Sunday, June 30, 2019

ပြည်တွင်းလုပ်ငန်းရှင်များ နိုင်ငံခြားထွက်၍ ရင်းနှီးမြှုပ်နှံရန် ဒုတိယသမ္မတ တိုက်တွန်း

 ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို နိုင်ငံခြားသို့ ထွက်ပြီး ရင်းနှီးမြှုပ်နှံရန် ဒုတိယ သမ္မတဦးမြင့်ဆွေက  ဇွန်လ ၂၉ ရက်တွင် တိုက်တွန်းပြောကြား သည်။ အခြားနိုင်ငံများက မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ သကဲ့သို့ ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များကလည်း မြန်မာနိုင်ငံ တွင်သာမက အခြားနိုင်ငံများ၌ပါ သွားရောက်ရင်းနှီးမြှုပ်နှံမှုများ ပြု လုပ်ရန် ဒုတိယသမ္မတက ပြော သည်။



နိုင်ငံခြားတိုင်းပြည်များတွင်  ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် သတင်းအချက်အလက်များ ရယူ လိုပါက ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

ထို့အပြင် အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ဘယ်လ်ဂျီယံ၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနှင့် စင်ကာပူ ကိုး နိုင်ငံတွင် စီးပွားရေးသံမှူးများ ခန့် အပ်ထားသည်ဟု ပြောသည်။

‘‘လုပ်ငန်းရှင်တွေအနေနဲ့ စီး ပွားရေးသံမှူးတွေနဲ့ ချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ပါ တယ်’’ ဟု ဇွန်လ ၂၉ ရက် ဒုတိယ သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံပွဲတွင် ဦးမြင့်ဆွေက ပြောသည်။

ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များ နိုင်ငံခြားသို့ထွက်ပြီး ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းရာတွင် ဗီယက်နမ်နိုင်ငံကို ဥပမာပေးပြီး ဒုတိယ သမ္မတက ရှင်းပြသည်။ ထို့အပြင် နိုင်ငံခြားတိုင်းပြည်များ တွင် ကုန်စည်ပြပွဲများ၊ စီးပွားရေး ဆိုင်ရာပြပွဲများ တိုးမြှင့်ပြုလုပ်ရန် ပြောကြားသည်။

‘‘တချို့ ကုမ္ပဏီတွေက သွား တာရှိတယ်။ ဒါပေမဲ့ အများစုက တော့ မသွားနိုင်သေးဘူး’’ ဟု ငွေ လဲလုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ် ငန်းများအပါအဝင် စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်နေသူ ဒေါက်တာစိုးထွန်းက ပြောသည်။

လက်ရှိပြည်တွင်းကုမ္ပဏီ များက နိုင်ငံခြားကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်း၊ ဖက်စပ် လုပ်ကိုင်ခြင်းများ ကျယ်ပြန့်လာ နေပြီး ပြည်ပသို့ထွက်၍ ရင်းနှီး မြှုပ်နှံမှုများ ရှိလာနိုင်မည်ဟု ၎င်း ကဆိုသည်။

နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံပါ က သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းစည်း မျဉ်းများ သိရှိရန်နှင့် ငွေကြေးအ ရင်းအနှီးက အဓိကလိုအပ်ချက် ဖြစ်ကြောင်း ၎င်းကဆိုသည်။   လက်ရှိ မြန်မာနိုင်ငံမှ ကုမ္ပဏီအချို့က ပြည်ပနိုင်ငံများ တွင် သွားရောက်ရင်းနှီးမြှုပ်နှံမှု များရှိပြီး လာအိုနိုင်ငံ၏ ဘိလပ် မြေစက်ရုံ တည်ဆောက်ခြင်းလုပ် ငန်းများကို လုပ်ကိုင်မှုများရှိနေ သည်ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

No comments:

Post a Comment