Sunday, June 30, 2019

ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချသည့် တဲများကို ဖျက်ဆီး

Image may contain: 1 person, outdoorကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်မှော်ကျေးရွာအနီးမှာ မူးယစ်ဆေးဝါးရောင်းချနေဆိုတဲ့ သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံတပ်မတော်သားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ ဇွန် ၂၉ ရက်မနက်ပိုင်းက မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးနေတဲ့ ယာယီတဲတွေကို သွားရောက် ရှင်းလင်းခဲ့တယ်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းအောင်က ပြောပါတယ်။


အဲဒီလို သွားရောက်ရှင်းလင်းရာ မှာ ယာယီမိုးကာရွက်ဖျင် (၇) လုံးကို တွေ့ရှိခဲပြီး မူးယစ်ဆေးဝါးတွေကို တော့ ရှာဖွေတွေ့ရှိခဲ့တာ မရှိဘူးလို့ ပြောပါတယ်။ အဲ့ဒီတဲတွေကိုတော့ မူးယစ်ဆေးဝါးတွေ ဆက်လက်ရောင်းချလို့ မရအောင် ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ရှင်းလင်းဆောင်ရွက်တာကို အရင်က နေရာအချို့မှာ ပြုလုပ်ခဲ့ဖူးပြီး အခု ရှင်းလင်းမှုကိုတော့ တပ်မတော်ရဲ့ အကူအညီကို ရယူခဲ့တယ်လို့လည်း ရဲမှူး သန်းဝင်းအောင်က ပြောကြားပါတယ်။

No comments:

Post a Comment