Sunday, June 30, 2019

ခြောက်လအတွင်း အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှုကြောင့် လူ ၅၀ဦး သေဆုံး

 ယခုနှစ် ဇန်န၀ါရီမှ ဇွန်လအထိ အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှု ၂၅၈ မှု ဖြစ် ပွားပြီး သေဆုံးသူ ၅၀ ဦးရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။ေ သဆုံးမှုနှုန်း   အများဆုံး သည် နွေရာဦကျောင်းပိတ်ရက် ခရီး သွားကာလ မတ်လနှင့် ဧပြီ တွင် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၂၆၆ ဦး ရှိခဲ့သည်။ အဆိုပါ နှစ်လအတွင်း ဖြစ်ပွားနှုန်းသည် ယခုနှစ်ခြောက်လအတွင်း ဒဏ်ရာရရှိသူ ၄၇၂ဦးနှင့်သေဆုံးသူ ၅၀ ဦးနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် ရှိနေသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်များ တွင် အိမ်စီးကား အများစုဖြစ်ပြီး အရှိန်လွန်မောင်းနှင်ခြင်း အပါအ၀င် မောင်းနှင်ချိန် အိပ်ငိုက်ခြင်း ကြောင့်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က ဆိုသည်။



ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ကြောင့် နှစ်စဉ်သေဆုံးသူ ၁၀၀ ကျော်ရှိပြီး ၂၀၁၈ အတွင်းဖြစ်ပွားသည့် ယာဉ်မတော်တဆမှု ၄၇၃ မှုတွင် သေဆုံးသူ ၁၀၃ ဦး နှင့် ၈၇၇ ဦးဒဏ်ရာရရှိခဲ့သည်။

၂၀၁၇ တွင် ယာဉ်တိုက်မှု ၅၅၅ မှုကြောင့် သေဆုံးသူ ၁၁၆ ဦး၊ ဒဏ်ရာရရှိသူ ၈၆၃ ဦးရှိကြောင်း၊၂၀၁၆ တွင် ၇၇၄ မှုဖြစ် ပွားကာ သေဆုံးသူ ၁၇၀ ဦးနှင့်ဒဏ်ရာရရှိသူ ၁,၃၀၀ ကျော်ရှိ ကြောင်း ထုတ်ပြန်သည်။

ယခုနှစ် ဇန်န၀ါရီမှ မေလ အထိ အမြန်လမ်းတွင် သတ်မှတ်ကီလိုမီတာထက် ပိုမောင်းသည့် ယာဉ်အစီးရေ ၂,၀၀၀  ကျော်ကိုအရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။   အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ နှစ်စဉ်ယာဉ်တိုက် မှုနှုန်း၊ သေဆုံးသူနှင့် ဒဏ်ရရှိသူဦးရေ လျော့နည်းလာ ကြောင်း တွေ့ရသည်။

အရှိန်လွန် မောင်းနှင်မှုနှင့် ထိုင်ခုံခါးပတ် မပတ်ပါက ဖမ်းဆီးအရေးယူမှု ပြုလုပ်ပြီးနောက်ပိုင်း ယာဉ်တိုက်မှုများ လျော့ကျလာ ကြောင်း ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။ ရန်ကုန်-မန္တလေးအမြန် လမ်းတွင် နေ့စဉ်ယာဉ်အစီးရေ ၂၀,၀၀၀ ခန့်ဖြတ်သန်းနေပြီး အမြန်လမ်း၌ ဖြတ်သန်းသွားလာ နေသော ယာဉ်များလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ၁၀ မိုင်နှုန်းလျှင် ရဲတပ်ဖွဲ့ စစ်ဆေးရေးစခန်း တစ်ခုစီနှင့် ရဲကင်းများထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရုံးက ထုတ်ပြန်သည်။

No comments:

Post a Comment