Sunday, June 30, 2019

တောင်သူများထံ ဧရာဝတီတိုင်းအစိုးရ ကွင်းဆင်းထိတွေ့ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြား

ဧရာဝတီတိုင်းဒေသကြီအစိုးရနှင့် အုပ်ချုပ် ရေးယန္တရားက ဝန်ထမ်း များအ နေဖြင့် တောင်သူလယ်သမားကြီးများထံ ကွင်းဆင်းထိတွေ့ရန် နိုင်ငံ တော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွှန်ကြားလိုက်သည်။ ဇွန် ၂၈ ရက် ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့ လယ်ယာဝန် ဆောင် မှုစင်တာ၌ ကျင်းပသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဒေသခံတောင်သူ လယ်သမား များတွေ့ဆုံပွဲအခမ်းအနား၌ ဒေါ် အောင်ဆန်းစုကြည်က နိဂုံးချုပ် အမှာစကားပြောကြားစဉ် အထက် ပါအတိုင်းထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က”ကျွန်မအားလုံးခြုံငုံပြီး ပြောရမယ်ဆိုရင် အဓိကလိုအပ် ချက်ကတော့ ကျွန်မတို့တောင်သူ လယ်သမားကြီးများနဲ့ ကျွန်မတို့အစိုးရကြားမှာပိုပြီးတော့ ထိတွေ့မှု လိုတယ်လို့ ကျွန်မမြင်ပါတယ်။ တောင်သူလယ်သမားကြီးများ ရယ်၊ အစိုးရရယ်၊ လုပ်ငန်းရှင်ရယ်၊ ဒါအခုဒီဆွေးနွေးပွဲမှာတော့ အားလုံးပါလာတာပေါ့နော်၊ ဒါပေမဲ့ ဒီလိုဟာမျိုးဆိုတာတစ်ချိန်လုံးဆက် သွယ်မှုရှိနေဖို့လိုပါတယ်။ အဲဒါ ကြောင့်မို့လို့ အဓိကတာဝန်က ဘယ်သူ့မှာ တာဝန်ရှိသလဲဆို တော့ တိုင်းအစိုးရမှာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုအစိုးရအဆင့်ကတစ်ချိန်လုံး ဆင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ တစ်တိုင်းပြည်လုံးကိုမျှပြီး လုပ်ရပါ တယ်။ ဧရာဝတီတိုင်းတစ်ခုတည်း တင်မဟုတ်ဘူး အခြားတိုင်းနဲ့ ပြည်နယ်(၁၃)ခုအတွက်ပါ ကျွန်မတို့က လုပ်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍ၌ဖြစ်ပေါ်နေသော ပြ ဿနာများနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများကတင်ပြချက်များ နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က”ကျွန်မကတော့ ဆော်သြ ချင်တာကတော့ အထူးသဖြင့် ဧရာဝတီလိုပေါ့။ စိုက်ပျိုးမွေးမြူရေးကို အင်မတန်မှအားကိုအခြေခံနေ ရတဲ့တိုင်းဒေသကြီးတစ်ခုမှာဆိုလို့ရှိရင် တိုင်းအစိုးရအဖွဲ့ဝင်များဟာ နောက်တိုင်းအစိုးရရဲ့အုပ်ချုပ် ရေးပိုင်းဆိုင်ရာမှာရှိနေတဲ့ ဝန်ထမ်းများဟာ တောင်သူလယ် သမားများကြီးများနှင့်ပတ်သက် ပြီး အမြဲထိတွေ့မှုရှိနေဖို့လိုပါ တယ်။ ထိတွေ့မှုရှိနေဖို့လိုတယ် ဆိုတာက တချို့မေးသွားတဲ့ကိစ္စတွေမှာဆိုလို့ရှိရင် ကျွန်မတို့တောင် သူလယ်သမားကြီးတချို့ကသတ် မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို တိတိကျကျမသိ တာလည်းပါပါတယ်။ အဲဒီတော့ အဲဒါတွေသိအောင် လုပ်ပေးဖို့ ဆိုတာအစိုးရမှာတာဝန်ရှိပါတယ်။

ဗဟိုအစိုးရထက် တိုင်းအစိုးရက နေပြီးတော့ ကွင်းဆင်းပြီးတော့ ထိတွေ့ပြီးတော့ ဒါလုပ်ချင်ရင် တော့ဒီအဆင့်တွေကို ဖြတ်သန်းရမယ်ဆိုပြီးတော့ အဲဒါတွေကိုရှင်း ပြဖို့လိုပါတယ်။နောက်တစ်ခုက လည်း တကယ်ပဲ တောင်သူလယ် သမားတွေရဲ့လိုအပ်ချက်တွေဟာ ကျွန်မတို့ဗဟိုအစိုးရကနေပြီး မသိနေဘူးဆိုရင် ဗဟိုအစိုးရဆီရောက်အောင်တင်ပြရမှာကတိုင်း အစိုးရရဲ့တာဝန်ဖြစ်ပါတယ်။

တိုင်း၊ ပြည်နယ်အစိုးရတွေဟာ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ဗဟိုအစိုးရနဲ့ပြည်သူလူထုကြားမှာရှိနေတဲ့ တံတားတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မကတော့ ခြုံငုံပြီးတော့အကြံပြုချင် တာကတော့ ကျွန်မတို့တိုင်းအစိုးရအဖွဲ့ဝင်များနဲ့ ဒီတိုင်းမှာရှိတဲ့ အုပ်ချုပ်ရေး ယန္တရားက ဝန်ထမ်းများဟာ တောင်သူလယ်သမား ကြီးများနဲ့ပုံမှန် ထိတွေ့မှုရှိအောင်လုပ်ကြပါ။ ကွင်းဆင်းပါ၊ လယ်သမားကြီးများ ဆီရောက်အောင်သွားပါ၊ ဒါမှမဟုတ် တစ်နေရာမှာ စုစုပြီးတော့ တွေ့ဆုံဆွေးနွေးပွဲ လေးတွေလုပ်ပါ”ဟုဆက်လက် ပြောကြားခဲ့သည်။

တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများမှ ထုတ်ပြန်သည့်သတင်းအချက်အ လက်များနှင့်ပတ်သက်ပြီး ရ အောင်ယူရန် လိုအပ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment