ပွားခဲ့သည့် လေ ယာဉ်ကို ဘရာဇီးနိုင်ငံအခြေစိုက် အမ်ဘရာကုမ္ပဏီထံမှ မြန်မာ အမျိုးသားလေကြောင်းလိုင်းက ၂၀၁၂ ဒီဇင်ဘာတွင် စတင်ငှား ရမ်းခဲ့သည်။

ပထမငှားရမ်းမှုသက်တမ်း သည် ၂၀၁၉ နှစ်ကုန်အထိသာ ဖြစ်သော်လည်း သက်တမ်း ခြောက်နှစ် ထပ်မံငှားရမ်းရန် အမ်ဘရာ ကုမ္ပဏီနှင့်မြန်မာအမျိုးသားလေကြောင်းလိုင်းကြား သဘော တူညီမှုများရှိခဲ့သည်။ ‘‘ပြင်ပြီးဆက်ငှားမယ်။ ပြင် တယ်ဆိုတာက အများကြီးပဲ။ ကားလိုမဟုတ်ဘူး။ အချိန်ဘယ် လောက်ကြာမယ်တော့မသိဘူး’’  ဟု ဦးမြတ်မိုးအောင်ကပြောသည်။

 အရေးပေါ်ဆင်းသက်စဉ် ၀မ်းဗိုက်အရှေ့ပိုင်း   ထိခိုက်ခဲ့ သည့် အမ်ဘရာလေယာဉ်ကို ယခင်ကပြုပြင်ရေးအလုပ်ရုံရှိရာ ဖိလစ်ပိုင်နိုင်ငံသို့ သယ်ဆောင်ပြု ပြင်ရန်စီစဉ်ခဲ့သည်။ သို့သော်  အင်ဂျင်နီယာများက လိုအပ် သည့်ပစ္စည်းများသယ်ဆောင်လာ ပြီးဖြစ်သဖြင့် မြန်မာနိုင်ငံ၌ပင် ပြင်ဆင်မည်ဟု ပြောသည်။ မေလ ၁၂ ရက်နံနက်တွင် မန္တလေးလေဆိပ်၌ လေယာဉ် အမှုထမ်းများနှင့် ခရီးသည်စုစု ပေါင်း ၈၉ ဦးလိုက်ပါလာသည့် မြန်မာအမျိုးသား လေကြောင်း လိုင်း၏ အမ်ဘရာလေယာဉ် သည် ရှေ့ဘီးချမရသည့်အခြေ အနေကြုံတွေ့ရသဖြင့်  လေ ယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က အင်ဂျင်စက်ရပ်ကာ အရေးပေါ် အခြေအနေဖြင့် ဆင်းသက်ခဲ့ သည်။

No comments:

Post a Comment