Sunday, June 30, 2019

စန္ဒီမြင့်လွင်ရဲ့ ရင်သွေးလေးကို နာမည်ပေးဖို့ စဉ်းစားနေတဲ့ စိုးမြတ်သူဇာ

ညီမများ၏ ရင်သွေးများ အတွက် နာမည်ရွေးပေးဖြစ်သလို  မကြာမီမွေးဖွားတော့မည့် စန္ဒီမြင့် လွင်၏ ရင်သွေးနာမည်ပေးရန် စဉ်းစားနေကြောင်း စိုးမြတ်သူဇာ ကပြောသည်။ ‘‘နေ့နံလည်းလိုသေးတယ်။ အခုက ဘယ်နေ့မွေးမယ်မှန်း မသိသေးဘူး။အဖေနာမည်လည်း ပါမယ်၊ အမေနာမည်လည်းပါ မယ်။ ရိုးရိုးလေးလည်းဖြစ်စေချင် တယ်။ အခုလောလောဆယ် သူ တို့က အဘွားနာမည်လည်းထည့် ချင်တယ်ဆိုတော့ မကြီးလည်း ဘာပြောရမှန်းမသိဘူး’’ ဟု ၎င်း က ပြောသည်။



ညီမများဖြစ်သည့် စိုးမြတ် ကလျာနှင့် စိုးမြတ်နန္ဒာတို့၏ ရင် သွေးများကို စိုးမြတ်သူဇာကမြတ် သောမောင်နှင့် ခေတ်သခင်ဟု နာမည်ပေးခဲ့ခြင်းဖြစ်သည်။

သွေးကို မကြည့်ရဲသော် လည်း ညီမများ ရင်သွေးမွေးဖွား ချိန်တွင် ခွဲခန်းအထိလိုက်လေ့ရှိ ပြီး စန္ဒီမြင့်လွင် မွေးဖွားချိန်တွင် လည်း ခွဲခန်းထဲအထိလိုက်ရန် ပြောထားသည်ဟု ၎င်းကဆို သည်။

လတ်တလော ရုံတင်နေ သည့် ‘စိန်ဂေါ်လီမယောက်ျား’ ရုပ်ရှင်တွင် စိုးမြတ်သူဇာက  ဇီဇာ ကြောင်သည့် အပျိုကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

‘‘တင်ကြီးကြီးဖြစ်ဖို့ မကြီးရဲ့ ဒီဇိုင်နာက ဖော့ပါးပါးလေးတွေ  အထပ်ထပ်နဲ့ ချုပ်ပေးတယ်။  တစ်နေကုန်ဝတ်ထားရတာ’’ ဟု စိုးမြတ်သူဇာက ယင်းဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ထား သည့် ဇာတ်ရုပ်အတွက်ပြင်ဆင်မှု ပိုင်းကို ပြောသည်။

ဟာသဇာတ်ကားများ ရိုက် ကူးရသည်ကို ပျော်ရွှင်သော် လည်း ဟာသမြောက်အောင် သရုပ်ဆောင်ရသည်မှာ ခက်ခဲ ကြောင်း စိုးမြတ်သူဇာကပြော သည်။

‘‘ဟာသလုပ်ရတာက  ခက် လည်းခက်တယ်။ အဲဒါကြောင့် ဟာသလုပ်တဲ့ အနုပညာရှင်တွေ ကို ချစ်တယ်။ လူရွှင်တော်တွေ ဆိုရင်လည်း အကုန်ချစ်တယ်။ ငိုတာကို လိုက်ငိုဖို့က လွယ်တယ်။  ရယ်စရာလုပ်တာကို လိုက်ရယ် ဖို့က သိပ်မလွယ်လှဘူး’’ဟု၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် တွဲ ဖက်သရုပ်ဆောင်ရသည့် အနု ပညာရှင်များသည် ဟာသကို ပိုင် နိုင်သူများဖြစ်သောကြောင့် တစ် ကားလုံးကို ပျော်ပျော်ရွှင်ရွှင် ရိုက် ကူးခဲ့ရသည်ဟု ၎င်းကဆိုသည်။ ‘‘မကြီးတို့၊ မခိုင်လေးတို့၊ မဂွမ်းလေးတို့က တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှတယ် လို့ပြောလို့ရတယ်။ တစ်ယောက် ဘာလုပ်မယ်ဆိုရင် နောက်တစ် ယောက်က ဘာလုပ်ရမယ်ဆိုတာ အော်တိုသိကြတယ်’’ ဟု စိုးမြတ် သူဇာကပြောသည်။

No comments:

Post a Comment