Sunday, June 30, 2019

ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ဇူလိုင် ၂၇ နှင့် ၂၈ ရက်တွင် လူတွေ့စစ်ဆေးမည်

ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ဘာသာရပ်အ လိုက် သတ်မှတ်ရမှတ် ပြည့်မှသာ ၀င်ခွင့်လျှောက်ထားခွင့်ပြုပြီး လျှောက်ထားသူများကို ဇူလိုင် ၂၇ နှင့် ၂၈ ရက်တွင် လူတွေ့စစ် ဆေးမည်ဟု ကြေညာထားသည်။ ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်၁၄ ခုက တိုက်ရိုက်ဝင်ခွင့် ရွေးချယ်မည် ဖြစ်သည်။ ယခင်နှစ်က တိုက်ရိုက်ဝင်ခွင့်ရွေးချယ်သည့် တက္ကသိုလ် ၁၁ ခုအနက် ခြောက် ခုက လူတွေ့နှုတ်ဖြေ စစ်ဆေး သော်လည်း ယခုနှစ်၌ ရန်ကုန်တက္ကသိုလ် တစ်ခုတည်းသာ လူတွေ့နှုတ်ဖြေ ထပ်မံစစ်ဆေးမည် ဖြစ်သည်။


‘‘ဦးစားပေးလျှောက်တဲ့ ဘာသာရပ်မှာ ၀င်ခွင့်နှုတ်ဖြေ ဖြေရမှာ။ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်ရယ်၊ နှုတ်ဖြေ ဖြေထားတာ ရယ်ပေါ် မူတည်ပြီး ၀င်ခွင့်ရွေးချယ်မှာပါ’’ဟု ရန်ကုန်တက္ကသိုလ် မှ ပါမောက္ခ (ဌာနမှူး) တစ်ဦးက ဆိုသည်။

ရန်ကုန်တက္ကသိုလ်၌ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ဘွဲ့ကြိုအထူးပြုဘာသာရပ် ၂၆ ခု ဖွင့်လှစ်မည်ဖြစ်ပြီး ဘာသာရပ်အလိုက် သတ်မှတ်ထားသည့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နှင့် ကိုက်ညီ ပါက ဦးစားပေးဘာသာ ရပ်သုံးခုအထိ လျှောက်ထားခွင့်ပြုထား သည်။

ဘာသာရပ်အလိုက် ၀င်ခွင့်လျှောက်ထားနိုင်သည့် အခြေခံသတ်မှတ်အမှတ်များတွင် နိုင်ငံတကာ ဆက်ဆံရေးပညာက ရမှတ် ၄၇၀ ဖြင့် အမြင့်ဆုံးဖြစ်ပြီး အင်္ဂလိပ်စာနှင့် ကွန်ပျူတာသိပ္ပံ  ပညာရပ်များက ရမှတ် ၄၅၀ ဖြင့်ဒုတိယနေရာ၌ ရှိသည်။

ရန်ကုန်တက္ကသိုလ် ၀င်ခွင့်အခြေခံအမှတ် သတ်မှတ်ချက် များတွင် မြန်မာစာအထူးပြုဘာ သာရပ်တစ်ခုသာ ယခင်နှစ်ထက် စုစုပေါင်းရမှတ် ၁၀ မှတ်တိုးကာ အမှတ်မြှင့်ခေါ်ထားပြီး ကျန်အထူးပြုဘာသာရပ်များ အမှတ် အပြောင်းအလဲ မရှိပေ။

ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ကို တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ပါ သင်တန်းရွေးချယ် မှု ကတ်ပြားတွင် ဦးစားပေးရွေး ချယ်လိုသည့် အထူးပြုဘာသာရပ် သုံးခုထည့်ကာ လျှောက်ထားရမည်ဖြစ်ပြီး ၀င်ခွင့်လျှောက်လွှာ စာအိတ်ကို ဇွန်လ ၂၄ ရက်မှဇူလိုင် ၂၃ ရက်အထိ ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်သည်။

ဝင်ခွင့်နှုတ်ဖြေ ဖြေဆိုခွင့်ရရှိ သူ အမည်စာရင်းကို ဇူလိုင် ၂၅ ရက် (သို့မဟုတ်) ၂၆ ရက်တွင် ရန်ကုန်တက္ကသိုလ် ကြော်ငြာသင်ပုန်း၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ ရန်ကုန်တက္ကသိုလ် ၀က်ဘ်ဆိုက်(www.uy.edu.mm) တို့၌ ကြေညာမည် ဖြစ်သည်။

ဝင်ခွင့်လျှောက် ထားသူများ သည် လူတွေ့ဖြေဆိုရမည်ဖြစ်ပြီး လူတွေ့မဖြေဆိုပါက ၀င်ခွင့်လက်ခံစဉ်းစားမည် မဟုတ်ပေ။ ယခုပညာသင်နှစ်တွင် ရန်ကုန်တက္က သိုလ်၌ ကျောင်းသား၊ ကျောင်းသူ ၂၁,၃၀ ဦး လက်ခံရန်လျာထားပြီး ဒီဇင်ဘာ၌ ကျောင်းစတင်ဖွင့်မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ နောက်ပိုင်းကစတင်၍ ၀ိဇ္ဇာ၊ သိပ္ပံထူးချွန်သည့် ဘွဲ့ကြိုတန်းကျောင်းသားများအား ပြန်လည်သင်ကြားနေသည်။ ၀င်ခွင့်ရရှိသူများအနက် သတ်မှတ်ရမှတ် များ ကျော်လွန်ပြီး ၀င်ခွင့်ရသူ များကို တစ်လလျှင် ကျပ်တစ်သိန်း ဖြင့် တစ်နှစ်လျှင် ၁၀ လ ၀ိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုများ ချီးမြှင့်သည်။

No comments:

Post a Comment