Sunday, June 30, 2019

ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ အခြားမြို့နယ်နှင့် ပေါင်းရန်မရှိသေးကြောင်း ဦးဖြိုးမင်းသိန်းပြော လှိုင်သာယာမြို့နယ်ကို အပြောင်းအလဲ ပြုလုပ်ရန် စဉ်းစားနေဟုဆို

ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ အခြားမြို့နယ်နှင့် ပေါင်းစပ်ရန် သုံးသပ်ဆွေးနွေး ထားခြင်းမရှိကြောင်း ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်မြို့နယ်တစ်ခု ဖြစ်သည့်ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ အခြားမြို့နယ်အ တွင်း ထည့်သွင်းရန်ရှိကြောင်း သတင်းထွက်ပေါ်နေခြင်းကို ၀န် ကြီးချုပ်က ငြင်းဆိုခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအနေဖြင့် ဆိပ်ကမ်းမြို့နယ်နှင့် ပတ်သက်၍ ဆွေးနွေးထားခြင်း မရှိသော်လည်း လှိုင်သာယာမြို့ နယ်ကို အပြောင်းအလဲပြုလုပ်ရန် စဉ်းစားနေသည်ဟု ဦးဖြိုးမင်း သိန်းက ဇွန်လ ၂၉ ရက်တွင် ပြု လုပ်သည့်သတင်းစာရှင်းလင်းပွဲ တွင် 7Day Daily သတင်းစာ၏ မေးမြန်းချက်ကို ဖြေကြားသည်။



‘‘ကျွန်တော်တို့အတွက် အ ခက်အခဲဖြစ်နေတာက လှိုင်သာ ယာမြို့နယ်ဖြစ်ပါတယ်။ လှိုင်သာ ယာမြို့နယ်က သိပ်ကြီးနေပါ တယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြော ကြားသည်။

လှိုင်သာယာမြို့နယ်သည် ကြီးမားပြီး လူဦးရေများပြားသော် လည်း  မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးကသာ စီမံအုပ်ချုပ်နေရ ခြင်း၊ မြို့နယ်တစ်ခုစာသာဘတ် ဂျက်ရရှိခြင်း၊ မြို့နယ်တစ်ခုစာ သာ စာသင်ကျောင်းဖွင့်လှစ်ခွင့်ရ ခြင်းစသည့် မနိုင်ဝန်ထမ်းနေရ သည့် အခြေအနေတွင်ရှိနေသည် ဟု ၎င်းက ဆိုသည်။

‘‘ဆိပ်ကမ်းနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့မသုံးသပ်ရ သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လှိုင်သာယာကို ပိုကောင်းအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတဲ့အ ပေါ်ကနေ ရန်ကုန်တိုင်းတစ်တိုင်း လုံးရဲ့အခြေအနေအပေါ်မှာ ပြန် လည်သုံးသပ်ပြီးဆောင်ရွက်ဖို့ တော့ ကျွန်တော်တို့အစီအစဉ်ရှိ ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ သို့သော် လက်ရှိအချိန်ထိ မည်ကဲ့သို့ပြောင်းလဲဆောင်ရွက် မည်ကို ဆုံးဖြတ်ထားရခြင်းမရှိ သေးကြောင်း၊ အကောင်အထည်ဖော်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်အထိ တင်ပြရမည့်ကိစ္စဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

No comments:

Post a Comment